လူလေးမျိုးနှင့် ကံ အကျိုးပေးပုံ

“လူလေးမျိုး”
 
၁) လူ့ငရဲသား    – ငရဲသို့ကျရောက်နေကြသောသူများသည် ဒါန၊ သီလ၊ ဘာဝနာတစ်ခုမှ အားထုတ်ခွင့်မရဘဲ၊ နှိပ်စက်ညှင်းပန်းမှုကို စက္ကန့်မလပ် ခံနေကြရသကဲ့သို့ တချို့လူကာ်း ဒါန၊ သီလ၊ ဘာဝနာတစ်ခုမှ အားထုတ်ခွင့်မရဘဲ၊ သတ်မှု၊ ခိုးမှု စသည်များကြောင့် နေ့စဉ် ဆင်းရဲနှိပ်စက်ခြင်း ခံရသော သူများကို ခေါ်သည်။
                      
) လူ့တိရစ္ဆာန်   – တိရစ္ဆာန်များသည် ဒါန၊ သီလ၊ ဘာဝနာတစ်ခုမှ မပြုလုပ်ဘဲ အိပ်၊ စား၊ ကာမ သုံးမျိုးကိုသာ အားထုတ်ပြုလုပ်ရင်း တစ်ဘ၀ဆုံးသွားသကဲ့သို့ တချို့လူကား ဒါန၊ သီလ၊ ဘာဝနာတစ်ခုမှ မပြုလုပ်ဘဲ အိပ်၊ စား၊ ကာမ သုံးမျိုးဖြင့် တစ်ဘ၀ဆုံးသွားသောသူများကို ခေါ်သည်။
 
ဥစ္စာ လေးမျိုး
– ထာဝရ ဥစ္စာ = ရွှေ့ပြောင်း၍မရသော တိုက်၊ ခြံ၊ လယ် စသည်ဖြင့်။
– ဇင်္ဂမ ဥစ္စာ = ရွှေ့ပြောင်း၍ရသော ရွှေ၊ ငွေ၊ ဆင်၊ မြင်း စသည်ဖြင့်။
– အင်္ဂသမ ဥစ္စာ = အသက်မွေးဝမ်းကြောင်းအတွက် တတ်မြောက်ထားသော အတတ်ပညာ။
– အနုဂါမိက ဥစ္စာ = ဒါန၊ သီလ၊ ဘာဝနာ ဆိုသော ကုသိုလ်တရားများ။
 

) လူ့ပြိတ္တာ      – သရတစ္ဆေ သု ခေါ်ဆိုနေကြသော ပြိတ္တာများသည် ဒါန၊ သီလ၊ ဘာဝနာတစ်ခုမှ အားမထုတ်နိုင်ဘဲ ၀မ်းရေး တစ်ခုအတွက်ပဲ ရှာဖွေစားသောက်ရင်း တစ်ဘ၀ဆုံးရသကဲ့သို့ တချို့လူကား ဖြစ်ရပါ၏ ဒါန၊ သီလ၊ ဘာဝနာတစ်ခုမှ အားမထုတ်နိုင်ဘဲ ၀မ်းရေး တစ်ခုအတွက်ပဲ ရှာဖွေစားသောက်ရင်း တစ်ဘ၀ဆုံးရသူများကို ခေါ်သည်။

၎) လူ့ပရမတ္ထ – သူများနှင့် တန်းတူ စီးပွားရေးကိုလည်း သမ္မာအာဇီဝဖြင့် အတန်အသင့် ရှာနိုင်၏။ ဒါန၊ သီလ၊ ဘာဝနာသုံးပါးကိုလည်း တတ်နိုင်သလောက် ကြိုးစားအားထုတ်နိုင်သူကိုသာလျှင် လူ့ပရမတ္ထ လူစစ်စစ် ဟုဆိုရသည်။

 
တစ်ခါက စခန်းမှူးတစ်ယောက် တရားခံတစ်ဦးကို ဖမ်းရန်အတွက် အိမ်တစ်အိမ်၏ဘေးတွင် အသင့်စောင့်နေရင်း အိမ်ပေါ်ဆွမ်းကျွေးမှ ဟောကြားနေသော ရဟန်းတော်တစ်ပါး၏ လူလေးမျိုးကို တရားကို အလိုလိုနာယူမိလျက်သားဖြစ်သွားသည်။ တရားနာပရိတ်များလည်း မိမိကိုယ်ကို လူလေးမျိုးထဲတွင် မည်သည့်ထဲ၌ပါဝင်နေသည်ကို သုံးသပ်ဆင်ခြင်၍ လူ့ပရမတ္ထ ထဲပါအောင် ကြိုးစားကြဖို့ တိုက်တွန်းရင် အောက်ပါလင်္ကာလေးဖြင့် တရားဟောဆရာတော်က တရားကို နိဂုံးချုပ်လိုက်ပါသည်။

လူနဲ့ တိရစ္ဆာန်၊ ခြားနားဟန်၊ နှစ်တန်သိရမည်။

အိပ်စားကာမ၊ သိရုံမျှ၊ မှတ်ကြလူမပီ။

အကုသိုလ်ပယ်၊ ကုသိုလ်ဆွယ်၊ တကယ်လူပီသည်။

လူမပီက။ အပါယ်ကျ၊ ဒုက္ခမလွတ်ပြီ၊

လူပီလေက၊ ချမ်းသာရ၊ ရောက်ရနိဗ္ဗာန်ဆီ။

တရားနိဂုံးချုပ်သွားသော်လည်း စခန်းမှူးက သူ့ကိုယ်ကို စစ်ဆေးကြည့်ရာ လူ့တိရစ္တာန်ထဲတွင်ပါဝင်နေ၍ သံဝေဂဉာဏ်များရပြီး ထိုနေ့ကစပြီး အသောက်အစား အပျော်အပါးများကိုဖြတ်ကာ ဒါန၊ သီလ၊ ဘာဝနာများကို စွမ်းနိုင်သမျှ ကြိုးစားအားထုတ်တော့သည်။ ထိုသို့ ကုသိုလ်တရားတွေကို ပြုစုအားထုတ်ရာမှ တစ်နေ့တွင် အပြစ်တစ်ခုဖြင့် စခန်းမှူးရာထူးမှ လျောကျသွားတော့သည်။ ထိုအခါ စခန်းမှူးစိတ်ထဲတွင် အတွေးအခေါ်မှားများ ၀င်ရောက်လာပါတော့သည်။ ငါဟာ အရင်က တိရစ္ဆာန်တစ်ကောင်လို နေတုန်းကတော့ ဘာမှမဖြစ်ဘဲ၊ အခုလို ကုသိုလ်တရားများကို ကြိုးစားအားထုတ်မှ ရာထူးကျတယ်။ ငါရာထူးကျတာ ဒီကုသိုလ်တရားတွေကြောင့်များ ဖြစ်နေမလား ဟု အတွေးမှားလေသည်။ ထိုအတွေးမှားကို သဘာဝကျကျ စိတ်ကျေနပ်အောင်သာ အဖြေမပေးနိုင်လျှင် ဘာသာအယူပင် ပြောင်းသွားနိုင်ပေသည်။

ထိုစခန်းမှူးသည် ပရိယတ်၊ ပဋိပတ်၊ စွယ်စုံရသော ဓမ္မဒူတ အရှင်ပညာဇောတ ကို မေးလျှောက်လျက်သား ဖြစ်သွားသောကြောင့်သာတည်း။

ဓမ္မဒူတ အရှင်ပညာဇောတက –  စခန်းမှူး ဒါယကာကြီးရဲ့မေးခွန်းကို ဘုန်းကြီးက စကားပုံလေးတစ်ခုနဲ့ နှိုင်းယှဉ်ပြီး ဖြေပါမယ်။ အဲ့ဒီစကားပုံလေးက ဗောဓိပင်ပျိုးတော့ ခြေကျိုးရ၊ ဗောဓိကိုင်းချိုးတော့ ရွှေအိုးရတဲ့။

ဗောဓိပင်ပျိုးတော့ ခြေကျိုးရဆိုတာ အမျိုးသားတစ်ယောက်ဟာ အများသူငါကုသိုလ်ပွားဖို့အတွက် ဗောဓိပင်စိုက်ပျိုးတယ်၊ အဲ့ဒီလို ဗောဓိပင်ပျိုးတဲ့အခါကျမှ တိုင်တစ်လုံးခြေထောက်ပေါ်ပိကျပြီး ခြေကျိုးသွားရတယ်။ အပေါ်ယံမြင်တော့ ကုသိုလ်လုပ်လို့ ခြေထောက်ကျိုးရသလို ဖြစ်သွားတာပေါ့။ တကယ်ကျတော့ ဒီလိုမဟုတ်ဘူး။

အဲ့ဒီအမျိုးသားဟာ တကယ်လို့ ဗောဓိပင်ပျိုးတဲ့ကုသိုလ်သာ မလုပ်ဘူးဆိုရင် သူဟာ သေကိုသေရမှာ။ သေရမယ့် အကုသိုလ်ကံရှိနေတယ်။ ဒါပေမယ့် ဗောဓိပင်ပျိုးတဲ့ကုသိုလ်ကို အားထုတ်လိုက်တဲ့အတွက် သေရမယ့် ဆိုးကျိုးကနေ ခြေထောက်ကျိုးရတဲ့ဆိုးကျိုးကို လျော့သွားတာပေါ့။ အခု စခန်းစခန်းမှူး ဒါယကာကြီးလည်း ကုသိုလ်တရားတွေကို မကြိုးစားဘဲ အရင်အတိုင်းသာ ဆက်နေမယ်ဆိုလျှင် အသက်သေလောက်အောင် ဆိုးကျိုးခံစားရမှာ သေချာနေပြီ။ ဒါပေမယ့် လူလေးမျိုးတရားကို ရုတ်တရက်နာကြားလိုက်ရတာကြောင့် ကုသိုလ်တရားတွေကို အချိန်မီအားထုတ်နိုင်လို့ သေမယ့်ဆိုးကျိုးကနေ ရာထူးကျတဲ့ ဆိုးကျိုးထိ လျော့သွားတာပေါ့။

 

ဗောဓိချိုးတော့ ရွှေအိုးရ ဆိုတဲ့စကားက အမျိုးတစ်ယောက်ဟာ ဘုရားနဲ့ မခြား အများကိုးကွယ်နေကြတဲ့ ဗောဓိပင်က အကိုင်းတစ်ကိုင်းကို ချိုးပစ်လိုက်တယ်။ အဲ့ဒီလို ချိုးပစ်လိုက်ခါမှ ဗောဓိပင်ပေါ်က ရွှေအိုးတစ်လုံးကျလာပြီး ရသွားလို့ ချမ်းသာသွားသတဲ့။ ဒီစကားပုံလေးမှာလည်း အပေါ်ယံကြည့်မယ်ဆိုလျှင်တော့ အကုသိုလ်လုပ်ခါမှ ကောင်းကျိုးပေးပြီး ချမ်းသာသွားသလို ဖြစ်နေတာပေါ့။ အမှန်တော့ ဒီလိုမဟုတ်ဘူး။
အဲ့ဒီ အမျိုးသားဟာ တကယ်လို့ ဗောဓိပင်ကိုင်းချိုးတဲ့ အကုသိုလ်သာ မလုပ်ဘူးဆိုလျှင် ရွှေအိုးအလုံးပေါင်းမရေမတွက်နိုင်အောင် ရရှိမယ့် ကုသိုလ်ကံတွေရှိနေတယ်။ ဒါပေမယ့် ဗောဓိကိုင်းကိုချိုးတဲ့အကုသိုလ်ကို ပြုလုပ်မိခဲ့တဲ့အတွက် ကုသိုလ်အကျိုးတွေ လျော့သွားပြီး ရွှေအိုးအလုံးများစွာ မရတော့ဘဲ တစ်လုံးသာ ရတော့တာပါ။ အကုသိုလ်နဲ့အကျိုးပေးတယ်ဆိုတဲ့သူများ ဒီဒုတိယစကားပုံလေးကို သင်ခန်းစာများများယူသင့်ပါတယ်။

 

 

 

အညွန်း- မျက်ရည်မကျခင် သိစေချင်စာအုပ်။

This entry was posted in ထေရ၀ါဒ ဗုဒ္ဓဘာသာ and tagged . Bookmark the permalink.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s