သဘောထားမှန်ပါစေ

  • လူဟာ အသိဉာဏ်ကို လိုလားတဲ့သတ္တ၀ါဖြစ်တယ်။
  • သူ့ဘ၀ဟာ ဘာအဓိပ္ပါယ်ရှိလဲဆိုတာ သိချင်တယ်။
  • လူဟာ သိချင်တတ်ချင်စိတ် ရှိတယ်။ လုပ်ချင်ကိုင်ချင်စိတ်လည်းရှိတယ်။
  • အဲ့ဒီ သိချင်တတ်ချင်စိတ် လုပ်ချင်ကိုင်ချင်စိတ် မပျောက်ကင်းအောင် ထိန်းသိမ်းဖို့ပဲလိုတယ်။

 

  • အမှန်ကိုပြောရမယ့်တာဝန် ရှိတယ် ဘယ်လိုအမှန်တရားဖြစ်ဖြစ် ဘယ်သူကပြောပြော ဘာအကြောင်းအရာနဲ့ ပတ်သက်တာပြောပြော အမှန်တရားမှန်သမျှ တန်ဘိုးရှိတယ်။
  • အမှန်တရားကို တန်ဘိုးထားရမယ်။
  • လောကမှာ အမှားတစ်ခုကို အမှားလို့သိပြီး အသိအမြင်အမှန်ကို တွေ့ပြီးတော့ ပြောင်းလဲသွားတာဟာ လူသားတစ်ရပ်လုံးရဲ့တိုးတက်မှုပါပဲ။
  • အမှန်ဘက်ကိုရောက်တိုင်း ရောက်တိုင်း လူဟာ အသိဉာဏ်ကြောင့် လွတ်လပ်မှုတစ်မျိုး ရသွားတယ်။ ဒုက္ခသက်သာသွားတယ်။

 

  • တစ်ဦးပြောတာကို တစ်ဦးက အေးအေးဆေးဆေး နားထောင်တယ်။ လေးလေးစားစား နားထောင်တယ်။
  • တစ်ယောက်ကို တစ်ယောက် ငါသိတာ အမှန်၊ မင်းသိတာ အမှား လို့ မပြောဘူး။
  • ငါတင်တာလည်း တင်ပြမယ်။ မင်းသိတာလည်း တင်ပြ တို့ချင်းဆွေးနွေးမယ်။ တဖြည်းဖြည်း တို့အမြင်ချင်း ဖလှယ်လိုက်တဲ့အခါကျမှ ပိုပြီးတော့မှန်တဲ့ဘက်ကို နီးသွားမယ်။

 

  • အမှန်ကိုတကယ်လိုလားတဲ့သူဟာ သဘောထားအင်မတန်ကြီးရမယ်။
  • ပုဂ္ဂိုလ်စွဲ၊ ၀ါဒစွဲ၊ ဂိုဏ်းစွဲ မရှိရဘူး။ ဘယ်ဝါဒပဲဖြစ်ဖြစ်၊ ဘယ်အုပ်စုပဲဖြစ်ဖြစ် အဲဒါကို သဘောထားကြီးကြီးနဲ့ မျှမျှတတ ထားရတယ်။

 

  • အမှန်တရားကို သိဖို့ရာမှာ အကြီးအမားဆုံး အတားအဆီးက သဘောထားမှားနေလို့ပါ။
  • အမှန်တရားကို တန်ဘိုးထားတဲ့သူဟာ ကိုယ့်အမှားကို ပြင်ဖို့ ၀န်မလေးဘူး။ အယူအဆမှန်ရင် တန်ဘိုးထားတယ်။ လက်ခံတယ်။ သူများအယူအဆမှားနေရင်လည်း စိတ်ရှည်ရှည်နဲ့ရှင်းပြမယ်။
  • ကိုယ်လည်း မှားတဲ့အခါရှိတယ်ဆိုတာကို မမေ့ဘူး။ ကိုယ့်အယူအဆကို သူများက လက်မခံရင်လည်း ဒေါသဖြစ်စရာမလိုပါဘူး။ သဘောထားကြီးကြီးထားရမယ်။

 

  • အမှန်တရားကို သိဖို့ဆိုရာမှာ တစ်စုံတစ်ယောက်က ကိုယ့်ကိုအတင်းအကျပ် စေခိုင်းလို့မရဘူး။
  • ဆရာကလည်း လွတ်လပ်စိတ်နဲ့ပြောမှရတယ်။ တပည့်ကလည်း ပုဂ္ဂိုလ်စွဲမထားတဲ့စိတ်၊ လွတ်လပ်စိတ်၊ အမှန်တရားကိုသိချင်တဲ့စိတ် ရှိဖို့လိုအပ်တယ်။
  • အင်မတန်သဘောထားမှန်ဖို့ အရေးကြီးတယ်ဆိုတာကို သဘောပေါက်ဖို့လိုတယ်။ ဒီသဘောထားကို နေရာတိုင်းထားဖို့လိုတယ်။

 

  • လူလူချင်း အားလုံးကို လေးလေးစားစား ဆက်ဆံရမယ်။ ခွဲခြားမှု ဘာမှမရှိသင့်ဘူး။
  • ငါက လူကြီးမို့လို့ ငါ့စကားနားထောင်၊ မှားရင်လည်းကိစ္စမရှိဘူး။ ပြန်မပြောနဲ့။
  • အဲဒီသဘောထားမျိုးက အမှန်ကို မသိနိုင်အောင် တားဆီးတဲ့သဘောထား ဖြစ်တယ်။

 

  • ဘယ်သူပြောတာပဲဖြစ်ဖြစ် နားထောင်ပါ။ ကိုယ့်ဉာဏ်နဲ့ ကိုယ်ချင့်ချိန်ပါ။ လက်တွေ့စမ်းကြည့်ပါ။ စမ်းကြည့်ပြီး လွတ်လွတ်လပ်လပ်ကြီး လုပ်သွားပါ။

 

  • ပြောတဲ့အတိုင်း မှတ်သားပြီး လုပ်တဲ့သူဟာ ကိုယ်ပိုင်ဉာဏ်နဲ့ ဆင်ခြင်သုံးသပ်မှု မပါတော့ဘူး။ အဲဒါဆို တကယ်သိမှာ မဟုတ်တော့ဘူး။

 

  • ပြောတဲ့အတိုင်း လုပ်တဲ့သူဟာ ပြောမယ့်သူမရှိရင် မလုပ်တတ်တော့ဘူး။ ပြောမယ့်သူမရှိရင် မလုပ်တတ်တဲ့သူဟာ မတိုးတက်ဘူး။ မပြောရင် လုပ်ဖို့ မလိုဘူးလို့လည်း တွေးတတ်တယ်။
This entry was posted in ဆုံးမသြ၀ါဒများ. Bookmark the permalink.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s