အကြောင်းရင်းက စိတ်တွင်းမှာ

  • တရားအားထုတ်ခြင်းအားဖြင့် စိတ်တည်ငြိမ်မှု အေးချမ်းမှု ရင့်ကျက်မှု ရလာမယ်။
  • ၀ိပဿနာဉာဏ်တွေ ရင့်ကျက်လာတဲ့အခါ ဒုက္ခနဲ့ကြုံတဲ့အခါ စိတ်ဆင်းရဲမှု သိပ်မဖြစ်တော့ဘူး။
  • ခန္ဓာကိုယ်ဆင်းရဲမှုတွေလည်းရှိမယ်။ ပတ်ဝန်းကျင်မှာလည်း အဆင်မပြေမှုတွေ ရှိမှာပဲနော်။
  • အဲလိုအဆင်မပြေမှုတွေရှိသော်လည်းပဲ စိတ်ထဲမှာ လွန်လွန်ကဲကဲ ပင်ပန်းမှု ဆင်းရဲမှု မဖြစ်အောင် နေတတ်ရင်ရတယ်။
  • ဒါ့ကြောင့် ဗုဒ္ဓက နကုလပိတာ “အာတုရ ကာယဿ မေ သတော၊ စိတ္တံ အ မေ နာတုရံ ဘ၀ိဿတ။” ကိုယ်မှာပင် နာကျင်နေသော်လည်း စိတ်မှာ မနာကျင်အောင် နေရမယ်။”

 

  • လောကဓံတရားနဲ့ကြုံတဲ့အခါ ကိုယ်စိတ်ဆင်းရဲသွားမယ်။ စိတ်ဆိုးသွားတယ်။ မုန်းသွားတယ်။
  • အဲ့ဒီအချိန်မှာ သတိရှိဖို့ လိုအပ်တယ်။ အဲ့ဒီအတွေ့အကြုံထဲက အသိဉာဏ်ကိုထုတ်ယူရမယ်။
  • အသိဉာဏ်ထုတ်ယူတဲ့အခါမှာ သူဘာကြောင့်မှားသွားတာလဲ ဆိုတာထက် ကိုယ်ဘာမှားသွားတာလဲဆိုတာ ပထမဦးဆုံး အရေးကြီးသိဖို့လိုပါတယ်။
  • ကိုယ်ဘာကြောင့် စိတ်ဆင်းရဲသွားတာလဲ။ ငါစိတ်ဆင်းရဲတဲံအကြောင်းဟာ ငါ့အတွင်းမှာ ရှိနေတယ်။ အဲ့ဒီလိုမြင်အောင် ကြည့်ရမယ်။
  • အဲ့ဒီလိုမြင်သွားရင် ကိုယ့်အတွက် အကျိုးများဆုံးပဲ။ နောက်မှ သူဘာမှားသွားလည်းဆိုတာကို ကြည့်ပါ။

 

  • တစ်ယောက်နဲ့တစ်ယောက် အဆင်မပြေမှုဆိုတာ ဖြစ်ရိုးထုံးစံပါ။
  • လူတစ်ယောက်နဲ့တစ်ယောက် အဆင်မပြေ ဖြစ်တိုင်း ဖြစ်တိုင်း ကိုယ့်လောကကြီးက နဲနဲကျဉ်းသွားတယ်။
  • လူတစ်ယောက်ကို ကိုယ့်လောကထဲက ထုတ်ပစ်လိုက်တိုင်း ပစ်လိုက်တိုင်း ကိုယ့်ဘ၀ဟာ ကြာလေ ကျဉ်းလေ ကျဉ်းလေ ဖြစ်သွားလိမ့်မယ်။

 

  • ကိုယ်လုပ်တဲ့အလုပ်ကို ပိုကောင်းအောင် လုပ်ချင်တယ်။
  • ပင်ပန်းတာလည်းသက်သာစေချင်တယ်ဆိုရင် စိတ်ကိုတည်ငြိမ်အောင် အေးချမ်းအောင် လေ့ကျင့်ပြီးတောင် အလုပ်လုပ်တိုင်းမှာ တခြားစိတ်ပင်ပန်းစရာမတွေးဘဲနဲ့  အလုပ်ကို အာရုံစူးစိုက်ပြီးလုပ်တဲ့ အကျင့်ကိုလုပ်ပါ။
  • ကိုယ့်လုပ်တဲ့ အလုပ်ကိုအကောင်းဆုံးစိတ်ထား အကောင်းဆုံးအရည်အချင်းနဲ့ လုပ်နိုင်အောင်၊ ကိုယ့်စိတ်ကို တည်ငြိမ်အောင် အေးချမ်းအောင် စိတ်ချမ်းသာနေအောင် သတိနဲ့နေတဲ့အလေ့အကျင့်ကို အချိန်မရွေး နေရာမရွေး လုပ်သင့်တယ်။
  • ရေရှည်မှာ ကိုယ်လုပ်တဲ့အလုပ်ဟာ ကိုယ့်ဘ၀ကို အဆုံးအဖြတ်ပေးပါတယ်။
  • အလုပ်လုပ်လို့ ပင်ပန်းတာထက် ဆက်ဆံရေး အဆင်မပြေလို့ စိတ်ပင်ပန်းတာ ပိုဆိုးတယ်။
This entry was posted in ဆုံးမသြ၀ါဒများ. Bookmark the permalink.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s