သရဏဂုံပျက်ခြင်း နှင့် ညှိုးနွမ်းခြင်း

ရတနာသုံးပါးသည် ဗုဒ္ဓဘာသာဝင်အားလုံးအတွက် ပင်စည်ကြီး တစ်ခုဖြစ်ပါသည်။ မိမိဆောက်တည်ထားတဲ့ သရဏဂုံဟာ ဘာမှရောယှက်ခြင်းမရှိသော ဒုဒ္ဓသရဏဂုံလား။ ဒါမှမဟုတ် ညိုးနွမ်းနေပြီလား။ ပျက်နေပြီးလားဆိုတာကို ဆန်းစစ်ကြည့်ပါလို့ တိုက်တွန်းပါတယ်။

ပထဦးဆုံးအနေနဲ့ သိရမှာက လောကီ သရဏဂုံနှင့် လောကုတ္တရာသရဏဂုံ ဆိုပြီး သရဏဂုံ နှစ်မျိုး ရှိပါတယ်။ လောကီ သရဏဂုံသည် ပုထုဇဉ်တို့တည်သော သရဏဂုံဖြစ်ပြီး အရိယာသူတော်ကောင်းတို့ တည်သောသရဏဂုံသည်  လောကုတ္တရာသရဏဂုံ ဖြစ်ပါတယ်။

အရိယာသူတော်ကောင်းတို့တည်သော လောကုတ္တရာသရဏဂုံကတော့ ဒီဘ၀သေသွားပြီးနောက် ဘယ်ဘ၀ရောက်ရောက် မပျက်စီးပါဘူး။ လောကုတ္တရာသရဏဂုံတည်ဖို့ရတော့ ၀ိပဿနာတရားကို ဆရာကောင်းဖြင့် နာကြားအားထုတ်ခြင်းပါပဲ။ အရိယာသူတော်ကောင်းတို့ ရတနာသုံးပါးပေါ် ယုံကြည်မှုသည် မြေထဲအတောင်များများဝင်အောင် ရိုက်သွင်းထားသော သံတိုင်၊ ကျောက်တိုင်သည် အရပ်လေးမျက်နှာမှ တိုက်ခတ်လာသောလေကြောင့်လည်း မတုန်လှုပ်ပေ။

ပုထုဇဉ်တို့၌တည်သော လောကီသရဏဂုံမှာကတော့ တစ်ဘ၀တည်း၌ပင် နှစ်ခါပျက်နိုင်ပေသည်။ ပုထုဇဉ်တို့၏ ရတနာသုံးပါးမှာ ယုံကြည်မှုကား ဖွဲပုံပေါ်ကလေးစိုက်ထားသော ၀ါးခြမ်းပြားနှင့် မခြားနားပေ။ လေပြင်းတစ်ချက် ဝှေ့လိုက်ရုံဖြင့် လဲသွားနိုင်သည်။

တစ်ခါက လူပြည့်တင်လာသော လှေတစ်စင်းသည် ပုဂံညောင်ဦးနားအရောက်မှာ လှိုင်းပုတ်ပြီး လှေမှောက်ကာ ထိုထဲမှ လူလေးယောက်သည် ကံကောင်းထောက်မစွာ မှောက်နေသောလှေကို ပြန်၍တွယ်ဖက်မိကြသည်။ လှိုင်းကလည်းထန်၊ ကမ်းကလည်းဝေးနေသောကြောင့် သေမည် ရှင်မည်ကို မသိသေး။ ထိုချိန်တွင် အသက်ကြီးသော တစ်ယောက်က ရွှေစည်းခုံဘုရားကို အာရုံပြုကာ – ရွှေစည်းခုံဘုရားကြီး၊ ဘုရားတပည့်တော်တို့၏အသက်ကို ကယ်တော်မူပါ။ တပည့်တော်အသက်ဘေးမှလွတ်ခဲ့လျှင် ရှိသမျှဥစ္စာအားလုံးထုခွဲ၍ ရွှေသင်္ကန်းကပ်လှူပါမည်ဘုရား ဟု အသံကျယ်ကျယ်ဖြင့် အဓိဋ္ဌာန်ပြုလိုက်ကာ တိုက်တိုက်ဆိုင်ဆိုင်ပင် သူ့အဓိဋ္ဌာန်ပြုပြီးသည်နှင့်တပြိုင်နက် လှိုင်းထန်တာတွေရပ်ပြီး ကောင်းကင်လည်း ကြည်လင်ကာ ကမ်းနားဘက်သို့ တဖြည်းဖြည်းမျောပါသွားလေသည်။ ထိုအချိန်တွင် ထိုသူကြီး၏ အဓိဋ္ဌာန်မှာ တစ်မျိုးပြောင်းသွားလေသည်။
တပည့်တော် မရှိဆင်းရဲသားမို့ ရှိသမျှဥစ္စာထဲက တစ်ဝက်လောက်နဲ့ပဲ ရွှေချပါရစေဘုရားဟု ပြောင်းသွားလေသည်။
ကမ်းသို့ရောက်ရန် ၀ါးသုံးပြန်လောက်အလိုတွင်ကား – စိတ်နိုင်ကိုယ်နိုင်ရွှေဆိုင်းတစ်ဆိုင်းလောက်ပဲ လှူပါရစေဘုရား။
ကမ်းပေါ်သို့လည်းရောက်ရော- ထိုလူကြီးပြောလိုက်သောစကားကား- အင်း ကျုပ်လည်း ကြောက်အားလန့်အား ဘာတွေပြောမိလိုက်မှန်းတောင် မသိတော့ပါဘူးဗျာ။

သရဏဂုံ ပျက်ခြင်း နှစ်မျိုး

၎င်းးပျက်ခြင်းတို့မှာ အပြစ်မရှိသောပျက်ခြင်းနှင့် အပြစ်ရှိသောပျက်ခြင်း တို့ပင်ဖြစ်သည်။

၁) အပြစ်မရှိသောပျက်ခြင်း

ပုထုဇဉ် ဗုဒ္ဓဘာသာဝင်တစ်ယောက် အသက်သေဆုံးသွားလျှင် သရဏဂုံ ပျက်သွားသည်။ ယင်းသို့သော သရဏဂုံပျက်ခြင်းသည် ဓမ္မတာသဘောဖြစ်ခြင်းကြောင့် အပြစ်လည်း မရှိပါ အကုသိုလ်လည်း မဖြစ်ပါ။

 

၂) အပြစ်ရှိသော ပျက်ခြင်း

အကြင်သူသည် ဘုရား တရား သံဃာ မှတစ်ပါး အခြားသော ဘိုးတော်မယ်တော် ရိုးရာနတ်များ၊ (၃၇)မင်းနတ်များကို အရှင်ကြီး အရှင်ကောင်းတို့အား ကျွန်တော်မျိုးတို့၏ အသက်နှင့် ခန္ဓာကိုယ်ကို အပ်နှင်းလှူဒါန်းကိုးကွယ်ပါ၏ ဟုဆိုပြီး ရှိခိုးကန်တော့လိုက်လျှင် ထိုသူသရဏဂုံပျက်လေတော့သည်။ ယင်းသို့သော ဖြစ်ပျက်ခြင်းမျိုးကို အပြစ်ရှိသော အကုသိုလ်ဖြစ်သော သရဏဂုံပျက်ခြင်း ဟု မှတ်ရပါမည်။
  (မူလပဏ္ဏာသ၊ အဋ္ဌကထာ)

 

တချို့သောသူတို့သည် သရဏဂုံမပျက်သော်လည်း သရဏဂုံညိုးနွမ်းသွားခြင်း ခံရပါတယ်။

သရဏဂုံညစ်နွမ်းခြင်း အကြောင်းရင်း တွေကတော့

– မိဿကသရဏဂုံ = ရတနားသုံးပါးအပြင် မနှဲလေး. ကိုကြီးကျော် စသောနတ်တွေကို ကိုးကွယ်ခြင်း။

– အဉာဏ = ရတနာသုံးပါး၏ စွမ်းရည်သတ္တိနှင့် ကောင်းကျိုးများကို သေချာမသိခြင်း၊

သံသယ = ရတနာသုံးပါးဟာ တကယ်အားကိုးလောက်တာ ဟုတ်ရဲ့လား ဟူ၍ ရတနာသုံးပါးအပေါ် ယုံမှားသံသယဖြစ်လာခြင်း။

( ရတနာသုံးပါး၏ စွမ်းရည်သတ္တိ သိအောင် အားထုတ်ရင်း ပယ်ဖျောက်ရသည်။)

– မစ္ဆာဉာဏ = ရတနာသုံးပါးအပေါ်မှာ မှားယွင်းသော  ယုံမှားသံသယပေါ်ခြင်း။

(ရတနာသုံးပါးအပေါ် သဒ္ဓါတရားယုံကြည်ဉာဏ်ကို ခိုင်ခိုင်မာမာထားပြီး ပယ်ဖျောက်ရသည်။)

အပြစ်ရှိသော သရဏဂုံပျက်သည်ဖြစ်စေ၊ သရဏဂုံညိုးနွမ်းသွားရသည်ဖြစ်စေ သရဏဂုံ၏ ကောင်းကျိုးကို ကောင်းစွာ မခံစားနိုင်ပေ။ ဤသို့သော အခြေအနေများဟာ သရဏဂုံသည် မစွမ်းခြင်းမဟုတ်။ ဆောက်တည်သူတို့ကြောင့် ဖြစ်ပါတယ်။

 ဥပမာအားဖြင့် ရေသည် သန့်စင်တယ်၊ အေးမြ ချိုမြိန်သည်။ ဆားထည့်လိုက်ရင် ငန်သလို၊ သကြားထည့်လိုက်ရင် ချိုသွားသလို၊ ဆေးရောင်ထည့်ရင်လည်း အရောင်ပြောင်းလည်းသွားသောကြောင့် မူလရေရဲ့အစွမ်းသတ္တိတွေ ပြယ်ပျက်ခြင်းကို ခံရပါတယ်။ ထို့အတူ သရဏဂုံအစွမ်း မူလရင်းက အေးမြအစွမ်းထက်ပါသော်လည်း တခြားသော နတ်၊ ဘိုးတော် စသည်တို့ကို ကိုးကွယ်ခြင်းကြောင့် သရဏဂုံရဲ့မူလအစွမ်းကို ပြယ်သွားစေပါတယ်။

 

 

အညွှန်း- မိရိုးဖလာနှင့် တကယ့်ဗုဒ္ဓဘာသာ စာအုပ်၊ အရှူံးမရှိသော ဒဿနစာအုပ်၊ မြန်မာတို့၏အသက် စာအုပ်၊ အတွင်းရန်သူစာအုပ်။

ဓမ္မမိတ်ဆွေတို့လည်း ရတောင့်ရခဲလှတဲ့ လူဘ၀ရပြီး ဗုဒ္ဓဘာသာဝင်လည်း ဖြစ်ခွင့်ရတဲ့အတွက် အင်မတန်မှ ကြုံတောင့်ကြုံခဲ ရတောင့်ရခဲလှသော အခွင့်အရေးကြုံပါလျှက်နဲ့ ထိုအခွင့်အရေးကို လက်လွှတ်မခံကြဖို့ အကြံပေးတိုက်တွန်းလိုက်ပါတယ်ရှင်။
စိတ်၏ချမ်းသာခြင်း ကိုယ်၏ကျန်းမာခြင်းများ ပြည့်စုံပြီး ဒီဘ၀မှာ လောကုတ္တရာသရဏဂုံ တည်ပါစေလို့ ဆုမွန်ကောင်း တောင်းလိုက်ပါတယ်ရှင်။
မေတ္တာရိပ်

This entry was posted in ထေရ၀ါဒ ဗုဒ္ဓဘာသာ and tagged . Bookmark the permalink.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s