ဝယ်ယူဖတ်ရှုရန်သင့်သော အမေးအဖြေကျမ်းများ

ဆရာတော် ဦးဇ၀န၏ လူငယ်များအတွက် ဂမ္ဘီရ၀ိပဿနာ အတွဲ ၁ နှင့် ၂ မှာ ၀ယ်ယူဖတ်ရှုသင့်သည့်စာအုပ်များကို လမ်းညွှန်ထားပါတယ်။

၁) မိလိန္ဒပဥှာ 

၂) သမန္တစက္ခုဒီပနီ

၃) တည်တောဆရာတော် ရေး၊ ယနေ့ ဗုဒ္ဓ၀ါဒ ဆိုင်ရာ အမေးအဖြေများ (၁၊ ၂၊ ၃၊ ၄၊ ၅၊ ၆)

၎) ဘဒ္ဒန္တတိလောကသာရ (ရဝေထွန်း) ရေးမြတ်မင်္ဂလာဘာသာရေးအမေးအမြန်းများ (ပ၊ ဒု)

၅) ဟံသာသီရိရေး (ရတနာမွန်) ဘာသာရေး အမေးအဖြေများ

၆) ကလောင်စုံရေး -ဗုဒ္ဓဓမ္မလောက အမေးအဖြေ

၇) မင်းဘူးအရှင်ကဉ္စနရေး – ဘာသာရေးပြဿနာ အမေးအဖြေများ

၈) ဓမ္မဒူတ အရှင်ပညာဇောတရေး – ဗုဒ္ဓ ဓမ္မပြဿနားများ (၁ မှ ၁၁ ထိ)

This entry was posted in ဓမ္မ စာအုပ်များ and tagged . Bookmark the permalink.

5 Responses to ၀ယ်ယူဖတ်ရှုရန်သင့်သော အမေးအဖြေကျမ်းများ

  1. ဧးသိမ်း says:

    အမ တင်ပေးထားတဲ့ (မိလိန္ဒပဥှာ ဘာလဲ) ဆိုတဲ့ စာအုပ်က (မိလိန္ဒပဥှာ) စာအုပ်ကို ပျစ်ပျစ်နှစ်နှစ် အပျက်သဘော ဝေဖန်ထားတဲ့ စာအုပ်ဖြစ်နေပါတယ်။ ပြန်စစ်ပေးပါဦး။
    ထိုစာအုပ် ( (မိလိန္ဒပဥှာ ဘာလဲ) မှာ ၀ယ်ယူဖတ်ရှုသင့်သည့်စာအုပ်စာရင်းထဲ၌ မပါပါက လင့်ကို ချက်ပေးသင့်ပါတယ်ခင်ဗျား။

    • mettayate says:

      ဆရာတော်ညွှန်ကြားတဲ့စာအုပ်နဲ့ လွှဲကောင်းလွှဲနေတဲ့ စာအုပ်ဖြစ်ပါလိမ့်မယ်။ အဲဒီ Link ကို ဖြုတ်ပေးလိုက်ပါပြီ။ ခုလိုအသိပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။

      စိတ်ချမ်းသာ ကိုယ်ကျမ်းမာပါစေ။
      မေတ္တာရိပ်

  2. ဧးသိမ်း says:

    ကျေးဇူးတင်ပါတယ် မေတ္တာရိပ်ခင်ဗျား။

    လုံးဝလွဲနေသော စာအုပ်ဖြစ်ပါသည်။

    ထိုစာအုပ်ရေးသားသူ ရှင်ဥာဏဆိုသော ပုဂ္ဂိလ်ရေးသားထားသည့် အောက်ပါ ပို့စ်ကို မြင်ယုံမျှဖြင့် ထေရဝါဒ မဆိုထားနှင့် ဗုဒ်ဓဘာသာဝင်မျှပင် မဖြစ်နိုင်မှန်း ကောက်ချက်ချနိုင်ပါသည်။ လေ့လာကြည့်ပါခင်ဗျား။

    http://kokoaungmin.multiply.com/journal/item/20/20
    ရှင်ဥာဏ
    (မြိုင်- ၁၅၉၈၅၅)
    ၁၁ရက် မတ်လ ၁၉၇၂ခုနှစ်
    ရွှေမြင်တင်တောင် ၊ မင်းကွန်း၊ မန္တလေးစာတိုက်

    ၎င်းသည် ဘုန်းကြီးယောင်ဆောင် တိတ္တိတစ်ဦး ဖြစ်နိုင်ပါသည်။
    လေးစားစွာဖြင့်
    /ဧးသိမ်း

  3. ဧးသိမ်း says:

    အထက်ပါ ပို့စ်ကို ဖတ်ပြီးနောက် လိုလိုမည်မည် ကျွန်တော် ဆွဲချ သိမ်းယူထားသည့် ၎င်း(မိလိန္ဒပဥှာ ဘာလဲ) ဆိုသောစာအုပ် ကော်ပီကို ဖျက်ဆီးပစ်လိုက်ပါသည် ခင်ဗျား။

    ထေရဝါဒဘာသာဝင် ဓမ္မမိတ်ဆွေ အပေါင်းတို့ စိတ်ချမ်းသာကြပါစေ။

    လေးစားစွာဖြင့်
    /ဧးသိမ်း

    • mettayate says:

      အားလုံးကို ကျေးဇူးတင်ပါတယ်ရှင်။
      ထေရ၀ါဒဗုဒ္ဓဘာသာ သာသနာကို ထင်ယောင်ထင်မှားအရောင်ဆိုးနေကြတာကို တကယ့်ဗုဒ္ဓဘာသာဝင်တွေကသာ ကာကွယ် ထိန်းသိမ်းစောင့်ရှောက်နိုင်တာပါ။
      ခုလို အကြံပေး ကူညီပေးကြတဲ့အတွက် ကျေးဇူးအထူးတင်ပါတယ်.

      ကျမ လေ့လာမှုတွေကနည်းပါသေးတယ်။ ဆရာတော်တွေရေးတဲ့စာအုပ်တွေကနေ ကူးယူပေမယ့် တခါတလေ ကျမရဲ့အားနည်းမှုကြောင့် ဆရာတော်တွေကိုရော ဗုဒ္ဓဘာသာကိုကိုးကွယ်နေကြနေသူတွေရော အဆုံးအနေဖြင့် ဗုဒ္ဓကိုတောင် ထိခိုက်နိုင်စေပါတယ်။ ဒါ့ကြောင့် အမှားတွေပါခဲ့ရင် ကျမကို မေတ္တာရှေ့ထားပြီး ခွင့်လွှတ်ပေးကြပါရန်နှင့် အချိန်မရွေး သွန်သင်ဆုံးမ ပြုပြင်ပေးကြပါရန် မေတ္တာရပ်ခံပါတယ်ရှင်။

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s