ဘာသာတန်ဘိုးနှင့် အနှစ်သာရ

တွေးခေါ်မြော်မြင်သော ပညာအားနည်းပြီး ယုံကြည် ကြည်ညိုသော သဒ္ဓါအားများနေလျှင်လည်း မိစ္ဆာအယူရှိသော ပုဂ္ဂိုလ်၊ အလိမ်ခံရတတ်သည်။

တွေးခေါ်မြော်မြင်သော ပညာအားများပြီး ယုံကြည် ကြည်ညိုသော သဒ္ဓါအားနည်းလျှင်လည်း ကောက်ကျစ်သော စိတ်ယုတ်များဝင်တတ်သည်။

ဗုဒ္ဓက- တမလွန်ဘ၀ ရှိ မရှိစသော ပြဿနာများကို မယုံလိုသူတို့ မယုံဘဲ နေနိုင်ပါသည်။ သို့ရာတွင် သေလျှင်ပြီးပြီ နောက်ဘ၀ဆိုတာ မရှိပါဘူးဟု ခံယူထားသူသည် လက်ရှိဘ၀တွင်လည်း ထင်ရာလုပ်ပေတော့မည်။ ထို့ကြောင့် ပတ်ဝန်းကျင်ပညာရှိတို့၏ ကဲ့ရဲ့ရှုတ်ချခံရခြင်းစသော လက်ငင်းအပြစ်များနှင့် ရင်ဆိုင်ရပေတော့မည်မှာ မလွဲပေ။ ချက်ချင်းပင် အရှုံးပေါ်နေချေပြီ။ သူထင်သည့်အတိုင်းမဟုတ်ဘဲ တမလွန်ဘ၀ရှိနေလျှင်ကား ထိုသူသည် အယူမှားနေသူဖြစ်၍ ငရဲမှ လွတ်ရန်မရှိ။ ထို့ကြောင့် နှစ်ဘက်စလုံးရှုံးသည် မည်၏။

တမလွန်ဘ၀ကို လက်ခံထားသောသူကား ကောင်းတာလုပ်လျှင်ကောင်းသောဘ၀ရောက်မည်။ မကောင်းတာလုပ်လျှင် မကောင်းသောဘ၀ရောက်မည်ဟု လက်ခံထားသောကြောင့် ယခုဘ၀ မကောင်းတာ မလုပ်မိခြင်း၊ ပညာရှိများ ချီးမွမ်းကြခြင်းကပင် ယခုချက်ချင်း အမြတ်ပေါ်နေချေပြီ။ သူထင်သည့်အတိုင်း တမလွန်ဘ၀မရှိခဲ့လျှင်လည်း ကိစ္စမရှိ။ အကယ်၍ ရှိခဲ့လျှင်လည်း ကောင်းသောဘ၀ကို ရောက်မည်ဖြစ်၍ နှစ်ဖက်လုံးအမြတ်ထွက်သည် မည်၏ ဟူ၍ ဟောကြားတော်မူခဲ့ပါသည်။

 

လောကုတ္တရာဆရာ ဂုဏ်အင်္ဂါ

ရိုသေထိုက်သော ဂါရ၀ဂုဏ်ရှိခြင်း၊

ချီးမွမ်းထိုက်သော ပသဋ္ဌဂုဏ်ရှိခြင်း၊

မိုက်မဲလွဲမှားသော ကိစ္စရပ်များကို ဆုံးမနိုင်ခြင်း၊

မေးမြန်းသမျှ ကျေနပ်အောင်ဖြေဆိုနိုင်ခြင်း၊

နက်နဲသော တရားစကားကို ဟောပြောနိုင်ခြင်း

ပစ္စုပ္ပန် သံသရာနှစ်ဖြာလုံး ကောင်းကျိုးရှိရာ ညွှန်ပြနိုင်ခြင်း၊

ဤအင်္ဂါ ခုနစ်တန်နှင့်ညီသော သူတော်ကောင်းဆရာကို ရှာဖွေအပ်၏။

သီလ၊ သမာဓိ၊ ပညာ ဟူသော သိက္ခာသုံးရပ်တို့ဖြင့် ဆုံးဖြတ်ကြရမည်။

 

ဝါဒအမှားသို့ မရောက်စေရန်-

၁) ယုံကြည်သောသဒ္ဓါနှင့် တွေးခေါ်မြော်မြင်သော ပညာကို အညီအမျှဖြစ်အောင် ကြိုးစားရမည်။

၂) ကာလာမသုတ် ဟောကြားချက်ကို လေ့လာကြရမည်။ (နောက်တင်မည့်ပို့စ်၌ ဖတ်ရှုနိုင်ပါသည်။)

၃) ကံအကျိုးပေးပုံ လေးမျိုးကိုလည်း သတိထားကြရမည်။ (နောက်တင်မည့်ပို့စ်၌ ဖတ်ရှုနိုင်ပါသည်။)

၎) သူယုတ်မာကို ရှောင်၍ ပညာရှိသူတော်ကောင်းကို ရှာဖွေဆည်းကပ်ကြရမည်။

ဤအင်္ဂါလေးချက်ကို ပြည့်စုံအောင် ကြိုးစားကြလျှင် အယူဝါဒမှားကိုရှောင်ကြဉ်၍ အယူဝါမအမှန်၌ ရပ်တည်နိုင်ကြပေလိမ့်မည်။

 

သို့ပေမယ့် မြန်မာနိုင်ငံတွင် ဖားနှင့်တူသော ဗုဒ္ဓဘာသာက များပြီး ပျားနှင့်တူသော ဗုဒ္ဓဘာသာက နည်းနေပါတည်း။

ဆိုလိုသည်မှာ သာယာလှပအေးမြလှသော ရေကန်ကြီးတစ်ကန်တွင် မွှေးကြိုင်စွင့်ကားနေသော ပဒုမ္မာကြာပန်းကြီးတစ်ပွင့် ပွင့်လျက်ရှိပါသည်။ ထိုကြာပန်း၏ခြေရင်းတွင် ဖားကြီးတစ်ကောင်နေထိုင်သည်။ တစ်နေ့တွင် ကြာပန်း၏၀တ်ရည်ရနံ့ကြောင့် အဝေးမှပျားပိတုန်းများလာရောက်ကာ ကြာပန်းမှချိုမြိန်သောဝတ်ရည်များကို စုပ်ယူကြလေသည်။

ဝတ်ရည်၏ချိုမြိန်သောအရသာကို မခံစားတတ်သော ဖားကြီးကား ပျားများကိုကြည့်ကာ ဒီပျားတွေဟာ ငါနေတဲ့ရေကန်ကကြာပန်းရဲ့ဝတ်ရည်ကိုလာပြီး သုံးဆောင်ကြရတယ်။ သူတို့ကိုယ်ပိုင်သုံးဆောင်စရာ ဘာမှမရှိပါလားဟု တွေးတောကာ အခြောက်တိုက်ဘ၀မြင့်ရင်းဖြင့် သေဆုံးသွားရလေသည်။

ဝတ်ရည်ကို သုံးဆောင်နေသောပျားပိတုန်းတို့ကလည်း ဖားကြီးကိုကြည့်ကာ ဒီဖားကြီးက ကြာပင်အောက်မှာ နေကြပေမယ့် ၀တတ်ရည်ရဲ့ချိုမြိန်တဲ့အရသာကို မသိပါကလားဟု တွေးတောကာ သနားကြလေသည်။ ဆိုခဲ့ပြီးသော ဥပမာအတိုင်းပင် မြန်မာပြည်မှ ဗုဒ္ဓဘာသာဝင်အများစုမှာ ထေရ၀ါဒဗုဒ္ဓဘာသာ၏အနှစ်သာရတန်ဖိုးကို သိသူ အင်မတန်နည်းလှသည်။

 

ထို့ကြောင့် ဆရာတော်များက ခုလို ဆုံးမသြ၀ါဒပေးထားပါသည်။

အီတလီနီုင်ငံ မီလန်မြို့ဇာတိမှ ခေတ်ပညာတတ် ဆာဗာတိုရေစီအိုဖီက “သမင်သည် ပြည်တန်ပတ္တမြားကို တွေ့မြင်သော်လည်း တန်ဘိုးကိုမသိသည့်အတွက် မြက်ကိုသာစားပြီး တောတွင်းဝင်သွားသကဲ့သို့ ပညာမဲ့သောလူမိုက်သည် လူ့ဘ၀အခွင့်ကာလကောင်းကို ရနေပါသော်လည်း တန်ဘိုးမသိသည့်အတွက် အာရုံငါးပါး ကာမဂုဏ်တရားကို ခံစားပြီး အပါယ်လေးပါးသို့သွားသည်။”

လယ်တီဆရာတော်ဘုရားကြီးက – “အဆင်း၊ အသံ၊ အနံ့၊ အရသာ၊ အတွေ့အထိဟု ဆိုအပ်သော အာရုံငါးပါး မစင်အညစ်အကြေးများကို သုံးဆောင်ခံစားလျက် မေ့လျော့နေလျှင် အပါယ်လေးဘုံတွင် မျောရလိမ့်မည်။ မိုက်မဲသော ဘ၀ရောက်၍ ပဉ္စနန္တရိယကံ ငါးပါးမှ တစ်ပါးပါးကို ကျူးလွန်မိလျှင် အ၀ီစိငရဲမှာ ခေါင်းမပြူနိုင်အောင် ခံရမည်ကို မျှော်မှန်းကြည့်ရမည်။ အပါယ်လွတ်ကြောင်း မဂ်ဖိုလ်ဒေသနာကောင်းများရှိပါလျက်နှင့် နင်ဖျင်း အ နေသောကြောင့်သာ အားမထုတ်ခြင်း ဖြစ်သည်။”

မန်လည်ဆရာတော်က – “အပုပ်မက်သော ကျီးတစ်ကောင်သည် ဆင်သေကောင်ထက်သို့တက်ကာ အစားအစာအတွက် တစ်သက်လုံးပူစရာ မလိုတော့ဟူသောအတွေးဖြင့် မြစ်အတွင်းမျောပါလိုက်သွားခဲ့သည်။ သောင်တို့ ကမ်းတို့ကိုမြင်နေရသေးသော်လည်း လှမ်းတက်ပြီးနေရစ်ဖို့ မကြိုးစားခဲ့။ သမုဒ္ဒရာအတွင်းသို့ရောက်သောအခါ လှိုင်းရိုက်၊ ၀ဲစုပ်၍ဆင်သေကောင်နှင့်အတူ ပျက်စီးဆုံးရှူံးရသော ကျီးမိုက်သကဲ့သို့ မိုက်မဲသောသူများသည်လည်း သားမယား အိမ်ထောင်ဝဋ်ထဲက ရုန်းမထွက်နိုင်ဘဲ ကာမဂုဏ်ခံစားရင်း တစ်ဘ၀ဆုံးရသူများကို ကျီးမိုက်နှင့်တူကြောင်း ဘုရားဟောထားသည်။”

မဟာဂန္ဓာရုံဆရာတော်က – “ပုထုဇဉ်များ၏ သွားရမည့်သံသရာခရီးကား ရှည်လျားလှသည်။ လူ့ဘ၀က မဖြစ်စလောက် အားထုတ်ခဲ့သော လောကီကုသိုလ်ကံများကလည်း ခဏသုံးစားရုံနှင့် ကုန်သွားနိုင်သည်။ အနီးကပ်အဖော်ကလည်း လောဘ၊ ဒေါသ၊ မောဟ ဦးစီးသော ကိလေသာဆိုးများ၊ ရူပါရုံစသော အာရုံများက ပုထုဇဉ်ဘ၀ဖြစ်တိုင်း လိုက်၍နှောက်ယှက်နေသောကြောင့် အပါယ်ဘုံရောက်သော်လည်း လွတ်မြောက်ဖို့ဝေးသေးသည်။”

 

အညွန်း – မျက်ရည်မကျခင် သိစေချင်စာအုပ်။

This entry was posted in ထေရ၀ါဒ ဗုဒ္ဓဘာသာ and tagged . Bookmark the permalink.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s