မပြောသင့်သော စကား

စကားပြောတဲ့အခါမှာ အကောင်းဆုံး၊ အကျိုးရှိဆုံးစကားဖြစ်အောင် ရွေးပြီးပြောရတယ်။ ကိုယ်ထက်ကြီးသူတွေနဲ့စကားပြောတဲ့အခါမှာ ပိုပြီးတော့တောင် ဂရုစိုက်ရတယ်။

“လူကြီးတွေဆိုတာ များသောအားဖြင့် မိမိကိုယ်ကို အပြစ်ကင်းပြီးသား။ လူငယ်တွမှာသာ အပြစ်ရှိတာလို့ တထစ်ချစွဲယူထားတတ်ကြတယ်။ ဒါ့ကြောင့် သူတို့ရဲ့အားနည်းချက်ကို ထောက်ပြလာပြီဆိုရင် ကျေးဇူးတင်တဲ့လူထက် အပြစ်တင်တဲ့လူက များတယ်။ ဒါ့ကြောင့် ကောင်းသောစကားပင်ဖြစ်သော်လည်း မပြောဘဲ နေသင့်ရင် နေလိုက်ရတယ်။”

တခါက မုဆိုးသားအဖနှစ်ယောက် တောလိုက် ထွက်ကြတယ်။ တောတွင်းတစ်နေရာကျတော့ ရေပေါ်မှာပေါ်နေတဲ့ ကျောက်ဖျာကြီးတစ်ခုကို တွေ့ကြရတယ်။ အံ့သြလွန်းလို့ သားအဖနှစ်ယောက် ခပ်ကြာကြာငေးစိုက်ကြည့်မိကြတယ်။ အတွေးအခေါ်ရှိတဲ့ဖခင်က ဒီအကြောင်းကို ဘယ်သူမှမပြောဖို့၊ ပြောမိရင် ကိုယ်သာအရူးထင်ခံရမယ့်အကြောင်း သေချာမှာထားတယ်။

သားက နှုတ်ဖွာမှန်းလည်း သိလို့ပေါ့လေ။ အဲသလို မှာထားတဲ့ကြားထဲက သားဖြစ်သူက ရွာထဲလျှောက်ပြောတော့ ဘယ်သူမှ မယုံကြဘူး။ သူ့သားပဲ အရူးတစ်ယောက်လို ဖြစ်နေတယ်။ နောက်ဆုံး မုဆိုးသားက သူမှန်ရဲ့သားနဲ့ အရူးအထင်ခံရတော့ ဒေါသထွက်ပြီး အလောင်းအစားလုပ်တယ်။ ကျောက်ဖျာရေပေါ်တာကို သူ့ဖခင်ကပါ ဟုတ်တယ်လို့ ထောက်ခံရင် ရွာသားတွေဆီက ငွေတစ်ထောင် သူရမယ်။ အကယ်၍ သူ့အဖေက မထောက်ခံဘူးဆိုရင် ရွာသားတွေကို သူကငွေတစ်ထောင်ပေးမယ်ဆိုပြီး သူ့အိမ်ခေါ်လာတယ်။ အိမ်ရောက်လို့ မုဆိုးကြီးကိုမေးကြည့်တော့ မုဆိုးကြီးက မင်းတို့အရူးစကားများယုံနေကြသလားလို့ ပြောလွှတ်လိုက်သတဲ့။ ဒါနဲ့သူ့သားလည်း ငွေတစ်ထောင်ဆုံးသွားတော့ သူ့အဖေကို အပြစ်တင်တာပေါ့။

ဒီအခါ သူ့အဖေက ငါဒီအရေးတွေမြင်လို့ ဘယ်သူ့မှ မပြောဖို့အကြောင်း မင်းကိုမှာခဲ့တာပေါ့။ စကားဆိုတာ ကောင်းတာမှန်တာဖြစ်ပေမယ့် မပြောဘဲနေသင့်တဲ့အခါ နေရတယ်။ နောက်တစ်ခါ ငါကပြောလို့ တိုက်တွန်းတဲ့စကားကျမှ သူများကိုပြောလို့ သြ၀ါဒပေးပြီး တောလိုက်ထွက်သွားတယ်။

သူ့သားကလည်း ငွေတစ်ထောင်ရှူံးလို့ စိတ်ညစ်ပြီး အိမ်မှာပဲ နေခဲ့တော့တယ်။ သူ့အဖေပြန်လာတဲ့အခါ သမင်တစ်ကောင်ထမ်းလာတာကို တွေ့ရတယ်။ သူ့အဖေက သမင်ကိုပစ်ချလိုက်ရင်း ကဲ.. သား ဒီတစ်ခါ မင်းရွာထဲကို ကြိုက်သလောက် လျှောက်ပြောပေတော့။ ငါ့အဖေ သမင်တစ်ကောင်ကို ပစ်လိုက်တာ ခြေထောက်ကနေ နားရွက်ကိုဖောက်ထွက်သွားတယ်လို့ပြောကွာ။ မယုံတဲ့သူတွေကို အရင်တစ်ခါထက်နှစ်ဆတက်ပြီး လောင်ခဲ့လို့ ပြောလိုက်သတဲ့။

ဖခင်ပြောတဲ့အတိုင်း သာဖြစ်သူကလည်း တစ်ရွာလုံးလျှောက်ပြောတာပဲတဲ့။ နောက်ဆုံး မယုံတဲ့သူတွေစုပြီး နှစ်ထောင်ကြေးလောင်းကြပြန်သတဲ့။ အဆုံးအဖြတ်ပေးမယ့်သူကတော့ မုဆိုးကြီးပဲပေါ့။

မုဆိုးကြီးဆီရောက်တော့ သူ့သားပြောတဲ့စကား ဟုတ်-မဟုတ် မေးကြတဲ့အခါ မုဆိုးကြီးက … ဒီတစ်ခါတော့ ငါ့သားပြောတာမှန်တယ်။ သမင်က သူ့ခြေထောက်နဲ့ နားရွက်ကို အယားဖျောက်နေတဲ့အချိန်မှာ ငါကပစ်လိုက်တာ ဖြစ်တဲ့အတွက် မြားတံက ခြေထောက်ကနေ နားရွက်ကိုဖောက်ထွက်သွားတာ ဟုတ်ပါတယ်လို့ ပြောလိုက်တဲ့အတွက် မုဆိုးကြီးသားဟာ လောင်းကြေးနှစ်ထောင်နဲ့အတူ စကားဆိုတာ ကောင်းတာမှန်တာဖြစ်ပေမယ့် မပြောဘဲနေသင့်တဲ့အခါ နေရတယ်ဆိုတဲ့သင်ခန်းစာကိုလည်း တစ်ခါတည်းရသွားသတဲ့။

 

အများနှင့် အခန့်သင့်ရန်စကားများ၊ အများစိတ်တိုင်းကျမည့်အလုပ်များ လောက၌ရှိသည်ဟု ဧကန်မမှတ်သင့်။

ထိုသို့သောစကားမျိုး၊ အလုပ်မျိုးကား လောက၌မရှိ။

စင်စစ်တစ်ဦးနှင့် မဆန့်ကျင်လျှင် တစ်ဦးနှင့်ဆန့်ကျင်မည့်စကား အလုပ်များသာ ဖြစ်ကြကုန်၏။

           (အရှင်အာဒိစ္စ၀ံသ)

 

 

အညွန်း- ဘ၀နှင့်ရင်းရသော အတွေးအမြင်များ ၁ စာအုပ်။

 

 

 

 

 

 

This entry was posted in ဆုံးမသြ၀ါဒများ and tagged . Bookmark the permalink.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s