ဗုဒ္ဓဘာသာ၏ အနှစ်ချုပ်

၁) ဗုဒ္ဓဘာသာ ဆိုသည်မှာ ဘာလဲ။

ဗုဒ္ဓဘာသာ ဆိုတာ မဟာသက္ကရာဇ် ၆၈ခု၊ ကဆုန်လပြည့်နေ့ ကပိလ၀တ်နှင့် ဒေ၀ဒဟပြည်ကြား လုမ္ဗနီအင်ကြင်းတောတွင် ဖွားမြင်တော်မူလာသော သိဒ္ဓတ္ထမျိုးဝင် ဂေါတမအမည်ရှိသော သမ္မာသမ္ဗုဒဘုရားရှင်၏ အဆုံးအမများပင် ဖြစ်ပါသည်။ မြတ်စွာဘုရားရှင် ဘာတွေဆုံးမခဲ့သလဲဆိုတော့ သတ္တ၀ါအားလုံးရဲ့ ကောင်းကျိုးအတွက် သီလဖြင့်ဆုံးမခြင်း၊ သမာဓိဖြင့်ဆုံးမခြင်း၊ ပညာဖြင့်ဆုံးမခြင်းများ အပြင် ဒါနကောင်းမှု တည်းဟူသော ကောင်းမှုများစွာတို့ကိုလည်း ဆုံးမတော်မူခဲ့ခြင်း ပါပဲ။

 

၂) ဗုဒ္ဓဘာသာ ရဲ့ ရည်မှန်းချက်ပန်းတိုင် က ဘာလဲ။

ဗုဒ္ဓဘာသာ၏ အခြေခံသည် သီလဖြစ်ပြီး ပညာက ဦးဆောင်ပါသည်။ သံသရာတလျှောက် ကျင်လည်ရာ (၃၁)ဘုံ မှ လွတ်မြောက်ရာ အငြိမ်းဓါတ်ရှိသောနိဗ္ဗာန် (နိဗ္ဗာန်အကြောင်းကို ၀ိပဿနာအခန်းတွင် တင်ပြပါမည်။) ဖြစ်ပါတယ်။

 

၃) ဗုဒ္ဓဘာသာဝင် ဆိုတာ ဘာလဲ။

ဗုဒ္ဓ၏ အဆုံးအမများကို လိုက်နာကျင့်ကြံသူများကို ခေါ်သည်။

 

၎) နိဗ္ဗာန်ကိုရောက်ဖို့ ဘယ်တရား ဘယ်အကျင့်များဟာ ဗုဒ္ဓဘာသာတို့ရဲ့တာဝန်ဖြစ်သလဲ။

ထိုနိဗ္ဗာန်ရရှိဖို့ လေးမဂ် လေးဖိုလ် ရရှိပြီးမှသာ စံဝင်နိုင်ပါသည်။ ထိုသို့ မဂ်ဖိုလ်ရရှိဖို့အတွက် ၀ိပဿနာဘာဝနာ ( သတိပဋ္ဌာန် ၄ ပါးဖြင့် ပရမတ်ရုပ်နာမ် ခန္ဓာကို လက္ခဏာရပ်ကြီးသုံးရပ်ဖြစ်သော- အနိစ္စ၊ ဒုက္ခ၊ အနိတ္တ ဖြင့်) အားထုတ်ရှုပွားရမည်မှာသာ ဖြစ်ပါတယ်။ တနည်း- မဂ္ဂင်ရှစ်ပါး။

 

၅) လောကီအနေနဲ့ ဘာအကျိုးရှိသလဲ။

ဝိပဿနာတရားအားထုတ်ရာတွင် သမာထဘာဝနာလို တောထွက်စရာမလို၊ တိတ်ဆိတ်ငြိမ်သက်စရာမလိုဘဲ လောကီစီးပွားရေးလုပ်ရင်လည်း ရှုပွားနိုင်ပါတယ်။ လျောင်း၊ ထိုင်၊ ရပ်၊ သွား ဣရိယာပုတ်လေးပါးမှာလည်း ရှုပွားနိုင်ပါတယ်။ အိမ်မှုကိစ္စမပျက်ဘဲ လုပ်ရင်းကိုင်ရင်းနှင့်လည်း ရှုပွားနိုင်ပါတယ်။

 

၆) လောကုတ္တရာအနေဖြင့် ဘာအကျိုးရှိသလဲ။

ဝိပဿနာတရားရှုပွားနေခြင်းဖြင့် ဖြစ်ပေါ်လာမည့် ကိလေသာများကို လျော့နည်းပါးစေပြီး စိတ်အေးချမ်း ချမ်းသာမှုကို ရရှိပါလိမ့်မယ်။ ၀ိပဿနာတရားကို နာကြားရှုပွားခြင်းဖြင့် ပါရမီမရှိသူများ ပါရမီရှိပြီး ပါရမီအနုအကျင့်ပေါ်မှာ မူတည်၍ မဂ်ဖိုလ်ကိုရရှိနိုင်ပါတယ်။ ပုထုဇဉ်များအနေဖြင့် စူဠသောတပန်အဆင့်ရှိခြင်းအားဖြင့် နောင်ဘ၀ဆက်တိုင်းတွင် ဗုဒ္ဓဘာသာမှ တခြားဘာသာသို့ မပြောင်းလဲနိုင်တော့ပါ။ ထို့ပြင် ဒီဘ၀ မဂ်ဖိုလ်ရဖို့ ပါရမီမပါသူများသည် နောင်ဘ၀တွင် အလျင်အမြန် မဂ်ဉာဏ် ဖိုလ်ဉာဏ်ရရှိပါမည်။

 

မှတ်ချက်။ ၀ိပဿနာဘာဝနာအကြောင်းများကို ၀ိပဿနာအခန်းတွင် အကျယ်တ၀င့် တင်ပေးပါမည်။

စိတ်ချမ်းသာ ကိုယ်ကျန်းမာဖြင့် စစ်မှန်သော ဗုဒ္ဓဘာသာဝင်တစ်ယောက်ဖြစ်ပါစေ။
မေတ္တာရိပ်

 

 

 

 

This entry was posted in ထေရ၀ါဒ ဗုဒ္ဓဘာသာ and tagged . Bookmark the permalink.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s