ပြင်ဆင် သုံးစွဲရမည့် စကားပုံများ

“စေတနာသည် လူတိုင်းနဲ့မတန်” ကို အဓိပ္ပါယ်ချဲ့ရင် – ကျေးဇူးသိတတ်သူအပေါ်မှာသာ ပေးကမ်းစွန့်ကြဲရမယ်။ စေတနာထားရမယ်။ ကျေးဇူးမသိတတ်တဲ့သူအပေါ်မှာ ပေးကမ်းစွန့်ကြဲခြင်းမပြုရ။ စေတနာမထားရလို့ ဆိုလိုတာပဲ။

ဒီစာတမ်းကိုရေးခဲ့တဲ့သူဟာ ခံစားချက်ရှိခဲ့လိမ့်မယ်။

ဘယ်လိုခံစားချက်လည်းဆိုတော့ သူဟာ တခြားသူကိုမျှော်လင့်ချက်ထားပြီး ကူညီခဲ့လိမ့်မယ်။ ကူညီလိုက်တဲ့သူက သူမျှော်လင့်ထားတဲ့အတိုင်း ကျေးဇူးမဆပ်တဲ့အခါ ပေါက်ကွဲပြီး စေတနာသည် လူတိုင်းနဲ့မတန်ဆိုတဲ့ စကားကြီးထွက်လာတာပဲ။

မြင့်မြတ်သူဆိုတာ သူတစ်ပါးကိုကူညီခွင့်ရလို့ ကူညီတဲ့အခါ ဘယ်တော့မှ မျှော်လင့်ချက်မထားရဘူး။ သူတစ်ပါးစေတနာကိုကြည့်စရာမလိုဘူး။ ကိုယ့်စေတနာကိုယ်ကြည့်ရမယ်။

နဂိုကတည်းက ဘာမျှော်လင့်ချက်မှမထားဘဲ ကူညီခဲ့ရင် တစ်ဖက်လူက ကျေးဇူးသိလည်း ၀မ်းမသာဘူး။ (လောဘမဖြစ်ဘူး။) တစ်ဘက်လူက ကျေးဇူးကန်းလည်း ၀မ်းမနည်းဘူး။ (ဒေါသမဖြစ်ဘူး)။ အဓိက ကတော့ ကိုယ့်စေတနာမပျက်တော့ဘူး။

အရင်ကတည်းက မျှော်လင့်ချက်နဲ့ကူညီခဲ့ရင် တစ်ဖက်သူက ကျေးဇူးသိရင် ကိုယ့်စေတနာမပျက်ပေမယ့် ဒီလူ ကျေးဇူးကန်းရင် ကိုယ့်စေတနာပျက်သွားတော့ အလကားဖြစ်ရော။ နောက်တစ်ခုစဉ်းစားရမှာက ကျေးဇူးကန်းသူတစ်ယောက်နဲ့ ကြုံလိုက်ရတာနဲ့ နောက်ထပ်ဘယ်သူ့အပေါ်မှ အကူအညီမပေးတော့ဘူး။ မပေးကမ်းတော့ဘူးဆိုရင် ဒါနပါရမီ မဖြစ်တော့တဲ့အတွက် ကိုယ်လည်းနစ်နာတယ်ဆိုတာ သတိထားသင့်ပါတယ်။

 

 

“သင်ကောင်းလျှင် ကျွန်ုပ်မဆိုးပါ” အပေါ်ယံကြည့်လျှင် နှစ်သက်ဖွယ်ဟု ထင်ရသော်လည်း သေချာတွေးကြည့်လျှင် လူမိုက်အားပေးဖြစ်နေသည်ကို တွေ့ရသည်။ ထိုစကားပုံး၏အဓိပ္ပါယ်၌ သင်ကောင်းလျှင် ကျွန်ုပ်ကောင်းမည်။ သင်ဆိုးလျှင် ကျွန်ုပ်ဆိုးမည်။ ပါးရိုက်နှင့် နားကိုက်မည်မည် ဟူသော စကာပုံနှင့်အတူတူပင်ဖြစ်သည်။

ထိုစကားပုံအစား –

“ဥစ္စာဓနဆင်းရဲသော်လည်း စာရိတ္တမဆင်းရဲပါ”

 “ငွေကြေးမွဲသော်လည်း ရိုးသားမှု ချမ်းသာသည်။”

“သင်ကောင်းဖို့သည် ဒုတိယ။”

“ကျွန်ုပ်ကောင်းဖို့သည် ပထမ။”

“ခွင့်လွှတ်ခြင်းသည် ကလဲ့စားချေခြင်းထက် နှစ်ဆထိရောက်သည်။”
 

 

“အူမတောင်းမှ သီလစောင့်နိုင်မည်။”

ဤကား စီးပွားရေးအဆင်ပြေမှသာလျှင် သူတစ်ပါးဥစ္စာကို ခိုးခြင်းမှရှောင်ကြဉ်မည်။ စီးပွားရေးမဆင်ပြေလျှင်ကား ရသမျှခိုးတော့မည်။ သီလမစောင့်ဟူ၍ ဖြစ်သည်။ ခိုးမှုကို အားပေးသည့်သဘော ဖြစ်နေ၏။

ပြောင်းလွှဲသုံးစွဲသင့်သည်မှာ “သီလစောင့်မှ အူမတောင့်မည်” ဟူ၍ ဖြစ်သည်။

 

 

“ဧည့်သည်လာလျှင် ဆန်မကုန်စေနဲ့”

ဧည့်သည်ကို ထမင်းချက်မကျွေးရန် ပြောသောစကားမဟုတ်ပေ။

ရောက်ရှိလာသော ဧည့်သည်ကို အလှူခံအဖြစ် သဘောထားပြီး စေတနာသဒ္ဓါတရားပြည့်ဝစွာဖြင့် ကျွေးမွေးမှ ကုသိုလ်အပြည့်ရပြီး ဆန်ကုန်ရကျိုးနပ်သည်။

သို့တည်းမဟုတ် ၀တ်ကျေတမ်းကျေ မဖြစ်လို့ ကျွေးရသောသဘောနှင့်ကျွေးလျှင် ဆန်ကုန်တာသာ အဖတ်တင်မည်။ ထို့ကြောင့် ဧည့်သည်လာလျှင် ဆန်မကုန်စေနဲ့ဟု သတိပေးထားခြင်း ဖြစ်ပါသည်။

 

အညွှန်း – လူငယ်များအတွက် ဂမ္ဘီရ၀ိပဿနာ အတွဲ ၁ နှင့် ၂ စာအုပ်။

 

ကိုယ့်စေတနာပျက်တာကတော့ ကုသိုလ်ကနေ အကုသိုလ်ဖြစ်သွားတာပဲ။ စဉ်းစားမိတိုင်း မိမိစိတ်ကို နှိပ်စက် ဒေါသဖြစ်တော့တာပါပဲ။ မိတ်ဆွေတို့လည်း သူများကို ကူညီရင် မျှော်လင့်ချက်မထားပဲ စိတ်စေတနာသန့်သန့် ကူညီခြင်းဖြင့် လောကအကျိုးကို ဆောင်ရွက်နိုင်ပါစေ။

This entry was posted in ဆုံးမသြ၀ါဒများ and tagged . Bookmark the permalink.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s