အဟောင်းစားသော သူဋ္ဌေးကြီး

ဗုဒ္ဓလက်ထက်က – ကျောင်းဒကာမကြီး ၀ိသာခါသည် (၇)နှစ် သမီးအရွယ်ကတည်းက သောတပန်တည်ခဲ့သည်။ သို့ပေမယ့် တိတ္တိဆရာတွေကိုကိုးကွယ်သော သူဌေးကြီး မိဂါရ၏သား ပုဏ္ဏ၀ဎုနနှင့် အိမ်ထောင်ကျခဲ့ရသည်။ ၀ိသာခါသည် ယောက္ခမကြီး မိဂါရနှင့်သူ့သားတို့အား အမြင်မှန်ရစေရန် အမြဲတန်းစဉ်းစားနေခဲ့သည်။ တစ်နေ့ မိဂါရသူဌေးကြီးထမင်းစားနေစဉ် ၀ိသာခါကအနားမှာထိုင်၍ ယပ်ခတ်ပေးနေစဉ် ရဟန်းတော်တစ်ပါး မိဂါရ၏အိမ်ရှေ့တွင် ဆွမ်းရပ်လေ၏။ ဗုဒ္ဓဘာသာအိမ်ထင်ရင် ရပ်ခြင်းသာဖြစ်သည်။ မိဂါရကား မသိချင်ယောင် မမြင်ချင်ယောင်ဆောင်ကာ ထမင်းကိုသာ ဆက်စားနေသည်။ တကယ့်ဆွမ်းကို လောင်းလှူဖို့နေနေသာသာ ကန်တော့ဆွမ်းကိုပင် လောင်းလှူခြင်းမရှိခဲ့ပါ။

ထိုအခါ သွက်လက်ချက်ခြာသော ၀ိသာခါက ရဟန်းတော်ဘက်လှည့်ကာ လက်အုပ်ချီလျှက် – “အရှင်ဘုရား – တပည့်တော့၏ယောက္ခမကြီးကား အဟောင်းကိုသာစားသည့်အတွက် ကန့်တော့ဆွမ်းပါဘုရား” ဟု ကန်တော့ဆွမ်းလောင်းလိုက်ရာ ရဟန်းတောက အေဆေးငြိမ်သက်စွာဆက်လက်ကြွသွားသော်လည်း မိဂါရသူဌေးကြီးကား အကြီးအကျယ်ဒေါသပုန်ထလေပြီ။ သူ့အား လူတို့၏အညစ်အကြေးအဟောင်းကိုစားသူဟု ပြောခြင်းသည်ကြီးကျယ်သော စော်ကားခြင်းဟု ယူဆကာ ၀ိသာခါအားအိမ်မှ နှင်ထုတ်ရန်ထိ ကြိုးပမ်လေသည်။

ဝိသာခါက အေးအေးဆေးဆေးပင် သူ၏ဖခင်က အပ်နှံထားခဲ့သောသူဌေးကြီးရှစ်ယောက်ကိုခေါ်ယူစေပြီး မည်သူကမှားသည် မည်သူကမှန်သည်ကို မျက်နှာစုံညီဖြေရှင်းစေသည်။ တခြားပြဿနာသုံးလေးခုရှင်းပြီးသည်နှင့် နောက်ဆုံးပြဿနာဖြစ်သောစကားကို ၀ိသာခါရှင်းပြသည်မှာ – “သမီးသည် အဟောင်းစားဟု ဖခင်ကိုဆိုခြင်းမှာ။ လူတို့၏အညစ်အကြေးကျင်ကြီးစားသည်ဟု ပြောဆိုခြင်းမဟုတ်ပါ။ ဖခင်သည် အတိတ်ဘ၀ကပြုခဲ့သော ဒါနကုသိုလ်ကံဟောင်းဖြင့် ယခုဘ၀တွင်ချမ်းသာသုခကို ခံစားနေရပါသည်။ ဒါနကုသိုလ်ကံဟောင်း၏အကျိုးကို ခံစားနေခြင်းကို ရည်ရွယ်ပြီးတော့ အဟာင်းကိုစားနေခြင်းလို့ ပြောဆိုခြင်း ဖြစ်ပါတယ်။ ကုသိုလ်ကံဟောင်းကိုသာ ခံစားနေပြီး ကံသစ်ကို မပြုလုပ်တော့ဘူးဆိုလျှင် နောက်ဘ၀မှာစည်းစိမ်ချမ်းသာကို ယခုလိုခံစားရတော့မှာ မဟုတ်ပါဘူး။ ဒါကို သံဝေဂရစေလိုတဲ့အတွက် ယခုလိုပြောဆိုရခြင်း ဖြစ်ပါတယ်။ ယခုလိုဆိုလျှင် ဖခင်သမီးအပေါ် အထင်မှားနေကြသောသံသယများကို ဖြေရှင်းပြီးပါပြီ။ ဒ့ါကြောင့် သမီးကို မိဘများထံပြန်လည်နေထိုင်ခွင့်ပြုပါတော့။”

ထိုအခါမှ မိဂါရမှာ ပြာပြာသလဲဖြင့် – သမီး ၀ိသာခါ ဘယ်ကိုမှမသွားပါနဲ့။ သမီးရဲ့ဖြေရှင်းချက်များဟာ ဖခင်ရဲ့အသိဉာဏ်များကို ပွင့်လင်းစေပါတယ်။ သမီး ၀ိသာခါကိုးကွယ်တဲ့ရတနာသုံးပါးကို ဖခင်တို့လဲ ကိုးကွယ်ဆည်းကပ်ပါ့မယ်။

နောက်တစ်နေ့တွင် ဘုရားအမှူးရှိသော သံဃာတော်များကို ပင့်ဖိတ်ပြီး တရားတော်ကိုနာယူပြီးသည်၏အဆုံးတွင် မိဂါရသူဌေးကြီးသည် အယူမှားသော ဒိဋ္ဌိနှင့် ၀ိစိကိစ္ဆာပြုတ်ပြီး သောတပန်တည်ခဲ့ပါတယ်။

(ဒီဝတ္ထုကို တင်ပြရခြင်းမှာ- ဒုလ္လဘတရား ၅ ပါးထဲတွင် ပါဝင်သော ရတောင့်ရခဲလှသော လူ့ဘ၀ကို ရလာရခြင်းမှာ – ရှေးဘ၀က ကုသိုလ်ကံကောင်းခဲ့သောကြောင့်ဖြစ်သည်။ ထို့ကြောင့် ရှေးကုသိုလ်ကံကြောင့် လူ့ဘ၀ရရှိသော်လည်း မိဂါရသူဌေးကဲ့သို့ အဟောင်းစားသူများဆိုရင် အားလုံးရဲ့အမြဲနေအိမ်ဖြစ်တဲ့ အပါယ်လေးပါးသို့ ပြန်ရမည်သာဖြစ်ပါတယ်လို့ သံဝေဂ​ရစေရန် ဖြစ်ပါတယ်။)

 

ဒါ့ကြောင့် ဆရာတော်များက ခုလိုဆုံးမတော်မူပါတယ်။

တိပိဋကရေ၊ ယောဆရာတော်ဘုရား –

ကုသိုလ်ကြောင့် လူဖြစ်လာရသည် ဖြစ်၍ လူနှင့် ကုသိုလ်၊ ကုသိုလ်နှင့်လူသည် ခွဲ၍မရချေ။

ကုသိုလ်လမ်းပျောက်ကွယ်သွားသည်နှင့် လူသည် လူ့လမ်းကြောင်းမှ ဖယ်ခွာသွားရမည် ဖြစ်သည်။
      
 

ရွှေဟင်္သာတောရစံကျောင်း ဆရာတော်-

ကုသိုလ်ကို ဘယ်တော့မှ မမေ့ရ။

ကုသိုလ်ကို ကိုယ်ကမေ့ရင်၊ ကုသိုလ်က ကိုယ့်ကိုမေ့လိမ့်မည်။

ကုသိုလ်က ကိုယ့်ကို မေ့လျှင်၊ ဘေးတွေ့လိမ့်မည်။

 

 

This entry was posted in ထေရ၀ါဒ ဗုဒ္ဓဘာသာ and tagged . Bookmark the permalink.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s