အခက်အခဲနှင့် ဘဝ

  • အခက်အခဲဆိုတာ ဘ၀ရဲ့သဘာဝတွေပါပဲ။
  • ဘာအခက်အခဲမှမရှိတဲ့ ဘ၀ကိုနေရတဲ့သူဟာ ဘာရင့်ကျက်မှုမှ မရှိနိုင်ဘူး။
  • အားလုံးသဘောထားကြီးကြီးနဲ့ စိတ်ထားကောင်းကောင်းနဲ့ ဆက်ဆံရင် အခက်အခဲတွေ ပိုပြီးတော့ အဆင်ပြေသွားမယ်။ ပိုပြီးတော့ ပြေလည်သွားမယ်။
  • ပြဿနာကို နားမလည်နိုင်ရင် မဖြေရှင်းနိုင်ရင် ပြဿနာကို ပိုကြောက်တယ်။
  • ပြဿနာကို နားလည်လာရင် ပြဿနာကို မကြောက်တော့ဘူး။ အခက်အခဲတွေကို နားလည်ပြီး ဖြေရှင်းလို့ အရည်အချင်းတိုးလာတာ ကိုယ့်ကိုယ်ကိုယုံကြည်မှုတိုးလာတာကို ခံစားရတော့ ကိုယ့်ကိုယ်ကို ယုံကြည်မှုတိုးလာအောင်ပဲ လုပ်ချင်နေတယ်။
  • ဒါပေမယ့် ကိုယ်နိုင်သလောက် အခက်အခဲရှိမှကောင်းတယ်။ ရုန်းကန်နေမှ ကောင်းတယ်။ အခက်အခဲတွေဟာ အကျိုးရှိပါတယ်။
  • တချို့လူတွေဟာ အခက်အခဲမရှိတဲ့ဘ၀ကို တောင်းတကြတယ်။
  • အခက်အခဲမရှိတဲ့ဘ၀မှာ လုပ်စရာမရှိဘူး။
  • ဉာဏ်လည်းမထုတ်ရတော့ဘူး။
  • ၀ိရိယလည်း မထုတ်ရတော့ဘူး။
  • သည်းခံရတယ်ဆိုတာလည်း မရှိတော့ဘူး။
  • သဘောထားကြီးရတယ်ဆိုတာလည်း မရှိတော့ဘူး။
  • ပြဿနာတွေ အခက်အခဲတွေ ဒုက္ခတွေ ပညာရဖို့နဲ့ အသိဉာဏ်ကြီးဖို့ရာ အတွေ့အကြုံတွေပါ။
  • အခက်အခဲမရှိတဲ့ဘ၀မှာ သစ်ပင်တောတောင်မရှိတဲ့ လွင်တီးခေါင်ကြီးနဲ့တူတယ်။
  • အခက်အခဲမရှိတဲ့ဘ၀မှာ စိတ်ဓါတ်နဲ့ အသိဉာဏ် ရင့်ကျက်မှု မြင့်မြတ်မှု ဖြစ်လာဖို့ အခွင့်အရေးမရှိတဲ့ဘ၀ပဲ။
  • ဘ၀ဆိုတာ စာမေးပွဲအဆင့်ဆင့်ပဲ။ နေ့တိုင်းစာမေးပွဲ အစစ်ခံနေရတာနော်။
  • စာမေးပွဲတွေကို အစစ်ခံရပြီး အောင်မြင်သွားတဲ့အခါမှာ ပိုပြီးတော့ ဉာဏ်ကြီးတဲ့သူဖြစ်လာတယ်။ ကြီးပွားတဲ့သူဖြစ်လာတယ်။ အသိဉာဏ်ရော စိတ်ဓါတ်ရော ကြီးပွားလာတယ်။
  • ဒုက္ခနဲ့မကြုံဘဲနဲ့ ကိုယ်ဆင်းရဲမှု မကြုံဘဲနဲ့ ဘ၀ခရီးကိုဖြတ်သန်းသွားလို့ မရပါဘူး။

ဆရာတော် ဦးဇောတိက – အခွင့်အရေးနှင့် တာဝန် စာအုပ်မှ ကူးယူဖော်ပြပါသည်။

This entry was posted in ဆုံးမသြ၀ါဒများ. Bookmark the permalink.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s