ဇမ္ဗုပတိချွတ်ခန်းပုံတော်

တစ်နေ့တွင် အတွေးအခေါ်ရှိသော ဒကာလေးတစ်ယောက်က မေးခွန်းတစ်ခု မေးလာ၏။

“ဆရာတော် – မြတ်စွာဘုရားဟာ ရတနာမျိုးစုံ စီခြယ်ထားတဲ့ မင်းဝတတ်တန်ဆာ မကိုဋ် စလွယ်တွေကို ၀တ်ဆင်လေ့ရှိပါသလား ဘုရား။”

“ဟ . . . ဘုရားပါဆိုမှ ဒီမကိုဋ် စလွယ်တွေကို ၀တ်ပါ့မလား။ ဘာလဲ မင်းက ဇမ္ဗုပတိချွတ်ခန်းပုံတော်ကို ကြည့်ပြီး လာမေးတာထင်တယ်။”

“ဟုတ်ပါတယ် ဘုရား။ တပည့်တော်လည်း ဘာသာရေးစာပေတွေ ဖတ်ပါတယ်။ မြတ်စွာဘုရား မင်းမြောက်တန်ဆာ ၀တ်တယ်ဆိုတာ တစ်နေရာမှ မတွေ့ဖူးဘူး ဘုရား။ ဒီလိုမရှိဘဲနဲ့ ဇမ္ဗုပတိချွတ်ခန်း ဆိုတဲ့ ပုံတော်က ဘယ်လိုလုပ်ပြီး မြန်မာပြည်ကို ရောက်လာတာလဲ ဘုရား။ ဒီမင်းမြောက်တန်ဆာတွေကို အကြောင်းပြုပြီး တပည့်တော်ကို ဘာသာခြားသူငယ်ချင်းတစ်ယောက်က ခနဲ့တဲ့တဲ့ မေးခွန်းတစ်ခု မေးဖူးတယ် ဘုရား။”

“ဘယ်လိုမေးတာလဲ.”

“မင်းတို့ ဘုရားဟာ ပုထုဇဉ်လူသားတွေလိုပဲ အလှအပ ကြိုက်သလားတဲ့။ တပည့်တော်လည်း ခပ်သွက်သွက် ဖြေလိုက်တာပေါ့။ ကိလေသာအားလုံးကုန်ခန်းပြီး ဖြစ်တဲ့ဘုရားပဲကွ . အလှအပ ဘယ်မှာကြိုက်ပါ့မလဲ။ ဒီတော့မှ သူကဆက်မေးတယ်. ဒါဆိုရင်မင်းမြောက်တန်ဆာဝတ်ဆင်ထားတဲ့ ပုံကြီးက ဘာလို့ရှိနေတာလဲကွ။ တပည့်တော် တော်တော်အဖြေရကျပ်သွားတယ် ဘုရား”

“မင်းက ဒီနေရာမှ ဘယ်အဖြေကို အဓိက သိချင်တာလဲ။”

“ဇမ္ဗုပတိချွတ်ခန်းဆိုတာ ဘုရားဟော ရှိ မရှိ သိချင်တာပါပဲ ဘုရား။”

“ဘုရားဟော မရှိပါဘူး။ တချို့ကတော့ ယိုးဒယားဘုန်းကြီးတစ်ပါးရဲ့ ဇင်းမယ်ပဏာသကို ငါ ဖတ်ကြည့်တာတော့ ဇမ္ဗုပတိချွတ်ခန်း မတွေ့ရဘူး။ ဇင်းမယ်ပဏာသကလည်း မူဘယ်နှစ်မျိုးကွဲနေတယ် မသိဘူး။ တချို့ကလည်း တစ်မျိုး ဆိုပြန်တယ်။”

“ဘယ်လို ဆိုကြသလဲ ဘုရား။”

“တချို့ဘုရားမပွင့်တဲ့ကျွန်းတွေကို ဗုဒ္ဓကြွတော်မူပြီး တရားဟောတဲ့အခါ အဲဒီကျွန်းသူကျွန်းသားတွေဟာ ဘုရားရှင်ကို သူတို့ရှင်ဘုရင်ကြီးအသွင်ပဲ မြင်ကြတယ်လို့ ပိဋကတ်တော်မှာ ဗုဒ္ဓ ဟောကြားချက် ရှိတယ်။ ဒီဟောကြားချက်ကို အကျကောက်ပြီး စောစောက ပုံမျိုး ထုကြတယ်လို့ ဆိုပြန်တယ်။”

“ဒါလည်း လုံလောက်တဲ့ အထောက်အထား မဟုတ်ပါဘူး။ ဘုရားက မင်းမြှောက်တန်ဆာတွေ တကယ်ဝတ်တာမှ မဟုတ်ဘဲ. ကျွန်းသူကျွန်းသားတွေ ပုဂ္ဂိုလ်ခင်မှ တရားမင် ဆိုတာမျိုးဖြစ်အောင် သူတို့မျက်စိထဲမှာ သူတို့ ရှင်ဘုရင် အသွင် မြင်ပါစေလို့ အဓိဋ္ဌာန်တာပဲ ရှိတာပါ။

“တချို့က မင်းမြောက်တန်ဆာအ၀တ်နဲ့ ပူဇော်ရတော် ဗုဒ္ဓရဲ့ဂုဏ်တွေ တက်သွားမယ် ထင်နေကြတာ ဘုရား။ ဘာဖြစ်လို့လဲဆိုတော့ (၃၁) ဘုံမှာ အတုမရှိတဲ့ ဘုရားရှင်ကို ဘာမဟုတ်တဲ့ ရှင်ဘုရင် အဖြစ်နဲ့ နှိုင်းတာဟာ ဗုဒ္ဓရဲ့ဂုဏ်တွေ ဘယ်မှာလာတက်တော့မလဲ။ တကယ်တော့ အဲဒီရှင်ဘုရင် အဖြစ်ကို စက်ဆုပ်လို့ စွန့်ပစ်ခဲ့ပြီး ဘုရားဖြစ်အောင် ကျင့်ခဲ့တာ မဟုတ်လား ဘုရား။”

“ဟုတ်တာပေါ့။ တို့သင်ခဲ့ရတဲ့ အလင်္ကာကျမ်းထဲက ဒေါသသင့်တဲ့အဖွဲ့တစ်ခုလိုပေါ့။ နေမင်းကြီးရဲ့အရောင်ဟာ ပိုးစုန်းကြူးရဲ့ အရောင်လို ထွန်းလင်းတောက်ပတယ် လို့ ဖွဲ့ဆိုလိုက်တော့  နေမင်းကြီးမှာ ဂုဏ်မတက်တဲ့အပြင် ရှိတဲ့ ဂုဏ်တောင် ပျက်သွားရသလိုပေါ့”

“ဘုရားရှင်က ရဟန်းတော်တွေအတွက် ၀ိနည်းသိက္ခာပုဒ်တွေ ပညတ်တော်မူရာမှ မကြာခဏဟောကြားလေ့ရှိတဲ့ စကားနှစ်ခွန်း ရှိတယ်။”

“မကြည်ညိုသူများ ကြည်ညိုလာစေရန်၊

ကြည်ညိုသူများ တိုး၍ ကြည်ညိုလာစေရန်။”

“အခုကိစ္စမှာလည်း မင်းမြောက်တန်ဆာတွေဝတ်တဲ့ ရုပ်ပွားတွေ ထုလုပ်ကိုးကွယ်ခြင်းအားဖြင့် မကြည်ညိုသေးသူတွေ ကြည်ညိုလာစေရန် အကြောင်းမရှိဘူး။ မင်းကို ခနဲ့တဲ့တဲ့ လာမေးတဲ့ ဘာသာခြားလူငယ်က သက်သေခံနေတာပဲ။ နောက်တစ်ခါ ကည်ညိုပြီးတဲ့သူတွေ တိုးပြီးကြည်ညိုလာစရာလည်း အကြောင်း မရှိဘူး။”

“အခု ဗုဒ္ဓဘာသာဖြစ်တဲ့ မင်းကိုယ်တိုင် ငါ့ဆီမှာလာပြီး ဝေဖန်ဆန်းစစ်နေပြီ မဟုတ်လား။ ဒီအချက်တွေကို ထောက်ပြီး မင်းမြောက်တန်ဆာဝတ်တဲ့ ဇမ္ဗုပတိချွတ်ခန်းရုပ်ပွားတွေကို မထုလုပ်တာဘဲ ဆုံးဖြတ်ကြပါစို့ကွာ။”

အညွှန်း – အရှင်ဇ၀န (မေတ္တာရှင်-ရွှေပြည်သာ) ရေးသားတော်မူသော “ထေရ၀ါဒ မှတ်ကျောက်” စာအုပ်။

This entry was posted in ထေရ၀ါဒ မှတ်ကျောက်. Bookmark the permalink.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s