မင်္ဂလာတရား ၃၈-ပါး

မင်္ဂလာတရား (၃၈) ပါးကို ဗုဒ္ဓမြတ်စွာအား မထင်မရှား နတ်သားတစ်ပါး၏ တောင်းပန် လျှောက်ထားမှု ကြောင့် သ၀တ္ထိပြည် ၊ ဇေတ၀န် ကျောင်းတော်တွင် လူ ၊ နတ် ၊ ဗြဟ္မာတို့၏ အကျိုးငှာ ဟောကြားတော် မူခဲ့ခြင်း ဖြစ်သည်။

ကမ္ဘာသူ ကမ္ဘာသား သတ္တ၀ါအားလုံးတို့အားချမ်းသာကိုပေးတတ်သော တရား ၃၈-ပါး။

(၁) အသေ၀နာစ ဗာလာနံ- သူမိုက်ကို မဆည်းကပ်ရခြင်း၊

(၂) ပဏ္ဍိတာနဉ္စ သေ၀နာ- ဥာဏ်ပညာရှိသူတို့ကို ပေါင်းသင်းရခြင်း၊

(၃) ပူဇာစ ပူဇနေယျာနံ- ပူဇော်ထိုက်သူတို့ကိုပူဇော်ရခြင်း၊

(၄) ပဋိရူပ ဒေသာဝါသ- သင့်လျော်ကောင်း မြတ်ရာ၌ နေရခြင်း၊

(၅) ပုဗ္ဗေစ ကတ ပုညတာ- မဆွက ကောင်းမှုကုသိုလ်ကို ပြုခဲ့ဘူးခြင်း၊

(၆) အတ္တသမ္မာ ပဏီဓိ- ကိုယ်စိတ်နှစ်ဖြာကို ကောင်းစွာပြုပြင်ထားခြင်း၊

(၇) ဗာဟုသစ္စ- အကြားအမြင်ပညာများသူ ဖြစ်ခြင်း၊

(၈) သိပ္ပမင်္ဂလာ- အပြစ်ကင်းသည့်စက်မှုလက်မှုအတတ်မျိုးစုံ တတ်ထားရခြင်း၊

(၉) ၀ိနယ သုသိက်္ခိတ- ယဉ်ကျေးမှုဆိုင်ရာ ကိုယ်ကျင့်ဝိနည်းကိုကောင်းစွာသင်ယူခြင်း၊

(၁၀) သု ဘာသိတ၀ါစာ- အင်္ဂါလေးပါးရှိသော စကားကိုပြောဆိုတတ်ရခြင်း၊

(၁၁) မာတာပိတု ဥပဋ္ဌာနံ- မိဘ၂-ပါးအား စင်စစ် လုပ်ကျွေး မွေးမြူရခြင်း၊

(၁၂) ပုတ္တဒါရဿ သင်္ဂဟ- သားမယားတို့အား စွမ်းနိုင်သလောက် ကျွေးမွေးထောက်ပံ့ရခြင်း၊

(၁၃) အနာကုလ ကမ္မန္တ- ချို့ယွင်းမှုမရှိ မိမိတတ်သိလိမ္မာပြီးသော အလုပ်ကို ကာလ ဒေသအလိုက်ထိုက်သလို လုပ်ရခြင်း၊

(၁၄) ဒါန မင်္ဂလာ- ပေးကမ်းစွန့်ကြဲ လှူဒါန်းရခြင်း၊

(၁၅) ဓမ္မစရိယ- ကုသလကမ္မပထ တရားဆယ်ပါးကို ပြုလုပ်ရခြင်း၊

(၁၆) ဉတကာနဉ္စသင်္ဂဟ- ဆွေမျိုးတို့ကိုတတ်နိုင်သလောက် ချီးမြှောက် ထောက်ပံ့ရခြင်း၊

(၁၇) အန၀ဇ္ဇကမ္မ- နောင်သံသရာရေး၌ အပြစ်ဘေးမကျ ပကတိသုခကို ရနိုင်သည့် ငါးပါး, ရှစ်ပါး စသော သီလများ နှင့် အများကောင်းကျိုး စေတနာ့ဝန်ထမ်း အလုပ်များကို လုပ်ရခြင်း၊

(၁၈) အာရတီ- မကောင်းမှုကို စိတ်ဖြင့်ဝေးစွာရှောင်ကြဉ်ရခြင်း၊

(၁၉) ၀ိရတီ- မကောင်းမှုမှ ကိုယ်နှုတ် နှစ်ပါးဖြင့် ရှောင်ကြဉ်ရခြင်း၊

(၂၀) မဇ္ဇပါန သံယမ- သေရည်အရက် သောက်စားမှုမှ ရှောင်ကြဉ်ရခြင်း၊

(၂၁) အပ္ပမာဒ ဓမ္မ- ကောင်းမှုတို့၌ မမေ့မလျော့ခြင်း၊

(၂၂) ဂါရ၀- ရိုသေထိုက်သူကို ရိုသေခြင်း၊

(၂၃) နိဝါတ- မာနမထားနှိမ့်ချရိုသေသော စိတ်များရှိခြင်း၊

(၂၄) သန္တုဋ္ဌိ- ရသမျှနှင့် ရောင့်ရဲတင်းတိမ်ခြင်း၊

(၂၅) ကတညုတာ- ပြုဘူးသော ကျေးဇူးကို ပြန်၍သိခြင်း၊

(၂၆) ကာလေန ဓမ္မဿဝန- သင့်လျော်ရာ အခါ၌ သူတော်ကောင်းတရားကို နာကြားရခြင်း၊

(၂၇) ခန်္တီမင်္ဂလာ- နေရာတိုင်း၌သည်းခံရခြင်း၊

(၂၈) သောဝစဿတာ – ဆိုဆုံးမလွယ်ကူသူဖြစ်ရခြင်း၊

(၂၉) သမဏဒဿန – အရိယာသံဃာတော်များကို ဖူးတွေ့ရခြင်း၊

(၃၀) ကာလေန ဓမ္မသာကစ္ဆ- လျောက်ပတ်သောအခါ၌တရားစကား ဆွေးနွေးမေးမြန်းရခြင်း၊

(၃၁) တပ မင်္ဂလာ- မကောင်းကြံ မကောင်းဩပ, မကောင်းဆိုမဖြစ်နိုင်စေရန် သတိနှင့် ၀ီရိယ တရား အစဉ်ထားခြင်း၊

(၃၂) ဗြဟ္မစရိယ- မြတ်သော အကျင့်ရှိခြင်း၊

(၃၃) အရိယာ သစ္စာန ဒဿန- သစ္စာလေးပါးကို မဂ်တရားဖြင့်သိမြင်ရခြင်း၊

(၃၄) နိဗ္ဗာနသစ်္ဆိကိရိယ- အရဟတ်္တဖိုလ်ကို မျက်မှောက်ပြုရခြင်း၊

(၃၅) ဖုဋ္ဌဿ လောက ဓမ္မေဟိ စိတ္တံယဿ န ကမ္ပတိ- လောကဓံတရား ရှစ်ပါးတို့နှင့် တွေ့ရသော်လည်း စိတ်တုန်လှုပ်မှုမရှိခြင်း၊

(၃၆) အသောက- စိုးရိမ်ကြောင့်ကြမှု မရှိခြင်း၊

(၃၇) ၀ိရဇ- ရာဂစသော ကိလေသာမြူမရှိခြင်း၊

(၃၈) ခေမ မင်္ဂလာ- ကြောက်ထိတ်လန့်မှု ဘေးမရှိခြင်း။

(http://smallbadboy.co.cc/?cat=27 မှ ကူးယူပါသည်။)

This entry was posted in ဆုံးမသြ၀ါဒများ and tagged . Bookmark the permalink.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s