ဒုက္ခ

ဒုက္ခသုံးမျိုး

1) ဒုက္ခ ဒုက္ခ  – ဒုက္ခခန္ဓာကောင်ကြီးကို ဖိထိုင်တာကြာလို့၊ ရပ်တာကြာလို့ နာလာတာ ညောင်းလာတာက နောက်ဒုက္ခတစ်ခုပေါ်လာတာ။ အဲ့ဒါကို ဒုက္ခ ဒုက္ခ။

2) သင်္ခါရဒုက္ခ – ကံ၊ စိတ်၊ ဥတု၊ အာဟာရ ဆိုတဲ့ ကြောင်းတရားတွေက ဒီရုပ်နာမ်ဖြစ်အောင် လုပ်ပေးရတယ်။ ဘာဖြစ်လို့လဲဆိုတော့ ပျက်ဖို့အတွက် လုပ်ပေးနေတာကို သင်္ခါရဒုက္ခ။

3) ၀ိပရိဏာမဒုက္ခ – ဖြစ်ပြီး ပျက်သွားတာကို ၀ိပရိဏာမဒုက္ခ။

 

အကြောင်းတရားတို့ ပြုသလို ပြင်သလိုသာဖြစ်ရပြီး မိမိသဘောအတိုင်း မဖြစ်နိုင်တာကို သင်္ခတသဘော လို့ ခေါ်တယ်။

ဖြစ်သဘောမှ ပျက်သဘောသို့ ပြောင်းလဲသွားတာကို ၀ိပရိဏာမ သဘောလို့ ခေါ်တယ်။

ဖောက်ပြန်တတ်တဲ့ဘေးရှိနေတဲ့အတွက် အိုမှု၊ နာမှု၊ သေမှု ကို ပူနေရတာ (ကိလေသာမီးတွေ ပူလောင်နေမှု) ကို သန္တာပသဘော လို့ခေါ်တယ်။

ဘယ်လိုပင် ပူလောင်သော်လည်းမရ၊ နောက်ဆုံးဖောက်ပြန်မှုနှိပ်စက်သဖြင့် အိုကြရ၊ နာကြရ၊ သေကြရပါတယ်။ (ရှာရ၊ ဖွေရ၊ စားရ၊ သောက်ရ၊ ယိုရ၊ ပေါက်ရ၊ ဒီရုပ်ကိုအကြောင်းပြုပြီး ရောဂါမျိုးစုံဖြစ်ရတဲ့ဒုက္ခတိုနဲ့ နှိပ်စက်တာကိုလည်း)  ပီဠနသဘော လို့ ခေါ်တယ်။

 

ဝေဒနာသုံးမျိုးနှင့် လက္ခဏာရေးသုံးပါး

အန္ဓပုထုဇဉ်တွေဆိုရင် မကောင်းတဲ့ဒုက္ခဝေဒနာခံစားမှသာ ဒုက္ခလို့ထင်တယ်။ ကောင်းတဲ့သုခဝေဒနာလေးခံစားနေရရင်တော့ ဒုက္ခလို့ မထင်ဘူး။

အမှန်ကတော့ သုခ၊ ဒုက္ခ၊ ဥပေက္ခာ ဝေဒနာသုံးပါးလုံးဟာ ဒုက္ခလက္ခာဏာချည်းပါပဲ။ ဘာကြောင့်လည်းဆိုတော့ ကောင်းတဲ့ဝေဒနာပဲဖြစ်ဖြစ်၊ မကောင်းတဲ့ ဒုက္ခဝေဒနာပဲဖြစ်ဖြစ်၊ ကောင်း မကောင်း မထင်ရှားတဲ့ ဥပေက္ခာဝေဒနာလည်း ဖြစ်ပြီးတော့ ပျက်ရတာပါပဲ။

အဲ့ဒီလို ဖြစ်ပြီးပျက်သွားတဲ့ ဒုက္ခကိုမြင်မှ သိမှ တကယ့်မဂ်ဖိုလ်ရမယ့်ဒုက္ခကို မြင်တယ်သိတယ်လို့ ခေါ်တယ်။

ဆရာကောင်း နည်းလမ်းကောင်းမရရှာတော့ တချို့ယောဂီများဟာ ဒုက္ခဝေဒနာလေးပေါ်အောင် မနည်းလုပ်ယူပြိးတော့ရှုရတယ်။ ကြာကြာဖိထိုင်တော့ နာလာတာပေါ့။ နာလမှဝေဒနာပေါ်မယ်.။ အဲဒီပေါ်လာတဲ့ ဒုက္ခဝေဒနာကိုမှ အဖြစ်အပျက်ရှုရတယ်လို့ ထင်နေကြတယ်။

 

ဒီတော့ ကိုယ့်ခန္ဓာမှာ ဘယ်ဝေဒနာပေါ်ပေါ် ပျက်သွားတယ်ဆိုတာ ဉာဏ်နဲ့သိပေးရင် ၀ိပဿနာဖြစ်တာပါပဲ။

ဒုက္ခဝေဒနာကိုမှ တရားရှုမယ်ဆိုရင် ဒုက္ခဝေဒနာဖြစ်လာအောင် အနည်းဆုံးနာရီဝက်ကျော်ကျော်လောက် ထိုင်ရမယ်။ ဒီလိုစောင့်နေတော့ ဒုက္ခဝေဒနာမပေါ်ခင် နာရီဝက်လောက်အတွင်းမှာ ဖြစ်နေတဲ့ သုခဝေဒနာကို တရားမရှုရဘဲ အလကားဖြစ်သွားတာပေါ့။

တချို့က ၀ိပဿနာကို လောကီစီးပွားရေးအလုပ်တွေကို ဉာဏ်မပါဘဲ ၀ီရိယတစ်ခုထဲ အားကိုးပြီး ကြုံးရုန်းလုပ်ရင် ရမယ်လို့ထင်နေကြတယ်။ ဉာဏ်မပါရင် မဂ်ဖိုလ်ကို ဘယ်လိုမှ မရနိုင်ဘူး။ ၀ိပဿနာမှာ ဉာဏ်ပညာက ခေါင်းဆောင်ပဲ။ ၀ီရိယ၊ သတိ သမာဓိတို့က နောက်လိုက်ပဲ။

ဒွိဟိတ်ပုဂ္ဂိုလ်တွေ ဒီဘ၀မှာ မဂ်ဖိုလ်မရကြတာ ဉာဏ်ပညာမရှိလို့ပါ။

 

မိုးညှင်းတောရဆရာတော်ဘုရားကြီးက

အလုပ်မပြီး

အသိပြီးမှ

အမှားလည်းပျောက်

နိဗ္ဗာန်ရောက်၏။

This entry was posted in ထေရ၀ါဒ ဗုဒ္ဓဘာသာ and tagged . Bookmark the permalink.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s