ကံ အကြောင်း

ခုခေတ်တွင် ဗုဒ္ဓဘာသာအများစုသည် ကံ ကံ၏အကျိုးကို မယုံကြည်။ ဥပမာ – အဆင်မပြေမှု နည်းနည်းကြုံတာနဲ့ ဗေဒင်ဆရာစီပြေးကြ၊ ယတြာချေ၊ နတ်ပွဲပေး…. စသည်ဖြင့် ကျမတို့လက်လှမ်းမမှီနိုင်လောက်အောင် များပြားလွန်းကြပါတယ်။ ထို့ပြင် သူများတွေမကောင်းတာလုပ်ပြီး ကောင်းစားနေကြတာ၊ ကောင်းမှုတွေလုပ်ပြီး ပိုပြီးမကောင်းမှုတွေကို ခံစားနေတာကိုကြည့်ပြီး ကံကံ၏အကျိုးအပေါ်မှာ သက်ဝင်ယုံကြည်မှု နည်းပါးလာတာကို သတိပြုမိပါတယ်။ ဒီလိုအားနည်းလာတာဟာ ကံ၏အကျိုးပေးပုံကို နားမလည် မသိကြလို့ပါ။ အပေါ်ယံအားဖြင့် ဒါတွေဟာ မကြီးမားဘူးလို့ထင်ရပေမယ့် တကယ်တမ်းတော့ ဒီလို ကံ ကံ၏အကျိုးအပေါ်မှာ သက်ဝင်ယုံကြည်မှုနည်းပါးလာပြီး ဗေဒင်၊ ယတြာ၊ နတ် စသည်တို့ကိုအားကိုးလာတာနဲ့သမျှ မိမိတို့သန္တာန်မှာလည်း ရတနာသုံးပါးကွယ်သွားသလို ဗုဒ္ဓရဲ့သာသနာလည်း တဖြည်းဖြည်းကွယ်သွားရပါတယ်။ ဒါတွေကို ဥပမာတွေနဲ့တကွ ဆရာတော်ရဲ့စာအုပ်တွေကနေ ကောက်နှုတ်တင်ပေးသွားပါမယ်။

ကံအကျိုးပေးပုံနှင့် ဥပမာပေးပုံတွေကို မသွားခင်မှာ ၎င်းကံ၏အကြောင်းကို အရင်ဆုံးနားလည်စေရန် ဆွေးနွေးပေးပါမယ်။

ကံ ဆိုသည်မှာ အလုပ်။

အလုပ်ဆိုသည်မှာ စေတနာ။

 

ပုထုဇဉ်တို့တွင် ကုသိုလ်၊ အကုသိုလ်နှင့် အဗျာကထာ ဟူ၍ သုံးမျိုးရှိပါတယ်။

ကုသိုလ်စိတ် = အပြစ်မရှိခြင်း၊ ကောင်းသောအကျိုးကိုပေးခြင်း လက္ခဏာ
အကုသိုလ်စိတ် =  အပြစ်ရှိခြင်း၊ မကောင်းသောအကျိုးကိုပေးခြင်း လက္ခဏာ
အဗျာကတ = ကုသိုလ်ဟူ၍လည်းကောင်း၊ အကုသိုလ် ဟူ၍လည်းကောင်း ခေါ်လို့မရ။
ဝိပါက်စိတ် = ကုသိုလ်၊ အကုသိုလ်နဲ့ ကောင်းကျိုး၊ ဆိုးကျိုး ဖြစ်တဲ့ စိတ်။
ကြိယာစိတ် = ကိလေသာအာသဝေါကုန်ခန်းပြီးဖြစ်တဲ့ ရဟန္တာတို့ ပြုလုပ်တဲ့ ကုသိုလ်ဟာ ကုသိုလ်အမည်မရတော့ဘဲ

ဗုဒ္ဓက – ကုသိုလ်ဖြစ်ရခြင်း၏အကြောင်းရင်းသည် ယောနိသောမနေသီကာရ – နှလုံးသွင်းမှု မှန်ကန်ခြင်း နှင့်။

အကုသိုလ်ဖြစ်ခြင်း၏အကြောင်းရင်းသည် အယောနိသောမနေသီကာရ- နှလုံးသွင်းမှု မမှန်ကန်ခြင်း ကြောင့်ဖြစ်သည်ဟု ဟောကြာတော်မူခဲ့ပါသည်။

 

သဘောထား သေးသိမ်သူသည် သူတစ်ပါးအပြစ် ကိုသာ မြင်လေ့ရှိ၏။

သဘောထား ပြည့်ဝသူများကား မိမိအပြစ် ကိုသာ မြင်လေ့ရှိ၏။

သဘောထား အပြည့်ဝဆုံး ပုဂ္ဂိုလ်များကား မည့်သူကိုမှ အပြစ်မမြင် တော့။

 

ကုသိုလ်အစွမ်းနှင့် အကုသိုလ်အစွမ်း

ကုသိုလ်ကံသည် လှေနှင့်တူ၍ အကုသိုလ်ကံသည် ကျောက်ခဲနှင့် တူသည်ဟု ဆိုသည်။

ကျောက်ခဲအသေးလေးကို ရေထဲပစ်ချလျှင် ကျောက်ခဲအကြီးကဲ့သို့ နစ်မြှုပ်တတ်သည်သာ ဖြစ်၏။

အကုသိုလ်ကံသည် မည်မျှသေးငယ်စေကာမှု ကုသိုလ်ကံမရှိလျှင် ဧကန်မုချ အပါယ်ငရဲသို့ ချနိုင်သည်။

အကုသိုလ်တွေ မည်မျှများသော်လည်း တစ်ခါတစ်ရံမျှသာ ပြုသော ကုသိုလ်ကံလေးကလည်း ကုသိုလ်ရှင်ကို နတ်ရွာသုဂတိသို့ သယ်ပို့ပေးနိုင်သည်။ (အာဏာပါးကွက်သားကြီး)

ကုသိုလ်စွမ်းနိုင်သလောက် လုပ်နေမယ်ဆိုရင် ကုသိုလ်ကံက အနိုင်ရပြီး သေးမွှားသော အကုသိုလ်ကံများက နောက်ဆုတ်သွားကာ အကျိုးပေးခွင့် မရနိုင်တော့ချေ။ (အင်္ဂုလိမာလ)

 

(တစ်နည်း)

လမ်းသည် စုန်လမ်းဆန်လမ်းဟူ၍ နှစ်မျိုးရှိသည်။ ဤသည်ကား ရေလမ်းခရီးကို ဆိုလိုသည်။

စုန်လမ်း (အကုသိုလ်) သည် ဘာမျှအားစိုက်စရာမလို၊ အသာမျှောချလိုက်သွားရုံသာရှိသည်။ ဆန်လမ်းကား ချွေးဒီဒီးကျအောင် လှော်ခတ်ပါမှ နည်းနည်းပဲရွေ့သည်။

စုန်လမ်း၏နောက်ဆုံးပန်းတိုင်ကား သမုဒ္ဒရာအတွင်းရောက်၍ နစ်မြှုပ်ပျက်စီးရခြင်းတည်း။

ဆန်လမ်း (ကုသိုလ်) ၏နောက်ဆုံးပန်းတိုင်ကား ရေတို့၏ပထမဆုံးစီးကျရာ တောင်ထိပ်သို့ရောက်မည်ဖြစ်၏။

စုန်လမ်းသည် အကုသိုလ် ဒုစရိုက်လမ်းဖြစ်ပြိး စိတ်၏ပကတိသဘောထားသည်ကား အကုသိုလ်သာ၌သာ ပျော်၏။ ထိုကြောင့် အပါယ်ငရဲပန်းတိုင်သို့သာ ရောက်ပေလိမ့်မည်။

အပင်ပန်းဆင်းရဲခံပြီး ကုသိုလ်ဆန်လမ်းသို့ လိုက်ခဲ့မည်ဆိုလျှင်ကား လူ နတ် ဗြဟ္မာ ချမ်းသာကို သာမက နိဗ္ဗာန်ချမ်းသာကိုပင်ရနိုင်ပေသည်။

 

ထို့ကြောင့်
မဃဒေ၀ မှာ ဗုဒ္ဓက –

“အကုသလ၊ ကုသလ၏၊ ကမ္မဿကာ၊

လက္ခဏကို၊ မြဲစွာဝမ်းတွင်၊ နှလုံးသွင်းလော့၊

မပျင်းကုသိုလ်၊ ထိုပုဂ္ဂိုလ်ကား

ကိုယ့်ကိုချစ်သူ၊ မည်သောဟူ၏။”

အကုသိုလ် အလုပ်မှန်သမျှ သူတစ်ပါး သိသည်ဖြစ်စေ မသိသည်ဖြစ်စေ အကုန်ရှောင်ကြဉ်ရ၏။

ကုသိုလ်မှန်သမျှ သေးသေးလေးပါ မကျန် အကုန်ပြုလုပ်ရ၏။

မိမိစိတ်ကို ဗုဒ္ဓါနုဿတိ၊ မေတ္တာ၊ အသုဘ၊ မရဏနုဿတိ၊ ၀ိပဿနာ တစ်ခုခု အမြဲတမ်းပွားများနေပြီး ဖြူစင်အောင် ထားရ၏။

 

 မစိုးရိမ်ဆရာတော်ဘုရားကြီး –

“ကုသိုလ်အလုပ်ဆိုတာ ဘယ်သူမဆိုလုပ်ရမှာ ပျင်းကြတယ်။

မလုပ်ချင်ပေမယ့် ပေပြီးလုပ်ရတယ်။

အကုသိုလ်ကျတော ဘယ်သူမဆို မတိုက်တွန်းရဘူး။ လုပ်ချင်နေကြတယ်။

အကုသိုလ်လုပ်ဆိုတာ လုပ်ချင်ပေမယ့် ပေပြီးမလုပ်ဘဲ ရှောင်နေရမယ်။

 
အညွန်း-  စုန်လမ်းနှင့်ဆန်လမ်းစာအုပ်၊ မြန်မာတို့၏အသက်စာအုပ်၊ ယုံမှတ်လို့ ပုံအပ်မိသူစာအုပ်။

 

This entry was posted in ထေရ၀ါဒ ဗုဒ္ဓဘာသာ and tagged . Bookmark the permalink.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s