နှစ်သစ် မင်္ဂလာ ၂၀၁၁

နှစ်ဟောင်းကုန်လို့ နှစ်သစ် ပူပြင်းလှသော တန်ခူးလရာသီအချိန်အခါသမျှတွင် သတ္တ၀ါဝေနေယျအားလုံး ဘေးရန်ကင်းကွာ၍ စိတ်၏ ချမ်းသာခြင်း၊ ကိုယ်၏ ကျန်းမာခြင်းများစွာနှင့် လောကအကျိုး လောကုတ္တရာအကျိုး ကို ဆောင်ရွက်နိုင်ပါစေ လို့ ဆုတောင်းမေတ္တာပို့သအပ်ပါသည်။

မေတ္တာရိပ် ထေရ၀ါဒ ဓမ္မဆိုဒ်ကို လာရောက် ကြည့်ရှု လေ့လာကြသော ဓမ္မမိတ်ဆွေများ၏ အကြံပေးချက်များကို ခေတ္တရပ်နားထားသည့်တိုင်အောင် ရရှိသည့်အတွက် အထူးကျေးဇူးတင်ရှိပါသည်။

ကျမ၏ မေတ္တာရိပ် ဓမ္မဆိုဒ်တွင် အဓိကအားဖြင့် အရှင်ဇ၀န (မေတ္တာရှင်-ရွှေပြည်သာ) ဆရာတော် ရေးသားတော်မူသော စာအုပ်များမှ ပြန်လည် စုပေါင်း၍ ခေါင်းစဉ် အမျိုးမျိုးဖြင့် ကောက်နှုတ်တင်ပြထားခဲ့ပါသည်။ အဘယ်ကြောင့်ဆိုသော် ဆရာတော်သည် ၀ိပဿနာ (၃)မျိုး – သမထယာနိကနည်း၊ ယုဂန္ဓနည်း၊ ၀ိပဿနာယာနိကနည်း (သုဒ္ဓ၀ိပဿနာနည်း) ထဲမှ မိမိနှင့် သင့်တော်ရာ နည်းဖြင့် နာကြားကျင့်ကြံအားထုတ်ရန် ညွှန်ကြားထားပါသည်။ ထိုသုံးမျိုးထဲမှ ဆရာတော်သည် သုဒ္ဓ၀ိပဿနာတရားတော်ကို အဓိက ဟောကြားသော ဓမ္မကထိကတစ်ပါး ဖြစ်ပါသည်။ ထို့အတွက်ကြောင့် သုဒ္ဓ၀ိပဿနာနည်းဖြင့် ၀ိပဿနာ ရှုပွားရန် သင့်တော်သူများနှင့် ထေရ၀ါဒ ဗုဒ္ဓသာသနာကို လေ့လာနေသူများကို သိရှိစေရန် ရည်ရွယ်ချက်ဖြင့် ဆရာတော်၏ တရားတော်များနှင့် စာအုပ်များကို အွန်လိုင်းမှတဆင့် ကူးယူတင်ပြထားခြင်း ဖြစ်ပါသည်။

အကယ်၍များ သုဒ္ဓ၀ိပဿနာအကြောင်းကို ပညတ် ပရမတ်ခွဲခြင်းက အစ အိမ်တွင် ဖြစ်စေ၊ အလုပ်တွေဖြစ်စေ စသည်ဖြင့် ၀ိပဿနာရှုပွားနိုင်ရန် အတွက်ပါ အသေးစိတ်ရေးသားတော်မူသော အရှင်ဇ၀န (မေတ္တာရှင်- ရွှေပြည်သာ) ၏  “သညာသိနှင့် ပညာသိ” စာအုပ် ကို ညွန်းပါတယ်ရှင်။

ယခုအခါတွင် ဆရာတော်၏ အသစ်ထွက်ရှိလာသော စာအုပ်များမှ ဗုဒ္ဓဘာသာဝင်အများစု မှားယွင်းစွာ စွဲယူထားသော ရှေးထုံးထမ်း အစဉ်အလာများ၊ စာပေကျန်းဂန်တွင် ပါဝင်ခြင်း မရှိခြင်းများ၊ စာပေကျမ်းဂန်နှင့် ဆန့်ကျင်ခြင်း ရှိခြင်းများ၊ သဘာဝယုတ္တိ၊ အာဂမယုတ္တိ ကင်းမဲ့သော အတွေးအခေါ် အယူအဆများကို ထေရ၀ါဒနည်းဖြင့် စစ်ဆေးရန်အတွက် “ထေရ၀ါဒမှတ်ကျောက်” စာအုပ် ထွက်ရှိလာခဲ့ပါသည်။

“ဗုဒ္ဓဘာသာခေါင်း ဆောင်းထားသော အရှင်ဒေ၀ဒတ်၏ တပည့်များ” စာအုပ်၊ “သင်လူတစ်ယောက် ဖြစ်ပြီလား”၊ “ကာယကံမေတ္တာနှင့် ဓမ္မအမေးအဖြေ လက်ကမ်း စာအုပ်၊ လူငယ်များအတွက် ဂမ္ဘီရ၀ိပဿနာ အတွဲ (၇) စာအုပ် များလည်း ထွက်ရှိလာခဲ့ပါသည်။

ကျမအနေဖြင့် အဓိကကျမည့် ခေါင်းစဉ်များကို ကောက်နှုတ်ရန်အတွက် စိတ်ကူးထားပါသည်။ (ထို့သို့ပြုခြင်းသည် မိမိသည် မိမိကိုယ်ကို ဆရာကြီးတစ်ယောက်အနေဖြင့် ပြောခြင်း မဟုတ်ပါ။ အချိန်သည် လူ၏တန်ဘိုး ဖြစ်ပါသည်။ လူတစ်ယောက်၏အချိန်ကို အဓိကအချက်ရခြင်းငှာ သင့်လျော်ခြင်းနှင့် တချို့နေရာတွင် Highligh လုပ်ခြင်းဖြင့် ပိုပြီး မြင်သာမယ်လို့ ထင်မိပါသည်။ ထို့အတွက်ကြောင် အနည်းကျဉ်းဖြင့် အထိရောက်ဆုံးဖြစ်မည့် အကြောင်းရင်းကိုသာ လိုရင်းရေးသားပြီး လိုအပ်ပါက အကျယ်တင်ပြပေးပါမည်) အကယ်၍များ အကျယ်နှင့် အပြည့်အစုံကို ဖတ်ချင်ပါက ခေါင်းစဉ်အကြောင်းအရာအဆုံးတွင် အညွန်းစာအုပ်များကို ညွှန်ထားပါသည်။

ကျမ လေ့လာခဲ့သော တခြားဆရာတော်များ၏ တရားတော်များကိုလည်း အလျဉ်းသင့်သလို တင်ပြပေးသွားပါမယ်။

အကယ်၍များ အမှားအယွင်းတစ်စုံတစ်ရာများ၊ အဓိပ္ပါယ်လွှဲမှုများ ပါရှိပါက ကျမရဲ့ မှားယွင်းမှုတွေသာ ဖြစ်ပါကြောင်းနှင့် လမ်းမှန်ရောက်စေခြင်းငှာ ကျမအား အချိန်မရွေး ပြုပြင်ဆုံးမနိုင်ပါရန် မေတ္တာရပ်ခံပါသည်။

This entry was posted in မေတ္တာရိပ်မှ နှုတ်ခွန်းစကား. Bookmark the permalink.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s