ဘ၀တန်ဘိုးနှင့် အနှစ်သာရ

ဒုလ္လဘတရားငါးပါး “ရခဲခြင်း ၅ ပါး”

ဒု – ခဲခဲယဉ်းယဉ်း

လဘ – ရအပ်သောအရာ(သို့) လောက၌ရရှိနိုင်ရန် အလွန်ခဲယဉ်းလှသော တရားငါးပါး။

၁) ဗုဒ္ဓုပ္ပါဒဒုလ္လဘ – ဘုရားဖြစ်ရန်အလွန်ခဲယဉ်းခြင်း (သို့) ဘုရားရှင်၏သာသနာတော်နှင့် ကြုံကြိုက်ရန် အလွန်ခဲယဉ်းခြင်း၊ ဘုရားတစ်ဆူ ပွင့်ရန်

၂) မနုဿတ္တဘာဝဒုလ္လဘ – လူဖြစ်ရန် အလွန်ခဲယဉ်းခြင်း။

၃) သဒ္ဓါသမ္ပတ္တိဘာဝဒုလ္လဘ – ကံ ကံ၏အကြောင်းနှင့် အကျိုးကို မမှိတ်မသုန်ယုံကြည်သည့် စေတနာသဒ္ဓါတရားဖြင့် ပြည့်စုံရန် အလွန်ခဲယဉ်းခြင်း။

၎) ပဗ္ဗဇီတဘာဝဒုလ္လဘ – ရဟန်ကောင်း ရဟန်းမြတ်တစ်ပါးဖြစ်ရန် အလွန်ခဲယဉ်းခြင်း။

) သဒ္ဓမ္မသ၀နဒုလ္လဘ – ဘုရားအစရှိသော သူတော်ကောင်းတရားများကို ကြားနာလက်ခံသုံးဆောင်နိုင်ရန် အခဲယဉ်းတကာ့ အခဲယဉ်းဆုံးဖြစ်ခြင်း။

 

၂) ရခဲခြင်းတရားငါးပါး မှ လူ့ဘ၀ရခဲခြင်းကြောင့်။

   အင်္ဂုတ္ထိုရ်ပါဠိတော်၌ သံယုတ်ပါဠိတော်၊ နခသီခုပမသုတ် တွင် ဗုဒ္ဓဟောကြားထားသည်မှာ –

“ချစ်သား၊ ချစ်သမီးတို့ ငါဘုရား၏လက်သည်းပေါ်မှာရှိသော မြေမှုန့်နဲ့ ဟောဒီအောက်က ပထ၀ီမြေကြီးဘယ်ဟာက များသနည်း”

“အောက်မှာရှိသည့် ပထ၀ီမြေကြီးက အဆမတန်အောင် များပြားလှပါသည် ဘုရား”

“ချစ်သား၊ ချစ်သမီးတို့ ဟောဒီဥပမာအတိုင်းပဲ။ လူ့ဘ၀ကနေ သေပြီးတော့ လူ့ဘ၀ကို ပြန်ရောက်ရတဲ့ပုဂ္ဂိုလ်ဆိုတာ ငါဘုရားလက်သဲခွံပေါ် မြေမှုန့်လောက်ပဲ ရှိတယ်။ လူ့ဘ၀ကသေပြီး အပါယ်လေးဘုံကျရောက်တဲ့ပုဂ္ဂိုလ်များကတော့ ဟောဒီမဟာမထ၀ီမြေကြီး အထုလောက်ရှိတယ်” ဟူ၍ ဟောတော်မူခဲ့ပါတယ်။
 

 ဥပရိပဏာသ ပါဠိတော်၊ သုညတ၀ဂ်၊ ဗာလပဏ္ဍိတသုတ်တွင်

 “ချစ်သား၊ ချစ်သမီးတို့ အပါယ်ဘုံသားများ လူ့ဘ၀ခဲယဉ်းပုံကို ငါဘုရားဥပမာနှင့်တကွ ဟောကြားတော်မူမယ်။ ကျယ်ဝန်းနက်ရှိုင်းလှတဲ့ သမုဒ္ဒရာကြီးထဲမှာ အနှစ်တစ်ရာနေမှ ရေပေါ်ကို ခေါင်းလေးတစ်ခါပေါ်တဲ့ လိပ်ကန်းကြီးတစ်ကောင်ရဲ့ ဦးခေါင်းနဲ့ ထို  သမုဒ္ဒရာကြီးထဲမှာ အရပ်လေးမျက်နှာ မျောချင်ရင် မျောနေတဲ့ အပေါက်တစ်ပေါက်သာဖောက်ရသေးတဲ့ နွားလှည်းက ထမ်းပိုးတစ်ချောင်းဟာ တည့်တည့်မတ်မတ်ဝင်သွားဖို့ဆိုတဲ့အရာဟာ လွယ်ကူပါ့မလား။ “

“ဤသို့ဖြစ်ဖို့ရန် အင်မတန်မှ ခဲယဉ်းလှပါတယ် ဘုရား”

“ချစ်သား၊ ချစ်သမီးတို့ အပါယ်ကျနေသူများ လူဘ၀ပြန်ရဖို့ရာကတော့ ယခုငါဘုရားဟောကြားတဲ့ ဥပမာထက် အဆပေါင်းများစွာ ခဲယဉ်းလှပေသည်။

 

လူဦးရေ မစည်ကားခြင်း၏အကြောင်း

အရှင်ဂေါတမ ရှေးအခါက ဤလောကသည် အ၀ီစိငရဲကဲ့သို့ လူတို့ဖြင့် ပြည့်နှက်နေ၏။ ရွာနိဂုံးမင်းနေပြည်တို့သည် ကြက်ပျံတစ်ကျ စည်ကားကုန်၏ ဟူ၍ ဆရာ့ဆရာဖြစ်သော ရှေးပုဏားတို့ပြောသည်ကို ကျွန်ုပ်ကြားဖူးပါသည်။ ယခုအခါ၌ကား လူဦးရေနည်းပါး၍ ကျိုးတိုးကျဲတဲသာ ထင်ပါသည်။ မြို့ရွာ နိဂုံးဇနပုဒ်တို့သည်  မြို့ရွာ နိဂုံးဇနပုဒ်မဟုတ်သည့်အဖြစ်သို့ ရောက်နေပါသည်။ ယင်းသို့ဖြစ်ရခြင်းမှာ အဘယ်အကြောင်းကြောင်းနည်း။

ဗုဒ္ဓက-

– ယခုအခါ လူတို့သည် မတရားသော အဓမ္မရာဂ (သူတစ်ပါး၏ စည်းစိမ်၌ တပ်မက်ခြင်းကို ဆိုလို၏။) ဖြင့် တပ်မက်ကုန်အပ်၏။ မညီမျှသော လိုချင်မှု ၀ိသမလောဘ (သူတစ်ပါးတို့၏ စည်းစိမ်၌ လိုချင်မှုကို ဆိုလို၏။) ဖြင့် နှိပ်စက်အပ်ကုန်၏။ မှောက်မှားသောအကျင့် မိစ္ဆာဓမ္မ ( ဆက်ဆံမှီဝဲမှု မပြုသင့်သူ (မိကြီး၊ မိထွေး စသည်) ) နှင့် ပြည့်စုံကုန်၏။ ထိုသူတို့သည် ထက်သော ဓားလက်န်ကများ စွဲကိုင်၍တစ်ယောက်ကိုတစ်ယောက် သတ်ဖြတ်ကြန်၏။ ထို့ကြောင့် လူအများသေကြေကြကုန်၏။ ဤသို့သေခြင်းသည် လူဦးရေလျော့ပါး၍ ကျိုးတိုးကျဲတဲသာ ထင်ခြင်း၏ ပထမအကြောင်းဖြစ်၏။

– ထိုမှတစ်ပါး အဓမ္မရာဂဖြင့် တပ်မက်ကုန်သော ၀ိသမလောဘဖြင့် နှိပ်စက်ကုန်သော မိစ္ဆာဓမ္မနှင့် ပြည့်စုံကုန်သော ထိုလူတို့အား မိုးကောင်းစွာ မရွာသဖြင့် ဆန်စပါးရှားပါး၍ ငတ်မွတ်ခေါင်းပါး ခြင်းဖြစ်၏။ ထို့ကြောင့် လူအများသေကြေကြကုန်၏။ ဤသို့သေခြင်းသည် လူဦးရေလျော့ပါး၍ ကျိုးတိုးကျဲတဲသာ ထင်ခြင်း၏ ဒုတိယအကြောင်းဖြစ်၏။

– ထိုမှတစ်ပါး အဓမ္မရာဂဖြင့် တပ်မက်ကုန်သော ၀ိသမလောဘဖြင့် နှိပ်စက်ကုန်သော မိစ္ဆာဓမ္မနှင့် ပြည့်စုံကုန်သော ထိုလူတို့ထံသို့ အကြီးအကဲဖြစ်သော ဘီလူးတို့သည် ကြမ်းကြုတ်သော ဘီလူးတို့ကို စေလွှတ်ကုန်၏။ ထို့ကြောင့် လူအများသေကြေကြကုန်၏။ ဤသို့သေခြင်းသည် လူဦးရေလျော့ပါး၍ ကျိုးတိုးကျဲတဲသာ ထင်ခြင်း၏ တတိယအကြောင်းဖြစ်၏။
(ကြက်ပျံကျသည်ဆိုသည်ကား အင်္ဂုတ္တိုရ်ပါဠိတော် တွင် ကြက်သည် တစ်ဖက်ရွာ၏အိမ်မိုးပေါ်သို့ သက်ဆင်းနိုင်လောက်အောင် ရွာချင်းနီးကပ်၏ ဟု ဆိုလိုသည်။)

 

ဘ၀၏အနှစ်သာရ သုံးပါး

စည်းစိမ်ဥစ္စာ အနှစ်ရှာ၊ ပြုပါ ဒါနမှတ်

မိမိခန္ဓာ အနှစ်ရှာ၊ စောင့်ပါ သီလမှတ်

အသက်ဇီဝါ အနှစ်ရှာ၊ ဘာဝနာဟုမှတ်

လှူပါ၊ စောင့်ပါ၊ ပွားများပါ၊ သုံးဖြာအနှစ်မှတ်။

 

ဒါန ပြုရခြင်းမှာ မိမိသန္တာန်ရှိတဲ့ လောဘဓါတ်ကို ပယ်သတ်နိုင်ရန်ဖြစ်သည်။

သီလ စောင့်တည်ရခြင်းမှာ မိမိသန္တာန်မှာရှိတဲ့ ဒေါသကို ပယ်သတ်နိုင်ရန်ဖြစ်သည်။

ဘာဝနာ ပွားများရခြင်းမှာ မိမိသန္တာန်မှာရှိတဲ့ မောဟကို ပယ်သတ်နိုင်ရန်ဖြစ်သည်။

 

 

အညွှန်း- လူငယ်များအတွက် ဂမ္ဘီရ၀ိပဿနာအတွဲ ၁ နှင့် ၂စာအုပ်၊ မိရိုးဖလာနှင့် ထေရ၀ါဒဗုဒ္ဓဘာသာဝင်စာအုပ်၊ ဦးသက်စိန် မြတ်ဗုဒ္ဓသာသနာ့အခြေခံစာအုပ် မျက်ရည်မကျခင် သိစေချင် စာအုပ်။။

 

 

This entry was posted in ထေရ၀ါဒ ဗုဒ္ဓဘာသာ and tagged . Bookmark the permalink.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s