ကပ် (၃) ပါး

“မရောင့်ရဲနိုင်သော အရာသုံးမျိုး”

၎င်းတို့ကား တောက်လောင်နေသော “မီးပုံကြိး၊ သမုဒ္ဒရာ၊ အလိုလောဘကြိးသော” သူတို့ပင်ဖြစ်၏။

လောင်နေသော မီးပုံကြီးထဲသို့ လောင်စာထင်းများဘယ်လောက်ပင်ထည့်ထည့်၊ တော်ပြီတန်ပြီ ဟူ၍ ဘယ်တော့မှ ရှိလိမ့်မည်မဟုတ်။ ထည့်သမျှ လောင်ပစ်မည်သာ ဖြစ်၏။

မြစ်ကြီးငါးသွယ် မြစ်ငယ်ငါးရာ ချောင်းပေါင်းမျာစွာမှ ရများ ဘယ်၍ဘယ်မျှပင်ဝင်ဝင်၊ သမုဒ္ဒရာကြီးကား ဘယ်တော့်မှ ပြည့်ပြီမှ ရှိလမ့်မည်မဟုတ်။ ၀င်လာသမျှ လက်ခံနေမည်ဖြစ်၏။

ထို့အတူ လောဘကြီးသူသည်လည်း ပစ္စည်းဥစ္စာမည်မျှပင်ရရ တော်ပြီတန်ပြီဟူ၍ ဘယ်တော့မှ ရှိလိမ့်မည်မဟုတ်။ ရနိုင်သမျှယူနေမည်သာ ဖြစ်၏။

 
လောဘ၏ ဆိုးကျိုးများ

လောဘကို လက်ခံထားသူသည်ပင် ထိုလောဘပင် သေသည်အထိ လောင်ကျွမ်းစေပြီး အပါယ်ဘုံ (ပြိတ္တာဘုံ) သိှု့ဆွဲချမှာ ဧကန်တည်း။

လောဘက သတ်ခြင်း
ဗုဒ္ဓက ဘိက္ခုနီမတစ်ယောက်သည် သိမ်ပရိဝုဏ်အ၀င်ဝ၌ ချောမောလှပပြီးလက်ရာမြောက်လှသော ယောကျာ်းပျိုရုပ်တုတစ်ခုကို စူးစိုက်ကြည့်ရင်း နေပူထဲတွင် ရပ်ကျန်နေခဲ့သည်။ ထိုအခါ တခြား ဘိက္ခုနီမတစ်ယောက်က ထို ဘိက္ခုနီမ ကျန်ခဲ့မည်စိုးသဖြင့် ပြန်လာပြီး ထိုဘိက္ခုနီမ၏လက်ကို ဆွဲခေါ်လေသည်။ ထိုအခါမှ ရုပ်ထုကိုကြည့်နေသော ဘိက္ခုနီမသည် မြေပြင်သို့ ၀ုန်းကနဲပြုတ်ကျသွားသည်။ ထို ဘိက္ခုနီမ သည် လောဘဓါတ်၏ သတ်ဖြတ်ခြင်း ကို ခံလိုက်ရလေပြီ။

ပြိတ္တာဖြစ်ပုံ
ပြည်ခရိုင် ပေါက်ခေါင်းမြို့နယ်မှ ဦးနန္ဒိယ ဓမ္မကထိကသည် ဒကာ ဒကာမလှူဒါန်း ရေစက်ချကြသည့်အခါ ရေစက်ခွက်ထဲတွင် ပိုက်ဆံအကြွေစေံများကို စုထားရာ နှစ်ပေါင်းအတော်ကြာသောအခါ သောက်ရေအိုးတစ်လုံးစာခန့်ရှိသည်။ သူခိုးရန်ကြောင့်သောကြောင့် ကျောင်းလှေခါးအောက်ခြေရင်းတွင် သူလူမသိအောင် မြုတ်ထားလိုက်သည်။  တစ်နေ့သော် ဦးနန္ဒိယ သည် လေနာရောဂါဖြင့် ရုတ်တရက်ပျံလွန်တော်မှုပြီး ငွေအိုးကိုစွဲသော်ကြောင့် ဘုန်းကြီးသရဲဖြစ်နေခဲ့သည်။

 
သောကဖြစ်ခြင်း အကြောင်းရင်း
ဗုဒ္ဓက –
“တဏှာယ ဇာယတေသောကော၊
တဏှာယ ဇာယတေ ဘယံ။
တဏှာယ ၀ိပ္ပမုတ္တဿ၊
နတ္ထိသောကောကုတောဘယံ။”

“ချစ်ခင်စွဲလမ်းမှု တဏှာကြောင့်သာ စိုးရိမ်ယူဆွေးငိုကြွေးရတဲ့ သောကဆိုတာဖြစ်တာ၊ ဘေးဆိုတာဖြစ်တာ၊ စွဲလမ်းခြင်းတဏှာမှ ကင်းလွတ်သူအား သောကရော၊ ဘေးရော မရှိတော့ဘူး” ဟုအိမ်ထောင်ရေးအဆင်မပြေနေသော ဒကာတစ်ယောက်အား ဟောကြားပေးလိုက်သည်။ ထိုဒကာသည်လက်မခံ။

 
လောဘ၏ ဆိုးကျိုး ပြိတ္တာ ဖြစ်ရပုံကား ကြောက်မက်ဖွယ်ကောင်းစွ။ ထို့ကြောင့်လည်း “မဃဒေ၀” ၌
” ပြင်ပဥစ္စာ၊ မဟုတ်စွာသေး၊
ကာယအဆင်း၊ ကိုယ်အတွင်းဝယ်၊
မွေးညှင်းဆံစု၊ ရုပ်ဝတ္တု၌၊
တစ်ခုခုတပ်၊ စွဲကပ်စွန်းညိ၊
ဇောဝိထိဖြင့် စုတိပုဂ္ဂိုလ်၊
ထိုထိုပိုးလောက်၊ စားသောပြန်ကာ
ဖြစ်တတ်စွာဟု၊ ကျမ်းလာမုချ၊
ဤသို့ပြ၏။” ဟူ၍ စပ်ဆိုတော်မူထားပါသည်။

အဓိပ္ပါယ်ကား “ပြင်ပဥစ္စာကိုသာ စွဲလန်းမှမဟုတ်၊ မိမိ၏ခန္ဓာကိုယ်မှ အသား၊ အသွေး၊ အမွှေး၊ ဆံပင် စသည်တို့ကို စွဲလန်းတပ်မက်သော လောဘစိတ်ဖြင့်သေခဲ့လျှင် မိမိခန္ဓာကိုယ်ကို ပြန်၍စားသောက်ရသော ပိုးလောက်ပြိတ္တာများ” ဖြစ်ရသည်ဟု ဆိုလိုပေသည်။

 

လောဘသမားတို့ မှတ်ဖို့

ဘယ်လောက်ပင်စားရ စားရ တစ်ဝမ်းဝရုံဘဲ
ဘယ်လောက်ပင်အိပ်ရ အိပ်ရ တစ်ကိုယ်စာလေးဘဲ
ဘယ်လောက်ပင်ဝတ်ရ ၀တ်ရ အရေပြားဖုံးရုံပဲ
ကုသိုလ်ပြုလျှင် ကိုယ်ဖို့
ကျန်ခဲ့လျှင် သူများဖို့
သေရွာကာလရောက်ကြသောအခါ
ကိုယ့်နောက်ကိုများ ဘာများပါမှာ”
ပစ္စည်းစုစု တစ်ခုမပါ
ကိုယ်ပြုထား ကံများပါမည်သာ။
သူတစ်ပါးကို တကယ်ဝမ်းမြောက်စေချင်ရင် . . .
လူတစ်ဦးကို ၀မ်းမြောက်ပျော်ရွှင်လာစေလိုပါက သူ၌ရှိနေသော အရာများကို ထပ်မံဖြည့်စွမ်းပေးမနေပါနှင့်
မရေသေးသောအရာများကို ရလာစေရန် ရှာဖွေမပေးနေပါနှင့်
သူ၏တပ်မက်သော (လောဘ)ကို စိတ်ကိုသာ ဖယ်ရှားပစ်လိုက်ပါ
              
                      (ဂရိတွေးခေါ်ပညာရှင် ဧပ်ကုရပ်စ်)
 
သတ္တ၀ါတို့၏ သန္တာန်တွင် ၀ိသမ လောဘဓါတ်များ အားကြီးလာလျှင် ကမ္ဘာကြီးတစ်ခုလုံး အငတ်ဘေး ဒုဗ္ဘိကန္တရကပ် ဆိုက်တတ်သည်။

ထို့ထက်အလွန်ပို၍ အားကြီးလာလျှင် ကမ္ဘာကြီးသည် ရေလွှမ်းမိုး ဖျက်ဆီးခြင်းကို ခံရသည်။

 

လောဘနည်းချင်ရင်

လောဘသည် လေးမဂ်လေးဖိုလ်ရပြီး ရဟန္တာဖြစ်မှသာလျင် အမြစ်ပြတ် ပယ်ပျောက်သည်။ လေးမဂ်လေးဖိုလ်မရခင် လောဘဓါတ်ဆိုးကြီး မထလာစေရန် ဒါနပြုခြင်း၊ ဓုတင် ဆောက်တည်ခြင်းတို့ဖြင့် နှိမ်ထားရန် ဗုဒ္ဓက နည်းလမ်းပေးခဲ့သည်။

၁) ဒါန များများပြုပါ။

၂) ဓုတင်ဆောက်တည်ပါ။ ဓုတင် ဆိုသည်မှာ ကိလေသာခါထွက်ခြင်း၊ ခါထုတ်ခြင်း ဟု အဓိပ္ပါယ်ရသည်။ ကိလေသာဆယ်ပါးတွင် လောဘကိလေသာ ကို အများဆုံးခါထွက်သည်။
ဓုတင် ၁၃ ပါးတွင် တစ်ပါးပါးကို စွမ်းနိုင်သမျှ ဆောက်တည်သင့်သည်ဟု လယ်တီဆရာတော်ဘုရားကြီးက ပြောကြားခဲ့သည်။ ဥပမာ – ထမင်းတစ်ခွက်၊ ဟင်းလေးခွက် စုစုပေါင်း ငါးခွက်စားနေကြလူသည် ပတ္တပိုဏ်ဓုတင် ဆောင်ကာ တစ်ခွက်တည်းပေါင်းပြီးစားလိုက်သောအခါ လောဘငါးမျိုးရှိရမည့်နေရာတွင် လေးမျိုးပြုတ်သွားပြီး တစ်မျိုးသာကျန်သည်။ ပတ္တပိုဏ်ဓုတင် က ကျန်လောဘ လေးမျိုးကို ခါထွက်ပစ်လိုက်ခြင်းဖြစ်သည်။

၃) အသုဘဘာဝနာ ရှုခြင်းအားဖြင့်လည်း ပယ်သတ်ရ၏။

၎) သေရခြင်းသဘောကို အဖန်ဖန်အမှတ်ခြင်း မရဏာနုဿတိဘာဝနာကို ပွားများခြင်းဖြင့်လည်း ပယ်သတ်ရ၏။

၅) လေးမဂ်လေးဖိုလ်ရအောင် ၀ိပဿနာတရားကို နာကြားရှုပွားခြင်းဖြင့်လည်း ပယ်သတ်ရ၏။

 

“ဒေါသ၏ ဆိုးကျိုးများ”

တစ်စုံတစ်ယောက်ကို အမျက်ထွက်သော စိတ်ဖြင့် သေခဲ့လျှင် ငရဲဘုံ သို့ ရောက်ရသည်။

သတ္တ၀ါတို့၏ သန္တာန်တွင် ၀ိသမ ဒေါသဓါတ်များ အားကြီးလာလျှင် ကမ္ဘာကြီးတစ်ခုလုံး လက်နက်ဘေး သတ္တန္တရ ကပ်ဆိုက်သည်။

ထို့ထက်အလွန်ပို၍ အားကြီးလာလျှင် ကမ္ဘာကြီးသည် လောင်မီး ကျ၍ ဖျက်ဆီးခြင်းကို ခံရသည်။

 

အဒေါသ (ဒေါသနည်း) ချင်လျှင် မေတ္တာများများပွား ပါ။

 

“မောဟ၏ ဆိုးကျိုးများ”

 တွေဝေမိုက်မဲသော မောဟစိတ်ဖြင့် သေခဲ့လျှင် တိရစ္ဆာန်ဘုံ သို့ ရောက်ရသည်။

သတ္တ၀ါတို့၏ သန္တာန်တွင် ၀ိသမမောဟဓါတ်များ အားကြီးလျှင် ကမ္ဘာကြီးတစ်ခုလုံး ရောဂန္တရကပ် ဆိုက်ရောက်သည်။

ထို့ထက်အလွန်ပို၍ အားကြီးလာလျှင် ကမ္ဘာကြီးသည် လေ ဖျက် သဖြင့် ပျက်စီးရသည်။
 

မောဟနည်းချင်လျှင် အမောဟ (ပညာ) အဖြစ်များအောင် လုပ်ရမည်။

အမောဟ ဖြစ်အောင် သမထဘာဝနာ၊ ၀ိပဿနာဘာဝနာ များများပွားပေးရပါမည်။

တွေဝေသောမောဟသည် စိတ်အလုပ်မရှိမှသာ ဖြစ်ပေါ်နိုင်သောကြောင့် ဗုဒ္ဓါနုဿတိ၊ မေတ္တာ၊ သုဘ၊ မရဏနုဿတိ လေးမျိုးတွင် တစ်မျိုးမျိးပွားများလိုက်သည်နှင့် ပေါ်မလာတော့ပါ။

အညွှန်း – ယုံမှတ်လို့ ပုံအပ်မိသူ ၂၊ မျက်ရည်မကျခင် သိစေချင် စာအုပ်။

This entry was posted in ထေရ၀ါဒ ဗုဒ္ဓဘာသာ and tagged . Bookmark the permalink.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s