မလျှော့မတင်း စောင်းကြိုးညှင်း ပြဿနာ

“မလျှော့မတင်း စောင်းကြိုးညှင်း ပြဿနာ”

မြတ်စွာဘုရားသည် ဒုက္ကရစရိယာ အကျင့်မှားကြီးကို ခြောက်နှစ်ကျင့်ရာတွင် မသေရုံတမယ် အရိုးနှင့် အရေသာကျန်၏။ ဂေါတမမြတ်စွာဘုရား နုစဉ်ဘ၀ ဇောတိပါလပုဏ ဖြစ်စဉ်အခါက ကဿပမြတ်စွာဘုရားအား သူက ‘ခြောက်ရက် ဒုက္ကရစရိယာကျင့်ရင်၊ ငါက ခြောက်နှစ် ဒုက္ကရစရိယာ ကျင့်မယ်’ ဟူသော ၀စီကံဖြင့် ပြစ်မှားခဲ့ဖူးသော ၀ဋ်ကြွေးကို ပြန်လည်ပေးဆပ်ရခြင်း ဖြစ်၏။

ခြောက်နှစ်ပြည့်၍ ၀ဋ်ကြွေးကုန်သည်နှင့် အလယ်အလတ်ကျင့်စဉ် (မဇ္ဈိမပဋ်ပဒါလမ်း) ကို အလိုလိုထိုးထွင်းသိပြီး သဗ္ဗညုတဥာဏ်တော်ကို ရရှိသွား၏။ ဤသည်ကား ဘုရားဟော ကျမ်းဂန်လာအတိုင်း အတိအကျဖြစ်၏။

သို့သော် ယခုအခါ မည်သည့်ပန်းချီဆရာက ရမ်းသမ်းရေးဆွဲလိုက်သည် မသိ။ ဒုက္ကရစရိယာ ကျင့်နေသော မြတ်စွာဘုရားလောင်းရှေ့တွင် စောင်းကိုတီးခတ်ပြနေသော နတ်သားတစ်ယောက်ပုံ ပါလာ၏။ ထိုနတ်သားက စောင်းကြိုးများကို တအား လျှော့၍တီး၏။ အသံထွက်မလာ။ တစ်ဖန် စောင်းကြိုးကို တအားတင်း၍ တီးပြန်သော် ပြတ်ထွက်ကုန်၏။ စောင်းကြိုးကို အလယ်အလတ်ထားတီးမှ  သုတိသာယာသော စောင်းသံထွက်လာ၏။ ထိုအခါကျမှ ဘုရားလောင်းသည် မိမိအမှားကို သိမြင်ပြီး အလယ်အလတ် (မဇ္ဈိမပဋ်ပဒါ) လမ်းကို ပြန်လည်ကျင့်မှ ဘုရားဖြစ်သွားသည် ဟု ပန်းချီကားက ညွှန်ပြနေ၏။

သမ္မာသမ္ဗုဒ္ဓဂုဏ်တော်၏ အဓိပ္ပါယ်မှာ “သစ္စာလေးပါးကို ဆရာမရှိဘဲ ကိုယ်တော်တိုင် သိတော်မူခြင်း” ဟု အဓိပ္ပါယ် ရ၏။

ထို သမ္မာသမ္ဗုဒ္ဓဂုဏ်တော်ကြီး၏ မျက်နှာကို ထောက်ထားပြီး နတ်က စောင်းတီးပြမှ ဘုရားရှင်သည် အကျင့်မှန်ကို ရသွားသည် ဟူသော အယူအဆကြီးကို ဗုဒ္ဓဘာသာ သာသနာလောကမှ အမြန်ဖယ်ရှားပစ်ရမည် ဖြစ်၏။

အညွှန်း – အရှင်ဇ၀န (မေတ္တာရှင်-ရွှေပြည်သာ) ရေးသားတော်မူသော “ထေရ၀ါဒ မှတ်ကျောက်” စာအုပ်။

This entry was posted in ထေရ၀ါဒ မှတ်ကျောက်. Bookmark the permalink.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s