စကားအရာ အင်္ဂါလေးတန်

တခါတုန်းက စကားတစ်ခွန်းကြောင့် သေဒဏ်ပေးခံလိုက်ရတဲ့ ပုဏ္ဏားနဲ့ ငွေတစ်ထောင်ဆုချခံရတဲ့ ပုဏ္ဏားအကြောင်း သက္ကဋဘာသာနဲ့ ကာလီဒသရဲ့ဇာတ်ကြောင်းတစ်ခုကပါ…

ဘောဇဘုရင်ကြီး က မနေ့ညက ငါရဲ့အောက်ခံ အံ့သွားတွေ ပြုတ်ထွက်တယ်လို့ အိပ်မက်မက်တယ်။ မနက်မိုးလင်းတော့ အယူတော်မင်္ဂလာအမတ်ကို ခေါ်ပြီး အကျိုးအပြစ်ကို မေးမြန်းတော်မူပါတယ်။

ပုဏ္ဏားက- မှန်ပါ့ အရှင်မင်းကြီး။ အောက်ခံအံ့သွားတွေပြုတ်ထွက်တယ်ဆိုတာ အရှင်မင်းကြီးရဲ့သားမြေးတွေဟာ အရှင်မင်းကြီး ထက် စောပြီးသေပါလိမ့်မယ်။ ဘုရင်က- တယ်.. မနက်စောစောစီးစီး ကျက်သရေယုတ်တယ်ဆိုပြီး ဒီပုဏ္ဏားကိုဆွဲခေါ်ပြီး ကွပ်မက်စေ လို့ အမိန့်ချလိုက်ပါတော့တယ်။

အဲ့ဒီအချိန်မှာ ကာလီဒါသက အခစားဝင်လာတော့ အကြောင်းအကျိုးမေးမြန်းပြီး အာဏာသားပါးကွက်သားကို ခဏရပ်တန့်စေပြီး ဘုရင်ထဲ အခစားဝင်သွားပါတယ်။ ဘုရင်ကလည်း ကာလီဒါသက ကို အိမ်မက်အကြောင်း ထပ်မေးမြန်းပြန်တယ်။

ကာလီဒါသက – အရှင်မင်းကြီး အရှင်မင်းကြီးရဲ့အောက်ခံအံ့သွားတွေ ပြုတ်ထွက်ကုန်တယ်ဆိုတာ အရှင်မင်းကြီးဟာ သားမြေးတွေထက် အသက်ပိုရှည်ပြီး ထီးနန်းကိုကြာမြင့်စွာ စံရမှာ ဖြစ်ကြောင်းလို့ လျှောက်တင်လိုက်တော့ ဘုရင်က ၀မ်းသားလွန်းလို့ အသပြာတစ်ထောင်ချီးမြင့်တော်မူပါတယ်။

ဘုရင်အမျက်ပြေတော့မှ ခုနကသေဒဏ်ပေးခဲရတဲ့ အယူတော်မင်္ဂလာအမတ်ကို အပြစ်ကလွတ်ပေးလို့ တောင်းပန်ပေးလို့ အယူတော်မင်္ဂလာအမတ်ကြိးဟာ သေဘေးမှ လွတ်မြောက်သွားခဲ့ပါတယ်။

 

ဒါ့ကြောင့် ဗုဒ္ဓက –

၁) ကောင်းသော အကျိုးရှိသော စကားကို ပြောဆိုခြင်း၊

၂) တရားနှင့်ညီသော စကားကို ပြောဆိုခြင်း၊

၃) ချစ်ခင်နှစ်လိုဘွယ်သော စကားကို ပြောဆိုခြင်း၊

၎) မှန်ကန်သောစကားကို ပြောဆိုခြင်း။ ဒီအင်္ဂါလေးချက်ညီမှ စကားကို ပြောဆိုသင့်ပါတယ်။ အင်္ဂါလေးချက်မညီရင်တောင်မှ အင်္ဂါနှစ်ချက်လောက်ညီရင်ပဲ အကုသိုလ်တွေတော်တော်လျော့သွားပါပြီ။

 

“တစ်သက်လုံးပြောလာတာ မတတ်တာ စကား ” ဆိုတဲ့ ဆိုရိုးအတိုင်း တခါတရံ ကိုယ်က မည်သို့သောရည်ရွယ်ချက်မရှိဘဲ ပြောလိုက်သောစကားသည် တဖက်လူအတွက် ထိခိုက်နစ်နာသွားသည်မှာလည်း ရှိတတ်သွားသည်ကို မိတ်ဆွေတို့လည်း ကြုံဖူးကြမှာပါ။ ဒါ့ကြောင့် စကားပြောတော့မယ်ဆိုရင် ဗုဒ္ဓညွှန်ကြားတဲ့အင်္ဂါ ၄ ချက်နှင့် စကားအသုံးအနှုန်းကို လိမ္မာပါးနပ်စွာ အထူးသုံးတတ်ပါစေ။

မေတ္တာရိပ်

This entry was posted in ဆုံးမသြ၀ါဒများ and tagged . Bookmark the permalink.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s