မိရိုးဖလာဗုဒ္ဓဘာသာဝင်နှင့် တကယ့်ဗုဒ္ဓဘာသာဝင်

မိရိုးဖလာဗုဒ္ဓဘာသာဝင်နှင့် တကယ့်ဗုဒ္ဓဘာသာဝင်တို့သည် သာမန်အချိန်တွင်ကား မကွဲပြားပေ။ ကွဲပြားသောအချိန်ကား ဘာသာခြားနှင့် အိမ်ထောင်ပြုသောအချိန်၊ ဘာသာခြားက လာဘ်လာဘနှင့် မြှူဆွယ်သောအချိန်ပင်ဖြစ်ပါသည်။ ထိုအချိန်မျိုးတွင် မိရိုးဖလာဗုဒ္ဓဘာသာဝင်များမှာ ဘာသာခြားနောက်ကောက်ကောက်ပါအောင် ပါသွားသော်လည်း တကယ့်ဗုဒ္ဓဘာသာဝင်များမှာ မိမိဘာသာ၌ မယိုင်မလဲခိုင်မြဲစွာ ရပ်တည်နိုင်ကြပေသည်။ 

မိရိုးဖလာဗုဒ္ဓဘာသာဝင်သည် ရတနာသုံးပါးကို မသိဘူး။ ဘာမှတန်ဘိုးမထားဘူး။ ဒါ့ကြောင့် ဘာသာခြားနောက်ပါသွားပြီး ဗုဒ္ဓဘာသာကို စွန့်တယ်။ ထို့ကြောင့် မိရိုးဖလာဗုဒ္ဓဘာသာဝင်အဖြစ်မှာပင် တန့်ရပ်ပြီး ဘာသာရေးအတွေးအခေါ်များ အိပ်မောကျမနေကြပါနှင့်။ တရားတွေနာ၊ စာပေမျိုးစုံကြည့်ရှု၍ ဘာသာအားလုံးနှင့် နှိုင်းယှဉ်လေ့လာပြီး တကယ့်ဗုဒ္ဓဘာသာဝင်ဖြစ်အောင် ကြိုးစားကြပါလို့ အလေးအနက်သတိပေးပါသည်။

မန်လည်ဆရာတော်ကြီးက ပတ္တမြားရတနာက ပြည်တန်လှအောင် တန်ဘိုးရှိပါသော်လည်း တွေ့ရှိသောသူက တိရစ္ဆာန်ကြက်တစ်ကောင်ဖြစ်နေရာ ပြည်တန်ပတ္တမြားကို ခြေနှင့်ယက်ကန်ပစ်ပြီး ဆန်ကွဲစေ့ကိုသာ မြိန်ရေယှက်ရေးစားသကဲ့သို့ မြန်မာနိုင်ငံမှ အချို့ဗုဒ္ဓဘာသာဝင်များမှာလည်း ပတ္တမြားရတနာနှင့်တူသော ဗုဒ္ဓဘာသာကို စွန့်ပစ်ပြီး ဆန်ကွဲစေ့နှင့်တူသော မဖြစ်စလောက် အထောက်အပံ့များကို မက်မောကာ ဘာသာခြားတို့လက်ဝယ်၌ ဒုက္ခဖြစ်နေရသည်ကို ရင်မောဖွယ်ရာ မြင်နေရပါ၏။

 

” မိရိုးဖလာ ဗုဒ္ဓဘာသာဝင်” ဆိုတာ ဘာလဲ။

မိမိရဲ့ အဖေ၊ အမေ၊ အဖိုး၊ အဖွားတွေ ဗုဒ္ဓဘာသာဝင်လို့ မိမိလည်း ဗုဒ္ဓဘာသာဝင်လိုက်တာ။

ဘုရား၊ တရား၊ သံဃာ အကြောင်း နကန်းတစ်လုံးမသိဘူး။ သိလည်း မသိချင်ဘူး။

အခုလို ဘုရား၊ တရား၊ သံဃာ နဲ့ ပတ်သက်တဲ့ တရားပွဲလည်း လုံးဝမလာဘူး။

တစ်ခါ ဘုရား၊ တရား၊ သံဃာနဲ့ ပတ်သက်တဲ့ စာအုပ်တွေ လုံးဝမဖတ်ဘူး။

ဘာသာရေးစာအုပ်လည်း မကိုင်ကြည့်ဘူး။

ဘုန်းကြီးလည်း မဆည်းကပ်ဘူး။

အဲလို ဘာမှ မသိဘဲဖြစ်နေတဲ့သူတွေကို မိရိုးဖလာ ဗုဒ္ဓဘာသာဝင် လို့ မှတ်လိုက်ပေါ့။

 
“တကယ့် ဗုဒ္ဓဘာသာဝင်” ဆိုတာ ဘာလဲ။

ငါ့ အဘိုး၊ အဘွား၊ အဖေ၊ အမေ ဗုဒ္ဓဘာသာဝင်ဖြစ်လို့ ငါဗုဒ္ဓဘာသာဝင်ဆိုတာ သဘာဝမကျဘူး။

သံသရာတစ်လျှောက် ကိုးကွယ်မယ့် ဘာသာကိုတော့ ငါသေသေချာချာစစ်ဆေးပြီးမှ ကိုးကွယ်မယ်လို့ တကယ့်ဗုဒ္ဓဘာသာက အဲဒီစိတ်ရှိတယ်။

ဒါကြောင့် တရားပွဲတွေဆို သူလိုက်နာကြည့်တယ်။ လေ့လာတယ်။ ဘာသာရေးစာအုပ်ဆိုလည်း ရသလောသူဖတ်ကြည့်တယ်။ လေ့လာတယ်။

မသိတာရှိရင် ရဟန်းသံဃာတွေကို မေးတယ် မြန်းတယ်။ ဒီတော့ တကယ်သိသွားတယ်။

အဲဒီမှာတင် ရတနာသုံးပါးကို နှလုံးသားမှာ လှိုက်လှိုက်လှဲလှဲ တကယ်ကြည်ညိုသွားတယ်။ အဲ့ဒါ တကယ့်ဗုဒ္ဓဘာသာဝင် ပါ။
 

အင်္ဂလိပ်လူမျိုး ခရစ်ယာန်ဘာသာဝင်တစ်ယောက်ရေးတဲ့ မြန်မာ့သမိုင်းအကျဉ်းကို အင်္ဂလိပ်လိုရေးခဲ့ပြီး တခြားပုဂ္ဂိုလ်တွေရဲ့မြန်မာပြန်ပါ။ တကယ့်ဖြစ်ရပ်ပါ။ စိတ်ဝင်စားအောင် အံ့သြအောင်ရေးတာ မဟုတ်ပါဘူး။

သက္ကရာဇ် အေဒီ ၁၀၄၂ခုနစ် ဟံသာဝတီနေပြည်တော် (ရန်ကုန်၊ ပဲခူး၊မွန်ပြည်နယ် အားလုံးကို ခေါ်ပါတယ်) မှာ တိဿမင်းကြီးက အုပ်ချုပ်ခဲ့ပါတယ်။ မွန်လူမျိုး ဗုဒ္ဓဘာသာဝင်တွေပါပဲ။ ဒါပေမယ့် ခစားတဲ့မူးမတ် သေနာပတိတွေက ဗြဟ္မဏဘာသာဝင်တွေပါ။

မူးမတ်တွေက ဘုရင်ကို သူတို့ဘာသာထဲဝင်အောင် နေ့စဉ်ဆွဲဆောင်တယ်။ “အရှင်မင်းကြီးတို့ ဗုဒ္ဓဘာသာဆင်းတုတော်တွေက ကျက်သရေမရှိဘူး။ ဗုဒ္ဓဘုရားဆိုတာ ပရိနိဗ္ဗာန်စံသွားပြီ။ သေပြီးသူရဲ့ရုပ်တုဆိုတာ အသုဘကြီးပဲ။ ဒါကြောင့် အကျိုးမရှိပါဘူး။ ကျွန်ုပ်တို့ကိုးကွယ်တဲ့ ဗြဟ္မာဟာ ယခုသက်ရှိထင်ရှားရှိတယ်။ အ၀ိညာဏက အသက်မရှိသောပုဂ္ဂိုလ်ကို ကိုးကွယ့်မယ့်အစား အသက်ရှိသော ဗြဟ္မာကို ကိုးကွယ်စမ်းပါလို့” နေ့စဉ်ဆွဲဆောင်သောကြောင့် ကြာသော် တိဿမင်းကြီးသည် ဗုဒ္ဓဘာသာကို စွန့်ပြီး ဗြဟ္မဏဘာသာဝင် ဖြစ်သွားပါတယ်။ ဒီနေရာမှာ မိရိုးဖလာဗုဒ္ဓဘာသာဝင်နှင့် တကယ့်ဗုဒ္ဓဘာသာဝင် ကွဲပြားသွားပါပြီ။

တိဿမင်းကြီး  ဗြဟ္မဏဘာသာဝင် ဖြစ်သွားတော့ သူ့တိုင်းပြည်မှာ ဗုဒ္ဓဆင်းတုတော်တွေကို ပြောက်ပျက်ကြရမယ်။ ဗုဒ္ဓဆင်းတုတော်ကိုးကွယ်တာတွေ့လျှင် ဆင်နင်းဖြင့် အသတ်ခံရမည်ဟု အမိန့်ထုတ်လေသည်။ ထိုအချိန်တွင် ထလထော် (တရားသခင်မ) အမည်ရှိ မိန်းကလေးသည် သူများတွေ ဗုဒ္ဓဆင်းတုတော်တွေကို စွန့်ပစ်ကြသော်လည်း သူကတော့ ဆက်လက်ကိုးကွယ်လျက်ရှိပေသည်။ ထို့ကြောင့် ဟံသာဝတီတွင် သူသာလျင် ဗုဒ္ဓဘာသာဝင်တစ်ယောက်သာ ကျန်တော့သည်။

တနေ့ ထလထော်သည် သူ့သူငယ်ချင်းများနှင့် ရေချိုးနေစဉ် မြစ်ထဲတွင် စွန့်ပစ်လိုက်သော ဗုဒ္ဓဆင်းတုတော်များ မျောပါလာသည်ကို ဆယ်၍ သူ့အိပ်ခန်းတွင် ကိုးကွယ်ထားလေသည်။

ထိုသည်ကို ဘုရင်သိရှိသွားသော်ကြောင့် ထလထော်ကို ဆင်နဲ့နင်းသတ်ဖို့ အမိန့်ထုတ်လေသည်။ ထလထော်သည် ရွှင်ရွှင်လန်းလန်းနှင့်ပင် ရတနာသုံးပါးနှင့် သေမည်ဟူ၍ သရဏဂုံစောင့်လိုက် ငါ့ကိုသတ်မယ့် ဆင်ကြီးရော ဘုရင်ကိုပါ မေတ္တာပွားလိုက်ဖြင့် လိုက်သွားလေသည်။ နင်းသတ်မည့်ဆင်သည် ထလထော်အနားသို့ရောက်သော်အခါ ဆင်သည် အော်၍ ထွက်ပြေးလေသည်။ တခါ ထလထော်ကို ဖျာနဲ့အုပ်ပြီး ဆင်နဲ့နင်းသတ်ဖို့ကြိုးစားပြန်တယ်။ ဒီတစ်ခါလည်း ဆင်ကြီးလှည့်ပြေးပြန်တယ်။

တင်းကုပ်ထဲက လူသတ်ဖို့သင်ထားပေးမယ့်ဆင်တွေလည်းကုန်ရော မီးနဲ့သတ်ပြန်တယ်။ မီးဟုန်းဟုန်းတောက်နေတဲ့ မီးပုံပေါ်ကို ထလထော်ကိုတင်လိုက်ရော မီးတွေဟာ ရေနဲ့ပက်ဖြန်းသလို ငြိမ်းကျသွားတယ်။ ထလထော်ရဲ့အသား မွေးညှင်းတစ်ပင်တောင် မီးမလောင်ပါဘူး။ ဒီလိုနဲ့ သုံးခေါက်ထိထိကြိုးစားပြီးသတ်သော်လည်း အရင်အတိုင်းပင်။

ဒါနဲ့ မြေမြှုပ်သတ်ဖို့ ကြိုးစားပြန်တယ်။ ထလထော်ကို မြေကျင်းထဲထည့်ပြီး ဘုရင်က ကျင်းနှုတ်ခမ်းမှာရပ်ပြီးထလတော် နင်တော်တော်ခေါင်းမာတာပဲ။ ဒီဟံသာဝတီမှာ နင်တစ်ယောက်ပဲ ဗုဒ္ဓဘာသာဝင်ရှိတော့တယ်။ အားလုံး ဗြဟ္မဏဘာသာဝင်ဖြစ်ကုန်ပြီ။ နင်ကိုးကွယ်တဲ့ ဗုဒ္ဓဆင်းတုတော်တွေရဲ့အစွမ်းကို ငါသိချင်တယ်။ နင့်အိမ်မှာ ဗုဒ္ဓဆင်းတုတော် ၈ဆူရှိတယ်ကြားတယ်။ အဲ့ဒီဆင်းတုတော်တွေကို ကောင်းကင်ကနေ နန်းတော်ထဲကို ပင့်နိုင်မယ်ဆိုရင် နင့်ကိုသေဘေးကလွတ်မယ်။ ငါအပါအ၀င် တိုင်းပြည်သူများအားလုံး ဗုဒ္ဓဘာသာကို ပြန်ကိုးကွယ်မယ်တဲ့။

ထလထော်က ခေါင်းမော့ပြီး မင်းကြီး မင်းမှာ ကတိ၊ လူမှာ သစ္စာ။ ကျွန်တော်မျိုးမ ရအောင်ပင့်ပေးပါ့မယ်။

ဗုဒ္ဓဂုဏော အနန္တော၊

ဓမ္မဂုဏော အနန္တော၊

သံဃဂုဏော အနန္တော၊

ဘုရား တရား သံဃာ ကျေးဇူးများသည် မရေမတွက်နီုင်အောင် များပြားလှပါသည်ဘုရား။ တပည့်တော်မသည် ဘုရား တရား သံဃာကို အသက်နဲ့လဲပြီးတော့ ကိုးကွယ်ပါသည်ဘုရား။ ဤစကားသည် မှန်ကန်ပါသည်။ ဤမှန်သော သစ္စာ၏အာနုဘော်တော်ကြောင့်လည်းကောင်း၊ ဘုရား တရား သံဃာရတနာသုံးပါး၏ တန်ခိုးတေဇော် အာနုဘော်တို့ကြောင့်လည်းကောင်း အယူမှားနေကြတဲ့ တိဿဘုရင်နှင့်တကွ တိုင်းသူပြည်သားအားလုံး အယူမှန်ရစေခြင်းငှာလည်းကောင်း၊ တပည့်တော်မ၏အခန်းထဲမှာ ကိုးကွယ်ထားတဲ့ ဗုဒ္ဓဆင်းတုတော်ရှစ်ဆူတို့သည် ကောင်းကင်ခရီးက ဈာန်ယာဉ်စီးပြီးတော့ ဘုရင့်နန်းတော်ထဲသို့ ကြွလာပါစေသား မြတ်စွာဘုရား။ (သာဓု)*၃

သစ္စာရဲ့အစွမ်း၊ ရတနာသုံးပါးရဲ့အစွမ်း နှစ်ခုပေါင်းပြီးတော့ ထလထော်ရဲ့အခန်းထဲက ဆင်းတုတော်ရှစ်ဆူဟာ တကယ်ကိုကြွလာပါတယ်။ ကောင်းကင်က ကြွလာတော့ နေရောင်ကလည်းထိုး၊ ရွှေရောင်နဲ့ဝင်းပြောင်နေတော့ တိုင်းသူပြည်သားရောတဿဘုရင်ကြီးလည်း လက်အုပ်ချီပြီး ဖူးရင်နဲ့ မျက်ရည်တွေ တစ်ပေါက်ပေါက်ကျလာပါတယ်။ အသက်မရှိတဲံ အ၀ိဉာဏကဗုဒ္ဓဆင်းတုတော်တွေတောင်မှ ဒီလောက်တန်ခိုးကြီးမားရင် သက်တော်ထင်ရှားဘုရားများဆိုရင် ဘယ်လောက်များတန်ခိုးကြီးမားလိုက်မလဲ။

နောက်ဆုံးတော့ တိဿဘုရင်ကြီးအပါအ၀င် တိုင်းသူပြည်သားများအားလုံး ဗုဒ္ဓဘာသာဝင်များ ပြန်ဖြစ်လာကြပြီး ထလထော်ကိုလည်း ဘဒြာဒေ၀ီအမည်နဲ့မိဖုရားမြောက်လိုက်ပါတယ်။ မူးမတ်တွေကိုတော့ ထလထော်လက်ထဲကို ဘုရင်က အပ်လိုက်ပါတယ်။ ဗုဒ္ဓဘာသာဟာ ကြင်နာသနားတတ်ပါတယ်။ (ဗုဒ္ဓပရိနိဗ္ဗာန်စံပြီးနောက် သာသနာနှစ် ၂၅၅၀ကျော်သည်အထိ ဘာသာရေးအတွက် သွေးလုံးဝမစွန်းသော တစ်ခုတည်းသာ ဘာသာဖြစ်ပါသည်။) ထလထော်ကတော့ ဗြဟ္မဏဘာသာဝင် မူးမတ်တွေကို သင်တို့နဲ့ပတ်သက်တဲ့နိုင်ငံကိုသာ သွားကြပါလို့ဆိုပြီး တိုင်းပြည်ကနေ နှင်ထုတ်လိုက်ပါတယ်။

နောက်တစ်ခုသာဓကအနေကတော့ ဗုဒ္ဓလက်ထက်က ကျောင်းဒကာ အနာထပိဏ်ရဲ့သမီး ဘာသာခြားယောကျာ်းနဲ့အိမ်ထောင်ကျသော်လည်း သူမ၏ခင်ပွန်း ယောခက္မတို့အားလုံးကို မ၀၀တ်သောလူတွေ ကိုးကွယ်မှုကနေ မြတ်စွာဘုရား နှင့် ရဟန်း ၅၀၀ အား အဓိဋ္ဌာန်ဖြင့် ပင့်၍ ဗုဒ္ဓဘာသာဖြစ်အောင် လုပ်စွမ်းနိုင်ခဲ့ပါတယ်။ 

 
 
မိရိုးဖလာ ဘာသာဝင်နှင့် တကယ့်ဗုဒ္ဓဘာသာဝင် စာအုပ်၊ မျက်ရည်မကျခင် သိစေချင်စာအုပ်၊

This entry was posted in ထေရ၀ါဒ ဗုဒ္ဓဘာသာ and tagged . Bookmark the permalink.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s