နှုတ်ဆက်ပါရစေ

မေတ္တာရိပ် ဓမ္မဆိုဒ်ကို လာကြသော ဓမ္မမိတ်ဆွေများကို ကျမ နှုတ်ဆက်ခဲ့ပါတယ်။

ကျမအနေနဲ့ တဖက်ကလည်း လောကီအလုပ်တွေကို မဖြစ်မနေလုပ်နေရတာက တကြောင်း၊ တဖက်ကလည်း တရားဓမ္မများကို ဆရာတော်များ၊ ဓမ္မကထိက လူပုဂ္ဂိုလ်များ နှင့် သာမာန်လူပုဂ္ဂိုလ်များရဲ့ ဟောကြားမှုတွေကို နာယူလေ့လာနေတာက တကြောင်း၊ ဒီဆိုဒ်ထဲမှာလည်း အန္ဓပုထုဇဉ်ကနေ ကလျာဏပုထုဇဉ်၊ ပရမတ္ထ ပုဂ္ဂိုလ်အဆင့်အထိ ကူးယူတင်ပြထားသည်က တကြောင်းကြောင့် မေတ္တာရိပ်ဆိုဒ်လေးကို လှည့်မကြည့်နိုင်ခဲ့တာ တော်တော်ကြာခဲ့ပါပြီ။

ဒီဆိုဒ်ထဲမှာ ၀ိပဿနာအလုပ်ပေးတရားကို ဆရာတော်များ၏ စာအုပ်များထဲမှ ကူးယူတင်ပေးခြင်းကို အဆုံးသတ်ထိ မရေးပေးနိုင်ခြင်းကို သည်းခံခွင့်လွှတ် နားလည်ပေးစေချင်ပါတယ်။

နောက်ဆုံးပို့စ်အနေနဲ့ တင်ပေးခဲ့ချင်တာက လက္ခဏာကြီး ၃ ရပ်ဖြစ်တဲ့ အနိစ္စ၊ ဒုက္ခ၊ အနိတ္တ ရဲ့ အဖုံး သုံးမျိုး နဲ့ မဂ်၏ အဓိပ္ပါယ်နှင့် သောတာပန်ခွဲခြားနည်း ပါပဲ။ ကျန်နေခဲ့တဲ့အပိုင်းကတော့ လက္ခဏာကြီး ၃ ရပ်ရဲ့ အဖုံး ၃ ခုပါပဲ။ ထိုအပိုင်းကို အရှင်ဇ၀န (မေတ္တာရှင်) ရွှေပြည်သာ ရေးသားတော်မူသော လူငယ်များအတွက် ဂမ္ဘီရ၀ိပဿနာ အတွဲ ၅+၆ မှာ ဖတ်ရှုနိုင်ပါတယ်။

(မေတ္တာရိပ် ဓမ္မဆိုဒ်မှာ အမှားအယွင်းများ၊ ထေရ၀ါဒနဲ့ ဆန့်ကျင်မှုများ ပါဝင်ခဲ့ပါက ကျမ၏ အားနည်းချက်ကြောင့်သာ ဖြစ်ပါတယ်။)

မေတ္တာရိပ် ဓမ္မဆိုဒ်ကို လာကြသော ဓမ္မမိတ်ဆွေများ စိတ်၏ ချမ်းသာခြင်း၊ ကိုယ်၏ ကျန်းမာခြင်းနှင့် ပြည့်စုံပြီး ထေရ၀ါဒ ဗုဒ္ဓဘာသာဝင်တို့၏ ပန်းတိုင် သန္တိသုခ အေးချမ်းသော နိဗ္ဗာန်ကို မျက်မျောက်ပြုနိုင်ပါစေ လို့ ဆန္ဒပြုရင်း အားလုံးကို နှုတ်ဆက်ခဲ့ပါတယ်။

This entry was posted in မေတ္တာရိပ်မှ နှုတ်ခွန်းစကား. Bookmark the permalink.

2 Responses to နှုတ်ဆက်ပါရစေ

  1. Myomyat Thu says:

    I uploads some myanmar e books on this web site.
    can free download form this web site.

    http://www.scribd.com/myomyatt/shelf

  2. Htain Linn Htoo says:

    Thanks bro and sis,
    I really appreciate.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s