ဝိပဿနာ ညစ်ညူးကြောင်း ဆယ်ပါး

ဝိပဿနာကို အားထုတ်ရာတွင် နည်း သုံးမျိုးဖြင့် အားထုတ်နိုင်ပါတယ်။

ပထမနည်းက သမထယာနိကနည်း

ဒုတိယနည်းက ယုဂဒ္ဓနည်း နှင့်

တတိယနည်းက သုဒ္ဓ၀ိပဿနာနည်း တို့ ဖြစ်ပါတယ်။

 

ဝိပဿာနာညစ်ညူးကြောင်းဆယ်ပါးဟာ သမထယာနိကနည်းနဲ့ ရှုပွားသူတွေမှာသာဖြစ်ပေါ်ပြီး ၀ိပဿနာယာနိကနည်းနဲ့ရှုပွားသူတွေမှာ မဖြစ်ပေါ်နိုင်ပါဘူး။

 

၁) သြဘာသ  – ခန္ဓာကိုယ်မှ အလင်းရောင်ထွက်ပေါ်ခြင်း၊

၂) ဉာဏ်   – အသိဉာဏ်ထက်မြက်လာခြင်း၊

၃) ပီတိ   – နှစ်သိမ့်ဝမ်းမြောက်နေခြင်း

၎) ပဿဒ္ဓိ   – ငြိမ်းအေးနေခြင်း၊

၅) သုခ  – ချမ်းသာနေခြင်း၊

၆) အဓိမောက္ခ – ယုံကြည်မှု ဆုံးဖြတ်ချက် များလာခြင်း၊

၇) ပဂ္ဂဟ  – ၀ီရိယ တိုးလာခြင်း၊

၈) ဥပဋ္ဌာန  – သတိထင်ခြင်း၊

၉) ဥပက္ခော – မျှတလွယ်ကူစွာ ရှုနိုင်လာခြင်း၊

၁၀) နိကန္တိ  – (အပေါ်ကိုးချက်၌) တွယ်တာကပ်ငြိနေခြင်း တို့ဖြစ်ပါတယ်။

 

အဲဒီဆယ်ချက်ထဲမှာ တစ်ချက်ချက်ဖြစ်ပေါ်လာတဲ့အခါ မဂ်ဖိုလ်ထင်ပြီး ဆက်မကျင့်ကြံတော့ရင် ယောဂီတို့မှာ အလွန်နစ်နာပါတယ်။

တပည့်ယောဂီရဲ့ရေရှည်အကျိုးကိုမကြည့်ဘဲ ကိုယ့်တရားစခန်းနာမည်ရပြီးရော ဆိုတဲ့သဘောနဲ့ မဂ်နံပါတ်တွေလွယ်လွယ်တတ်ပေးတဲ့ကမ္မဋ္ဌာန်းဆရာအချို့ကိုတွေ့ဘူးလို့ ယခုလိုရှင်းပြရတာပါ။

အသိအမျိုးသမီးတစ်ယောက်ဆိုရင် “အနာဂါမ်” လို့ နာမည်တပ်ပေးလိုက်တာ့ တွေ့တဲ့သူတွေကို သူ အနာဂါမ်ဖြစ်ကြောင်း ပြောတော့တာပေါ့။ ဦးပဉ္စင်းတို့နဲ့တွေ့မှ ဒကာမကြီးနောက်ကို ဘယ်သူမှ လျှောက်ပြောမနေနဲ့။ ပညာတတ်တွေရှေ့ပြောမိရင် ရှက်ဖို့ကောင်းတယ်။ အနာဂါမ် တည်ထားတဲ့သူဟာ အိမ်ထောင်နဲ့မနေတော့ဘူးလို့ သေချာရှင်းပြပြီး ၀ိပဿနာယာနိကနည်းနဲ့ ဆက်လက်ပွားခိုင်းရပါတယ်။ သူက အိမ်ထောင်နဲ့နေနေတုန်းပါ။

ငါ ဘယ်နှစ်မဂ်ရပြီးလို့ ဘယ်လောက်ပဲကြွားနေနေ ကိလေသာတွေကတော့ အရင်အတိုင်းတစ်လုံးမှ မလျော့သေးဘူးဆိုရင်တော့ ဘယ်လိုမှမဂ်ရတာ မဖြစ်နိုင်တော့ပါဘူး။ အခြေခံဖြစ်တဲ့ ပထ၀ီဓါတ်လေးတစ်လုံးတောင် အမှုန်အမွှားပညတ်ကင်းပြီး ပရမတ်ပေါက်အောင် မသိသေးဘဲနဲ့ မဂ်ဖိုလ်ရပြီလို့ပြောတာဟာ ပညာရှိတွေအတွက် ပြုံးစရာဖြစ်နေပါတယ်။

 

လယ်တီဆရာတော်ဘုရားကြီးတို့တောင် တရားရပြီးလို့ထင်တဲ့ယောဂီများ တရားအမြင်တွေလျှောက်တဲ့အခါ ဘုရားဟောနဲ့ ကိုက်ညီပြီး မဂ်ရပြီလို့ ဆုံးဖြတ်နိုင်တာတောင်မှ ဆုံးဖြတ်မပေးပါဘူး။ သာဓုခေါ်ပြီး ဆက်လက်ပွားများ အားထုတ်ခိင်းပါတယ်။ ဘာကြောင့် ဆုံးဖြတ်မပေးလဲဆိုရင် ယောဂီရဲ့မဂ်ဖိုလ်ညွန့်ကို ချိုးဖျက်ရာရောက်မှာစိုးလို့ပါတဲ့။
မဂ်ရတာ ဟုတ်ရင် တော်ရဲ့။ မဟုတ်ခဲ့ရင် ကိုယ်ကမဂ်ရပြီလို့ ပြောထားတော့ ယောဂီက တကယ်ထင်ပြီး ဆက်အားမထုတ်တော့ ရသင့်တဲ့မဂ်ကို မရတော့ဘဲ အကျိုးနည်းတတ်လို့ပါ။ ဒါ့ကြောင့် ယောဂီတစ်ယောက် မဂ်ရ-မရ ဆိုတာ ဘုရားရှင်ပဲ အတိအကျ သိနိုင်ပါတယ်။

 

 

အညွန်း – အရှင်ဇ၀န (မေတ္တာရှင်- ရွှေပြည်သာ) ရေးသားသော မဂ်တားဖိုလ်တားအန္တရာယ်များ စာအုပ်။

 

 

 

 

This entry was posted in ထေရ၀ါဒ ဗုဒ္ဓဘာသာ and tagged . Bookmark the permalink.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s