မြေစောင့်နတ်သား ပြဿနာ

“မြေစောင့်နတ်သား ပြဿနာ”

အောင်ခြင်းရှစ်ပါးပါ မာရ်နတ်ကို အောင်မြင်ခန်း ပန်းချီကားများတွင် မြေစောင့်နတ်က ဆံမှရေများကို ညှစ်ချလိုက်သဖြင့် မာရ်နတ်နှင့် သူ၏စစ်တပ်သည် ရေလှိုင်းများ နောက်သို့မျောပါသွားသည်ပုံကို အများဆုံးရေးဆွဲလေ့ရှိ၏။ ထိုပုံကား အမှား ပင် ဖြစ်၏။

အမှန်ကား – မာရ်နတ်နှင့်တကွ သူ၏စစ်တပ်ကြီး နှောင့်ယှက်သောအခါ ဘုရားရှင်သည် ငါပြုခဲ့သော ပါရမီကုသိုလ်များကို ဟောဒီ မဟာမထ၀ီမြေကြီးက သိပါသည် ဟု ပြောဆိုပြီး မြေကြီးကို လက်တော်ဖြင့် သုံးသပ်လိုက်၏။ ထိုအခါ မြေကြီးသည် မှန်ကန်ကြောင်း ထောက်ခံသည့်အလား တော်လဲသံကြီး မြည်ဟီးပြီး အိုးထိန်းစက်ပမာ သွက်သွက်ခါအောင်လှုပ်လေ၏။ ထိုအခါ မာရ်နတ်နှင့်တကွ သူ၏အသင်းအပင်းများသည် ကြောက်လန့်တကြား ထွက်ပြေးပျောက်ကွယ်သွားကြခြင်း ဖြစ်၏။

အမှန်ကို ပြန်ရောက်အောင် ပန်းချီဆရာများက ပြုပြင်ရေးဆွဲသင့်ပါ၏။

အညွှန်း – အရှင်ဇ၀န (မေတ္တာရှင်-ရွှေပြည်သာ) ရေးသားတော်မူသော “ထေရ၀ါဒ မှတ်ကျောက်” စာအုပ်။

This entry was posted in ထေရ၀ါဒ မှတ်ကျောက်. Bookmark the permalink.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s