လူငယ်များအတွက် ဂမ္ဘီရ ၀ိပဿနာ အတွဲ ၁+၂ မှ ကောက်နှုတ်ချက်များ
 ထေရ၀ါဒ ဗုဒ္ဓဘာသာဝင်တိုင်း သိသင့်သိထိုက်သော အခြေခံများ၊ ဘာကြောင့် ၀ိပဿနာ တရားကို ရွှုပွားသင့်သည်များ နှင့်တကွ ၀ိပဿနာ ရှုပွားနည်းများကို အရှင်ဇ၀န (မေတ္တာရှင်) ရွှေပြည်သာ ရေးသားသော “လူငယ်များအတွက် ဂမ္ဘီရ၀ိပဿနာ အတွဲ ၇ တွဲ” မှာ အသေးစိတ် ဖော်ပြထားပါတယ်။
ဒီစာအုပ်ကို အရင်တင်ပြီးခဲ့သော “၀ိဿနာအလုပ်ပေးတရားတော်များ ၁၄ပိုင်း” မှာ ဟောကြားခဲ့သော တရားတော် တော်တော်များများပါဝင်သလို  တခြားအချက်များလည်း ပါဝင်သောစာအုပ်ဖြစ်ပါသည်။ ဒီစာအုပ်မှာ တရား မနာဘူးသူရော၊ တရားကို ကြားဖူးနာဝ ရှိသူများ၊ တရားကို ကျင့်ကြံအားထုတ်နေသူများ အားလုံးအတွက် သင့်လျော် သုံးသပ် ဆင်ခြေ အသိဉာဏ်ပေးသော စာအုပ်ဖြစ်ပါသည်။ စာအုပ်ဖတ်ချင်သူများအတွက် အောက်ပါ Links ကို တင်ထားပေးပါသည်။ အရှင်ဇ၀န (မေတ္တာရှင်) ရွှေပြည်သာရေးသားသော စာအုပ်များတွင်လည်း တင်ပေးထားပါတယ်။ တရားလည်း မနာချင်၊ စာအုပ်ဖတ်ဖို့ ပျင်းသူများ နှင့် စာအုပ်ဖတ်ဖို့ အချိန်မရသူများ အတွက် အဓိက အရေးကြီးသိသင့်သည်များကို ကောက်နှုတ်ပေးထားပါသည်။ ထိုသို့ ကောက်နှုတ်ရာ၌ အဆင်ပြေအောင် ခေါင်းစဉ်အမျိုးမျိုးခွဲပြီး အလျဉ်းသင့်သလို တင်ထားပေးပါတယ်။ အားလုံးအတွက် အဆင်ပြေမယ်လို့ ထင်ပါတယ်တရားနာတာပဲ ဖြစ်ဖြစ်၊ တရားစာအုပ်ဖတ်တာပဲ ဖြစ်ဖြစ် ၊တရားဆွေးနွေးတာပဲ ဖြစ်ဖြစ် တရားအားထုတ်တာနဲ့ အတူတူပါပဲ။ ပိုပြီး အကျိုးရှိပါတယ်။
အားလုံးပဲ စိတ်ချမ်းသာ၊ ကိုယ်ကျန်းမာစွာဖြင့် အဆင့်အတန်းမြင့်မားသောဘ၀ကို ဆောက်တည်နိုင်ပါစေလို့ ဆန္ဒပြုရင်း . . .။
လူငယ်များအတွက် ဂမ္ဘီရ ၀ိပဿနာ အတွဲ ၁ + ၂
လူငယ်များအတွက် ဂမ္ဘီရ ၀ိပဿနာ အတွဲ ၃ + ၎
လူငယ်များအတွက် ဂမ္ဘီရ၀ိပဿနာ အတွဲ ၅+၆
( အောက်တွင် ပါဝင်သော blog entry များမှာ အရှင် ဇ၀န (မေတ္တာရှင်) ရေးသားသော လူငယ်များအတွက် ဂမ္ဘီရဘ၀နာ အတွဲ ၁  မှ ကောက်နှုတ်ထားပါသည်။)
“၀ိပဿနာ ဘာဝနာ ဆိုတာ ဘာလဲ”
ဝိ သည်  သတိ ပဋ္ဌာန် ၄ ပါး
        ပဿ သည် ဉာဏ်ဖြင့် ရုပ် နာမ်ကို
         ဘာဝနာ သည် ပွားများခြင်း
“ဘာကြောင့် ၀ိပဿနာကို ရှုပွားသင့်သလဲ”
၁) မြတ်စွာဘုရားကို လေးစား ကြည်ညို ကျေးဇူးဆပ်သော အားဖြင့်။
   (အကျယ်အားဖြင့် စာအုပ်တွင် ဖော်ပြထားပါသည်။)
၂) အန္ဓ ပုထုဇဉ် ( ဉာဏ်အမြင်ကန်းသူ ၊ ရုပ် နာမ် ခန္ဓာ မသိသူ) ဘ၀မှ လွတ် မြောက်ရန်။
    (အောက် တွင် ဖော်ပြထားပါသည်။)
၃) သာသနာ နှင့် ကြုံ တဲ့အချိန်မှာ ကြိုက်ရန်။  (အောက် တွင် ဖော်ပြထားပါသည်။)
၎) ဘေး ကြီး ၄ ပါးမှ လွတ်မြောက်ရန်     (အောက် တွင် ဖော်ပြထားပါသည်။)
၅) သံသရာ ကြွေးကို အကြေဆပ်ရန်။      (အောက် တွင် ဖော်ပြထားပါသည်။)
“ရခဲခြင်း ၅ ပါး”
 ၁) ဘုရားတစ်ဆူ ပွင့်ရန်
၂) သူတော်ကောင်း တရားတွေကို နာကြားဖို့
၃) လူ့ဘဝ
၎) ရဟန်းဘဝ
၅) သဒ္ဒါတရား ရှိသူ ဖြစ်ရန်
ဒီစာပိုဒ်လေးကတော့ လောကီအတွက် ခံစားနေရတဲ့ လူတွေအတွက် အားပြည့်ပေးမယ့် ဆေးတစ်မျိုးလို့ ထင်ပါတယ်။
“ရုန်းရ ကန်ရ ဤဘ၀”
လေထန်တိုင်းသာ ၊ လွင့်ကြွေပါမူ၊
ဘယ်မှာပန်းများ ၊ ကျန်မည်နည်း။
လှိုင်းပုတ်တိုင်းသာ ၊ ကမ်းပြိုပါမှု၊
ဘယ်မှာမြေကြီး ၊ ကျန်မည်နည်း။
ကျရှုံးတိုင်းတာ ၊ ငိုရပါမှု၊
ဘယ်မှာ မျက်ရည် ၊ ကျန်မည်နည်း။
အမှောင်တစ်ဝက် ၊ လင်းတစ်ဝက်နဲ့
တစ်ရက်တစ်ခါ ၊ ကြုံမြဲသာတည်း။
အရှုံးတစ်လှည့် ၊ နိုင်တစ်လှည့်မှာ၊
မျက်လှည့်ပမာ ၊ တွေ့မြဲသာတည်း။
ဘ၀သည်ကား ၊ တိုက်ပွဲများပင်၊
လှုပ်ရှားရသော ၊ လူ့ရွာတောဝယ်၊
လင်းသော ၊ မှောင်သော
အောင်သော ၊ ရှုံးသော
မုန်းသော ၊ ချစ်သော
သစ်သော ၊ ဟောင်းသော
ပူသော ၊ အေးသော
နုသော ၊ ကြမ်းသော
စောကြာ စိတ်ဖြာ ၊ မနေပါပေ။
လဲရာကထ ၊ ကျရာကတက်၊
ပျက်ရာကဆောက် ၊ ရှေ့သို့လျှောက်၍
ရောက်ရာဘ၀ ၊ အားမာန်ပြရင်း
ရုန်းရကန်ရ မည်တကား။
ဦးအောင်သန်းထွန်း (မုံရွာ)
       “မဟာစည်ဆရာတော် ဘုရားကြီး၏ လကာင်္”
        “လောကီမှုကို၊ အောင်စေလို၊ ကံကို မချရ
ကံကိုချလျှင်၊ မအောင်မြင်၊ ဉာဏ်ယှဉ်ကြိုးစားကြ
နိဗ္ဗာန် ရွှေပြည်၊ ရောက်ခဲသည်၊ ပါရမီမချရ
ပါရမီချလျှင်၊ ၀ဋ်ထဲတွင် ပူပင်ဆင်းရဲရတဲ့။ “
“ရှေးဆရာတော်ကြီးများ၏ လင်္ကာ”
“သံသရာ ဘယ်ကစ
မသိတာက စ
သံသရာ ဘယ်မှာဆုံး
သိတစ်လုံးမှာ ဆုံး”
“၀ မရှိဘဲ ၀ိလုပ်ချင်ဆိုသည့် အဓိပ္ပါယ်အမှနပရမတ်မသိ ၀မရှိ
ဝိလည်း မဖြစ်နိုင်။
ဝိမဖြစ်က အနတ္တ
မုချဉာဏ်မပိုင်။
ဉာဏ်မမြင်က သံသာရ
ဒုက္ခ မဆုံးနိုင်
ဒုက္ခဆုံးရန် အလုပ်မှန်
ကျင့်ကြံဇွဲခိုင်ခိုင်တဲ့။
“သာသနာကွယ်ခြင်း အကြောင်း (၅) မျိုး”
ဗုဒ္ဓဘာသာဝင်အားလုံး
၁) ရတနာသုံးပါး  ၌ မရိုသေ မလေးစားခြင်း
၂) ကိုယ်ကျင့်တရား  ၌ မရိုသေ မလေးစားခြင်း
၃) ၀ိပဿနာ  ၌ မရိုသေ မလေးစားခြင်း
၎) ပဋိသန္ဓာရ (တရားဖြင့် ပစ္စည်းဖြင့် အစေ့အစပ် လိုက်လျောညီထွေပြုမှုခြင်း)
   အမှု၌ မရိုသေ မလေးစားခြင်း
၅) တစ်ဦးနှင့် တစ်ဦး အရိုအသေတန်ခြင်း
                                            (အင်္ဂတ္တိုရ်ပါဠိတော် ပဉ္စကနိပါတ၊ ကိမိလသုတ္တ)
“လူလေးမျိုး”
၁) လူ့ငရဲသား    – ဆင်းရဲနှိပ်စက်ခြင်း ခံရပြီး  ဘာကုသိုလ်ကောင်းမှု မလုပ်ရဘဲ သေသွားသူ
                        ( ဥပမာ – ထောင်သား)
၂) လူ့တိရစ္ဆာန်   – အိပ်မယ် စားမယ် ကာမဂုဏ်ခံစားပဲ ခံစားနေသူ
၃) လူ့ပြိတ္တာ      – ၀မ်းရေး တစ်ခုအတွက်ပဲ ရှားပြီး ဒါန သီလ ဘာဝနာ မလုပ်တဲ့သူ
၎) လူ့ပရမတ်ထ – စီးပွားရေးကို သမာအာဇီဝ ဖြင့်ရှာ ပြီး ဒါန သီလ ဘာဝနာ လုပ်သူ။
 “ပုထုဇဉ် လေးမျိုး”
 ၁) အန္ဓဗာလ ပုထုဇဉ်  – မိုက်လည်း မိုက် ( ကုသိုလ်၊ အကုသိုလ် မသိ) ၊
                              ဉာဏ်အမြင် လည်း ကန်း (ဓါတ် ပရမတ် မသိသူ)
၂) အန္ဓ ပုထုဇဉ်       – မိုက်တော့ မမိုက်ဘူး ( ကုသိုလ် အကုသိုလ် သိတယ်၊ လုပ်လည်း လုပ်တယ်)
                      သို့သော ဉာဏ်အမြင် ကန်းတယ် ( ဓါတ် ပရမတ် မသိဘူး၊ လုပ်လည်း မလုပ်ဘူး။)
၃) ကလျာဏ ပုထုဇဉ် –  ဓါတ်တွေ ပရမတ်တွေ သိတယ်။ သို့သော် သူ့အသိသည် စာသိ (သညာသိ)။
၎) စူလသောတပန် ပုထုဇဉ် – ဓါတ်တွေ ပရမတ်တွေ သိတယ်။ ရှုလည်း ရှုပွားတဲ့သူ။
“သာသနာ ကြိုက်သူ နှင့် မကြိုက်သူ”
၁) သာသနာကို ကြုံ ၊ သာသနာကို မကြိုက်   – ဗုဒ္ဓဘာသာတော့ ဖြစ်တယ်။ သစ္စာလေးပါး
၂) သာသနာကို မ ကြုံ ၊ သာသနာကို ကြိုက်  – ဒေ၀ီလ ရင်္သေ့ တစ်ပါးသာ ရှိသည်။
၃) သာသနာကို မကြုံ ၊ သာသနာကို မကြိုက် – အပါယ်ဘုံသား။
၎) သာသနာကို ကြုံ ၊ သာသနာကို ကြိုက်     – ဒါန သီလ သမာထ ၀ိပဿနာကို လုပ်နေသူများ။
       (လေးမျိုးသုံးလီ တရားတော်နှင့် စာအုပ်တွင်လည်း ပါဝင်ပါသည်။)
“ဘေးကြီးလေးပါး”
၁) ၀ိနိပါတဘေး                  –  သေပြီးရင် ကျချင်ရာဘုံ ကျ၊ ရောက်ချင်ရာဘုံ ရောက်တဲ့ဘေး။
၂) နာနာသတ္တဥလ္လောကနဘေး – ဘုရားကိုးကွယ်မှားတဲ့ဘေး
၃) ဒုစ္စရိတဘေး                  – မကောင်းမှု အကုသိုလ်တွေ ပြုလုပ်ဖြစ်တဲ့ဘေး
၎) အပါယ်ဘေး                  – အပါယ်လေးပါး ကျတဲ့ဘေး။
  • ၀ိနိပါတ ဘေး လွတ်ရင် ကျန်ဘေး ၃မျိုးကပါ တစ်ခါတည်းလွတ်တာပါပဲ။
  • ၀ိနိပါတ ဘေးကို လွတ်ချင်ရင် ဂတိမြဲအောင် လုပ်ရမယ်။
  • ဂတိမြဲတဲ့ကုသိုလ်ဆိုတာ ၀ိပဿနာကုသိုလ်နဲ့ မဂ်ကုသိုလ်ပဲ  ရှိတယ်။
“ကြွေး သုံး မျိုး”
၁) လောကကြွေး
  • သူတစ်ပါးထံက ချေးငှားထားပြီး မဆပ်တာပါပဲ။ ယူမိထားတဲ့ လောကကြွေးကို ဒီဘ၀မှာတင် အကြေအလည်ပေးဆပ်သင့်တယ်။
  • ဘာဖြစ်လို့လဲဆိုတော့ ဒီဘ၀မှာဆပ်ရတာ ငွေချေးထားရင် ငွေပဲ ဆပ်လို့ရတယ်။ ပစ္စည်းချေးထားရင်း ပစ္စည်းပဲ ဆပ်လို့ရတယ်) က
  • နောင်ဘ၀မှာ (ခန္ဓာ) ဆပ်ရတာလောက် အပန်းမကြီးလို့ဘဲ။
  • မဟာစည်ဆရာတော် ဘုရားကြီး ဟောကြားတော်မူဖူးတဲ့ မောင်ညိုဆန်တစ်စလယ်ဆိုတဲ့ ဖြစ်ရပ်။)
၂) သာသနာကြွေး
  •  စာပေ တရားကို တစ်ခုခုကို မလုပ်ဘဲ အချောင်နေ အချောင်စား။
  • အဇ္ဈတ္တအန္တရာယ် ကိုပိုမို သတိထားပြီး ကာကွယ်ကြရမယ်။ အဇ္ဈတ္တအန္တရာယ် ဆိုတာက ဗုဒ္ဓသာသာနာ့ဝန်ထမ်းရှင်ရဟန်းတွေ ကိုယ်တိုင်ပဲ၊ သာသနာ့ဘောင်ဝင်လာပြီး စာပေလည်းမလုပ်၊ တရားလည်းမလုပ်ဘဲ၊
  • ဗေဒင်ဟော၊ ဆေးကု၊ ဓါတ်ရိုက်၊ ဂဏန်းပေး၊ စီးပွားရေးလုပ်နေကြမယ်ဆိုရင် သူတို့ကိုယ်တိုင်ရဲ့ သန္တာန်မှာလည်း သီလ၊ သမာဓိ၊ ပညာဆိုတဲ့ သာသနာသုံးရပ်ကွယ်သွားပြီ။
၃) သံသရာကြွေး
  • ကြွေးပူသည် အပယ်ဘုံကို ဆွဲချမယ့် အကုသိုလ် – သောတာပတ္တိမဂ် ကုသိုလ်နှင့် မြန်မြန်ဆပ်လိုက်ဖို့ လိုတယ်။
  • ကြွေးအေးသည် ဘုဂတိဘုံရောက်မယ့် ကုသိုလ်အကြွေးအေး – အရဟတ္တမဂ် နှင့် ဆပ်လိုက်ရင် အကုန်ကြေသွားမယ်။
  • အိုလွန်းအားကြီးလို့ နာရတာပါ။
  • မချိမဆန့် မခံမရပ်နိုင်အောင် နာလွန်းအားကြီးလို့ သေရတာပါ။
ဗုဒ္ဓက – မရဏကောဥတ္တရိ ဒုက္ခံနာမ နတ္တိ
           (သေရခြင်းထက် ပိုလွန်သော ဆင်းရဲမည်သည်မရှိ)
  • ဒီတော့ အို နာ သေ ရှိတဲ့ နေရာမှန်သမျှ ဆင်းရဲအစစ်
  • ဒုက္ခသစ္စာ လို့သာ အကြင်ဖန်းမှတ်ထားရင် ကြွေးအေး။
  • လောဘဇော တစ်လုံး ဆိုရင် ပြိတ္တာဘုံမှာ တစ်ဘ၀သွားဖြစ်ရမယ်။
  • ဒေါသဇော  တစ်လုံး ဆိုရင် ငရဲမှာ တစ်ဘ၀သွား ဖြစ်ရမယ်။
  • မောဟ ဇော တစ်လုံး ဆိုရင် တိရစ္ဆာန် ဘုံမှာ တစ်ဘ၀ ဖြစ်ရမယ်။
  • ကုသိုလ်ဇော၊ အကုသိုလ်ဇော တစ်လုံး  ဖြစ်တိုင်း ကုဋေလေးသောင်းလောက်ဖြစ်တယ်။
  • ဇောတစ်လုံး တစ်ဘ၀နှုန်းနဲ့  ဖြစ်ရမှာဆိုတော့ လူဘ၀ဖြစ်စေ၊ နတ်ဘ၀ဖြစ်စေ၊ အခါ လေးသောင်း ဖြစ်ရမယ်။
“မိုးကုတ်ဆရာတော်ဘုရားကြီးရဲ့ ၀ိပဿနာသမာဓိ ခေါ် ခဏိကသမာဓိနဲ့ ၀ိပဿနာ မြန်မြန်ရှုပွားသင့်ကြောင်း ဟောကြားချက်”
  • သမထနဲ့ မဂ်ဖိုလ် မရနိုင်ဘူး။
  • သမထတည်းဟူသော အကြောင်းကြောင့် မဂ်ဖိုလ်တည်းဟူသော အကျိုးတရား ဘယ်တော့မှ မပေါ်နိုင်ဘူး။
  • အခု သံယုတ်ပါဠိတော်မှာ ဘုရာဒဟာ သုသိမကို ဟောလို့ သိကြရပြီ။ (ဘုရားက သုသိမ ရှေ့ပိုင်းက ၀ိပဿာနာဥာဏ် နောက်ပိုင်းက နိဗ္ဗာန်မြင်တဲ့ မဂ်ဥာဏ်ပဲလို့ တိုတိုကျဉ်းကျဉ်းပဲ ဖြေဆိုတောမူလိုက်တယ်။)
  • ဒါသိရရင် အရှည်မလိုက်ကြနဲ့။ တိုတိုနဲ့ ခရီးရောက်အောင် အားထုတ်ကြလို့ ပြောလိုက်ပါတယ်။
  • အရှည်လိုက်နေလို့ရှိရင် ဒုက္ခရောက်ဖို့ မြင်တယ်။
  • အချိန်အလွန်နည်းနေပြီ။ သိကြရဲ့လား။
  • သိရင်သိတဲ့အတိုင်း ကြိုးစားကြ။ သုဒ္ဓ၀ိပဿနာရှုကြ။ ဒါနဲ့မှ အဆင်ပြေမယ်.
  • အသေက အလွန်နီးနေပြီ။
  • ဒါမှမဟုတ် သမထ ၀င်ရှုပ်နေရင် နစ်ချင်မြုတ်ချင်ကြသေးလို့ဆိုတာ မှတ်လိုက်ကြ။
  • သမထနဲ့ နိဗ္ဗာန်မရနိုင်ဘူး။
  • သမထနဲ့ အချိန်မဖြုန်းကြနဲ့တော့ ၀ိပဿနာ သက်သက်ကိုသာ ရှုကြ။
  • သမထအရှိန်အဟုန်က ဗြဟ္မာ ပြည်ပဲ ရောက်အောင်တတ်နိုင်တယ်။ ဒီထက်မပိုဘူး။ သမထက သူ့အရှန်ကုန်ရင် ကျချင်ရာ ကျနိုင်တယ်။
  • သမထက အားကိုးမရဘူး။ သူနဲ့ လမ်းမဆုံးဘူး။
  • အဆန်းတရားလည်း မဟုတ်တော့ပါဘူးလို့ ပြောလိုက်ပါတယ်။
  • ဒကာ ဒကာမတွေ အခုနိဗ္ဗာန်ရှာနေကြတယ်။
  • သမထနဲ့ အချိန်ကုန်ရင် ကိုယ်ကျိုးနည်းကြဦးမယ်လို့ မှတ်လိုက်ကြ။
  • ဒါ့ကြောင့် သမထဖယ်ထားပြီး ၀ိပဿနာသက်သက် သုဒ္ဓ၀ိပဿနာလက်နက်ကို မြဲမြဲကိုင်ထားကြ။
  • ဒကာတို့တစ်တွေ သမထနဲ့ နိဗ္ဗာန် မရဘူး။
  • နိဗ္ဗာန် ရချင် လိုချင်ရင် ၀ိပဿနာလုပ်ရမယ်ဆိုတာ အမြဲအစွဲ ဆုံးဖြတ်ချက်ချလိုက်ကြ။ (ဒုလ္လဘ ဒေသနာတော်ကျမ်၊ စာမျက်နှာ (၂၁၀ မှ ၂၁၂) )
  • ဒကာတို့တစ်တွေ ကံကောင်း ဥာဏ်ကောင်းရှိတဲ့ အစိတ်အရွယ်၊ နှစ်ဆယ်အရွယ်တွေတုန်းက ငါ့းပါးအာရုံကာမရုဏ်ကိစ္စတွေမှာ သုံးထားခဲ့ကြပြီကိုး၊
  • ဒါ့ကြောင့်ကံမွဲ ဥာဏ်မွဲကလေးနဲ့ နည်းနည်းနဲ့ ရအောင် ကြိုးစားယူကြရမယ်။
  • ဒကာတို့တစ်တွေ အရင်က ကံကောင်း ဥာဏ်ကောင်းတွေ အလွဲသုံးစားလုပ်ခဲ့ကြပြီ၊
  • အခုနေမှာ နက်နဲ့တရားနဲ့ ကံမွဲဥာဏ်မွဲနဲ့ပဲ တွေ့ကြုံနေရတယ်။
  • ရှေးက ငါးပါးအာရုံ ကာမရုဏ်တွေမှာ သုံးပစ်ခဲ့ကြလို့ ကုန်ခဲ့ပြီ၊ အဲ့ဒါကောင်ေးတွဟူသရွေ့ ကုန်ခဲ့တာပဲ။
  • ဒကာ ဒကာမတွေ ဒါဟာ ဘယ်သူ့အပြစ်လဲ ရိပ်မိကြရဲ့လား။
  • ဖရာသူခိုးက ခိုးနေရတဲ့အထဲမှာ ဒကာတို့က အလွဲသုံးစားလုပ်နေတဲ့အချိန်က လုပ်ပစ်နဲ့ဆိုတော့ ကျန်ပါဦးမလား။
  • ဘယ်ကျန်တော့မှလဲ။
  • ဒီကြားထဲ အချိန်ရွေ့ချင်သေးတော့ အချိန်က ကုန်ရော့လာသေးတယ်။
” ပထမအရွယ်မှာ ပညာရှာ
 ဒုထိယအရွယ်မှာ ဥစ္စာ
တတိယအရွယ်မှာ ဘာဝနာတဲ့။
ဘယ်သူက ထွင်လိုက်တဲ့ အမှားလဲ မသိပါဘူး။”
  • အချိန်ရွှေ့နေတာ တတိယအရွယ်မှာ ဘာဝနာတဲ့။
  • ကံမွဲဥာဏ်မွဲကျမှ ဘာဝနာဆိုရင် သွားပြီ။
  • ရော်ဘာတုံးလက်သီးနဲ့ ထိုးသလိုနေမှာပဲလို့သာ မှတ်လိုက်ကြတော့။
  • ဒကာ ဒကာမတို့ အရှည်မလိုက်ကြနဲ့။ တိုတိုပဲလိုက်ကြလို့ ပြောလိုက်ပါတယ်။
  • အချိန်က မရတော့ဘူး။ ရိပ်မိကြရဲ့လား။
  • ဒကာတို့ခန္ဓာမှာ ဇရာသူခိုးက အချိန်တိုင်းခိုးနေတာ။
  • အိပ်နေတော့လည်း ဇရာကခိုး၊ မနက်လင်းတော့ သားရေး သမီးရေး စီးပွားရေးတွေနဲ့ အလွဲသုံးစားလုပ်ပစ်ကြ။
  • အမွဲနဲ့လာရတာ အသေက စောသွားရင် ခက်မယ်။
  • အသေမဦးခင် အရင်ဦးအောင်လုပ်နိုင်မှ ဖြစ်တော့မယ်။
  • ဒါ့ကြောင့် နိဗ္ဗာန်ရောက်ချင်ရင် ကြိုးစားပြီး မှတ်သားနာယူကြ။
  • ဒကာ ဒကာမတွေ နိဗ္ဗာန်ရချင်ရင် ရှေ့ပိုင်းက ၀ိပဿနာမဂ်၊ နောက်ပိုင်းက လောကုတ္တရာမဂ်။
  • ဒါကိုလုပ်ရမယ်လို့ မှတ်ကြ။ ရှင်းပြီ မဟုတ်လား။
  • ၀ိပဿနာသမာဓိနဲ့ သွားရမယ်။
  • သမထ မလုပ်နဲ့တော့။ သမထလုပ်ရင် အချိန်ကြာနေမယ်
  • ဒီလိုမှ မလုပ်ရင် ဇရာခိုးတာနဲ့ အသေစောတာနဲ့ပဲ ကိစ္စတုံးရတော့မယ်။ ရိပ်မိကြပြီးလား။
  • ဒီအတိုင်းသွားရင် သာသနာပနဲ့ပဲ သေသွားရမယ်။
  • သာသနာနဲ့ ကြုံတယ်ဆိုပေမယ့် သာသာနာတွင်းတရားမရတော့ သာသာနာပလို့ပဲ ဆိုရတယ်။
  • သဘောပေါက်ကြပြီလား။ သမထသမာဓိဆိုရင် ကြာမယ်။ ဒါက သာသနာပ တရား။  သာသနာတွင်း တရား မဟုတ်ဘူး။
  • ဒါ့ကြောင့် ဒီသမထ သမာဓိမလုပ်နဲ့တော့။ သေစောရင် အမျောကြီး မျောရလိမ့်မယ်။ နားလည်ကြပြီလား။
  • ဒီအလုပ်မှာ သမာဓိက ၀ိပဿနာ သမာဓိနဲ့ သွားရမယ်။ ရှင်းပြီလား။
  • ကိုင်း ဒကာ ဒကာမတွေ အလုပ်ပြမယ်။
“အလုပ်က
ရှေ့ က ၀ိပဿနာမဂ်။
နောက်က လောကုတ္တရာ မဂ်”  လို့မှတ်ကြ။
  • တိုတိုနဲ့ အမိဖမ်းဖို့ လုပ်ကြ၊ မှတ်မိကြပြီလား
  • ရှေ့ပိုင်းက ၀ိပဿနာမဂ် နောက်ပိုင်းက လောကုတ္တရာမဂ်။ ဒါကို မိအောင်လုပ်ရမယ်။
  • ကံမွဲ ဥာဏ်မွဲသမားတွေ ကောင်းကောင်းမှတ်သွားကြ
  • ဒီနှစ်ခုတည်းနဲ့ သွားကြရမယ်။ များနေရင် ဆေးချက်မီမှာ မဟုတ်ဘူး။
  • ဆေးချက်မီအောင် မနည်းလုပ်နေရတယ်။
  • ဒါမှမဟုတ်ရင် ကျွမ်းထိုးမှောက်ခုံသွားဖို့သာ ပြင်ကြတော့လို့ မလုပ်ချင်တဲ့သူတွေအတွက် ပြောလိုက်ပါတယ်။
( ဟောတဲ့ ပုဂ္ဂိုလ်က သစ္စာတရားဟောလို့ တရားနာတဲ့သူကလည်း တစ်ပါးအာရုံမသွားဘဲ သစ္စာတရားမှာသာ နှလုံးထားနိုင်ရမယ်။ အဲ့လိုထားနိုင်ရင် တရားနာရင်းက သောတာပန်တည်နိုင်တယ်လို့ ပေဋကောပဒေသမှာ ဟောထားတယ်။ )
 “မည်သူမဆို ၀ိပဿနာ တရားကို ပွားများအားထုတ်သင့်ကြောင်း”
 ၁) အိုဘေ နာဘေ သေဘေးကို မတွေးမမြင်ဘဲ ပျော်ရွှင်မိုက်မှား နေကြသူများ။
၂) ဒီခေတ်ဟာ အရိယာခေတ် မဟုတ်တော့ဘူး။ ကျင့်ရင်လဲ ပင်ပန်းရုံသာရှိမယ်လို
    ခေတ်အပေါ်မှာ လွှဲပုံချနေသူများ။
၃) တို့များက ပါရမီနည်းတယ် ပါရမီရှင်ကြီးတွေနဲ့သာ ထိုက်တန်ပါတယ်ဟု ပါရမီပေါ်လွှဲချနေသူများ။
၎) မဂ် ဖိုလ် နိဗ္ဗာန်ဆိုတာ တိဟိတ်ပုဂ္ဂိုလ်မျိုးတွေ သာ ဒီဘ၀ကျင့်ရင်ရနိုင်တာ၊ တို့က ဒွိဟိတ်ပုဂ္ဂိုလ်
     အတန်းအစားလောက်ပါဟု စစ်မရောက်မီ မြားကုန်ကာ အရှုံးပေးနေကြသူများ။
    (တိဟိတ် ဆိုသည်မှာ အလောဘ၊ အဒေါသ၊ အမောဟ ဆိုသော အဟိတ် ၃ ပါး)
     (ဒွိဟိတ် ဆိုသည်မှာ အလောဘနှင့် အဒေါသ ဆိုသော အဟိတ် ၂ ပါး)
၅) ဘ၀ပေါင်းများစွာက ဆုတောင်းလာကြတဲ့ ဆုထူးပန် အဓိပတိ ပုဂ္ဂိုလ်ကြီးတွေသာ ကျင့်ရင်
     မဂ်ဖိုလ်နိဗ္ဗာန် ရနိုင်တာ၊ တို့များ ငနုံငမွားတွေနဲ့ မထိုက်တန်ပါဘူးဟု လွှဲချနေကြသူ ဖြစ်၏။
        ဤသူများ တိရစ္ဆန်ဘုံုံ့  စဉ် စံမည်။ မဂ် ဖိုလ် မရ ဟု ဆိုလို၏။
  • ဤ၀ိပဿနာ အလုပ်သည် သမထ အလုပ်ကဲ့သို့ ပလီဗောဓ ဆိတ်ငြိမ်ရာကြီးကိုရမှသာ ပြီးစီးနိုင်သည်မဟုတ်။
  • ပါရမီဥာဏ်သည်သာ ပဓာနတည်း။ပါရမီဥာဏ်ရှိခဲ့ပါမှု တရားနာရင်းနှင့်ပင် ပေါက်ရောက်၍ သွားတတ်၏။
  • ဃရာဝါသကိစ္စအတွင်းမှာပင် ပေါက်ရောက်နိုင်၏။
  • အကြောင်းမငကား ဥာဏ်ရှီသူတို့မှာ ကိုယ်တွင်းကိုယ်ပြင် အိမ်တွင်းအိမ်ပြင် ရွာတွင်းရွာပြင် တွေ့မြင်သမျှသည် အနိစ္စ ဥာဏ်ပွားစီးဖို့ချည်းသာတည်း။
မှ – သောမနဿုပေက္ခာဒီပနီ စာမျက်နှာ ၆၁၊ ၆၂ – ယခုခေတ်သည် သုက္ခ၀ိပဿကခေတ်
  • အာဇီဝဋ္ဌမကသီလ လုံခြုံလျှင် လူသီလ၀န္တဖြစ်ပေပြီ။
  • သတိလွတ်သဖြင့် ပြုမိလျှင် ရှိပြန်လျှင် ဤအမှုကို နောင်ခါ ငါမပြုဟု တင်းတင်းကြပ်ကြပ် ဓိဌာန်လျှင် လုံမြဲလုံပြန်၏။ သီလ၀ိသုဒ္ဓိ ဖြစ်၏။
  • စိတ္တ၀ိသုဒ္ဓိ (သမထ) မှာ တတ်နိုင်လျှင် အထူးကောင်း၏။ မတတ်နိုင်လျှင် နေရ၏။
  • ဥပစာရဘာဝနာ၊ အပ္မနာ ဘာဝနာ ဟူသော စိတ္တ၀ိသုဒ္ဓိကို အသီးမလ်ုပသော ယောဂီကို သုက္ခ၀ိပဿက (၀ိပဿနာ သက်သက်ကိုသာ ရှုပွားခြင်း) ယောဂီဟု ခေါ်သည်။ သုဒ္ဓသိပဿက
  • (၀ိပဿနာ သက်သက်ကို ရှုပွားသူ) ယောကီဟုလည်း ခေါ်၏။
  • ယခုကာလသည် သုက္ခ၀ိပဿ က  ခေတ်တည်း။
  • ထို့ကြောင့် သီလ၀ိသုဒ္ဓိနေရာကျလျှင် ဓါတုမနသိကာရကို ထူထောင်ရမည်။
“သာသနာကို ရှောင်ကွင်းသူများ
 ဘေးကိုမမြင် ခေတ်လျှင်ချထား
စောင့်စားပါရမီ ဒွိဟိတ်မည်နှင့်
တစ်လီဓိပတိတ် ဤငါးစိတ်သည်
တိရစ်ဘုံစဉ်စံဖို့တည်း။” (လယ်တီဆရာတော်)
 “မဂ်ဖိုလ်ရဖို့အတွက် လှေကား ၃ထစ်”
 ၁) ဉာတပရိညာ    – လောကမှာ တကယ်ရှိတဲ့ ပရမတ်တရားနဲ့ တကယ်မရှိတဲ့ ပညတ်တရားများကို
                         ပြတ်ပြတ်သားသားသိသွားအောင် ဆရာဆီမှာ နာယူမှတ်သားရမယ်။
၂) တီရဏပရိညာ – ပရမတ်တရား ရုပ်နာမ်နှစ်ပါးဟာ နားချိန်အားချိန်မရှိဘဲ
                         တရစပ်ဖြစ်ပျက်နေတာပါလားဆိုတာ သိပြီးသွားတာနဲ့ အချိန်ရသမျှ
                         အနိစ္စ၊ ဒုက္ခ၊ အနတ္တ ကို ဆင်ခြင်ပွားများနေတာ။
၃) ပဟာနပရိညာ  – ရှုမှတ်ပွားများပါများလို့ ရင့်ကျက်ချိန်ရောက်တာနဲ့ ဆိုင်ရာ မဂ်ကျလာပြီး
                         ဆိုင်ရာကိလေသာကို ပယ်သတ်ပစ်လိုက်တာ။
” ပရမတ် ၄ မျိုး”
 စိတ်          =   အာရုံကို သိတတ်တဲ့ သဘောတရား
                  (လုံးရေ အကျဉ်း ၈၉ လုံး. အကျယ် ၁၂၁ ပါး)
စေတသိက် =   စိတ်၌ မှီဖြစ်တဲ့ သဘောတရား ( လုံးရေ ၅၂ လုံး )
ရုပ်           =    ဖောက်ပြန်တတ်တဲ့ သဘောတရား
နိဗ္ဗာန်        =   အိုနာသေကင်းသော အငြိမ်းဓါတ်။
 ( ပညတ် သည် ပရမတ် ၄ မျိုးကလွှဲပြီး ကျန်တာ အားလုံးကို ပညတ်လို့ချည်း မှတ်တယ်။)
 ဗုဒ္ဓက –  
  • ကုသိုလ်ဖြစ်ခြင်းရဲ့ အနီးဆုံးအကြောင်းဟာ ယောနိသောမနသိကာရ = ကောင်းကွက်ကိုရှာပြီး သင့်တင့်အောင် နှလုံးသွင်းခြင်းတဲ့။
  • အကုသိုလ်ဖြစ်ခြင်းရဲ့ အနီးဆုံးအကြောင်းဟာ အယောနိသော မနသိကာရ = မကောင်းကွက်ကို ရှာပြီး မသင့်တင့်အောင် နှလုံးသွင်းခြင်းတဲ့။
  • သူတစ်ပါးကို မကြည်ညိုရင် ကုသိုလ်မရရုံဘဲ ရှိတယ်။
  • မိမိကိုယ်မိမိ မကြည်ညိုရင် အပါယ်ကျ တတ်တယ် ဆိုတာပဲ။  ( သာဓကအားဖြင့် – မလ္လိက မိဖုရား)
“ကုသိုလ် ၄ မျိုး”
၁) ဒါန ကုသိုလ်
၂) သီလ ကုသိုလ်
၃) သမထ ဘာဝနာ ကုသိုလ်
    အပေါ် သုံးခုကတော့ လောကီကုသိုလ်များကတော့ သာသနာတွင်း၊ သာသနာပ အမြဲတမ်းရှိတယ်။
     ဘုရားမပွင့်ရင်လည်း ဒါန. သီလ သမထ ဘသာနာ တွေက ရှိတယ်။)
၎)  ၀ိပဿနာ ဘာဝနာ ကုသိုလ်  သာသနာအတွင်း မှာသာ ရှိပါတယ်။
        (ဘုရားပွင့်သော အချိန်မှာသာ ရရှိနိုင်သည်။)
  • သာသနာနဲ့ ကြုံသခိုက်လေးမှာ ၀ိပဿနာကုသိုလ်ကို အရယူလိုက်စေချင်ပါတယ်။
  • ဒါန နဲ့ သီလ ကတော့ ဘ၀ရွေး အချိန်ရွေး ပါတယ်။ အခုလုပ် အခု အကျိုးပေးလို့ မရှိပါဘူး။
  • အပြစ်ကို ရဲဝံ့စွာ ၀န်မခံရဲရင် နှစ်ဆ တိုးတတ်တယ်။
  • ပုထုဇဉ် အချင်းအချင်းပေါ်မှာ ဆိုးတာတွေချည်း ဘယ်တော့မှ ရှာမကြည့်နဲ့။
  • မကောင်းကွက် ကိုသာ ကြည့်မည်ဆိုလျှင်   ပေါင်း နိုင်စရာ ပုဂ္ဂိုလ် မရှိ။
  • ကောင်းကွက် ကိုသာ ကြည့်မည်ဆိုလျှင်    မပေါင်း နိုင်စရာ ပုဂ္ဂိုလ် မရှိ။
 “ကိုယ်ကျင့်သီလ ဖောက်ဖျက်သူတွေခံစားရမယ့် သီးသန့်လေးမျိုး”
၁) ပရာနုဝါဒ ဘေး     = သူတစ်ပါးက စွပ်စွဲကဲ့ရဲ့တာ
၂) ဒဏ္ဍဘေး            = နိုင်ငံတော်က ပြစ်ဒဏ်ချခံရတာ
၃) အတ္တာ နုဝါဒဘေး   = ကိုယ့်ကိုယ်ကို မကြည်ညိုတာ စွပ်စွဲကဲ့ရဲ့တာ
၎) ဒုဂ္ဂတိဘေး           = အပါယ်လေးပါးကျတာ
           ( နောက် ဘေးနှစ်မျိုး သည် ရှောင်လွှဲလို့မရ။)
“ကိလေသာ ဆယ်မျိုး “
၁) လောဘ      –    တပ်မက်ခြင်း ၊ လိုချင်ခြင်း ၊ နှစ်သက်ခြင်း ။
၂) ဒေါသ         –    စိတ်ဆိုး ၊ ရန်ငြိုး ၊ မနှစ်သက်ခြင်း ။
၃) မောဟ        –    အမှန်ကို မသိခြင်း။
၎) မာန            –    မရိုသေ ( ငါရှိ ၊ ငါ တတ်)
၅) ဒိဋ္ဌိ             –    အယူမှား ( ငါရှိသည် ၊ သူရှိတယ် ၊ ယောကျာ်း ရှိတယ်၊
                          မိန်းမ ရှိတယ် စသဖြင့်။ )
၆) ၀ိစိကိစ္ဆာ       –   မပြတ်သား ၊ သို့လော သို့လော ဖြစ်နေတာ။
၇) ထိန            –    စိတ်လေးလံထိုင်းမှိုင်း
၈) ဥဒ္ဓစ္စ           –    စိတ်ပြန့်လွင့်
၉) အဟိရိက     –    အကုသိုလ် လုပ် ကြံ တာကို မရှက်တာ။
၁၀) အနောတ္တပ္ပ  –    အကုသိုလ် လုပ် ကြံ တာကို မကြောက်တာ။
  • ကိုယ်နှုတ်နဲ့ လွန်ကျူးခြင်းဆိုတဲ့ ၀ီတိက္ကမအဆင့် – အကြမ်းစား (သီလနဲ့ သတ်လို့ရတယ်)
  • စိတ်ထဲမှာ ထကြွသောင်းကျန်းလာခြင်းဆိုတဲ့ ပရိယုဋ္ဌာနအဆင့်၊ အလတ်စား
         (သမာဓိနဲ့ သတ်လို့ရတယ်)
  • အကြောင်းတိုက်ဆိုင်မှ ဖြစ်ပေါ်လာပြီး မတိုက်ဆိုရင် ပေါ်မလာဘဲ စိတ်သန္တာန်မှာ
        အစဉ်ကိန်းနေတဲ့ အနုသယအဆင့်  (၀ိပဿနာပညာ၊ မဂ်ပညာနဲ့မှ သတ်လို့ရတယ်)
အနုသယအမည်ရတာ ကိလေသာဆယ်ပါးမှ ၇ ပါး
        ၁) ကာမရာဂါ နုသယ = အာရုံငါးပါးကို တပ်မက်သော လောဘ
        ၂) ဘ၀ရာဂါ နုသယ = ဗြဟ္မာဘ၀ကို တပ်မက်သော လောဘ
        ၃) ပဋိဃါ နုသယ = ပြစ်မှားဖျက်ဆီးသော ဒေါသ
        ၄) မာနာ နုသယ = ထောင်လွှားတက်ကြွသော မာန
        ၅) ဒီဋ္ဌာ နုသယ = ငါရှိသည်ဟု အယူမှားခြင်း ဒိဋ္ဌိ
        ၆) ၀ိစိကိစ္ဆာ နုသယ = ငါသည် အရင်တုန်းက ဖြစ်ခဲ့သလား၊ အခုဖြစ်ဆဲလား၊
                                   နောင်ဖြစ်ဦးမှာလားဟု ယုံမှားခြင်း ၀ိစိကိစ္ဆာ
        ၇) အ၀ိဇ္ဖာ နုသယ = အသိမှားခြင်း မောဟတိုပဲ။
  • သောတပတ္တိမဂ်  က ဒိဋ္ဌာနုသယ နဲ့ ၀ိစိကိစ္ဆာနုသယ ကိုပယ်သတ်တယ်
  • သကဒါဂါမိမဂ်  က ကာမရာဂါနုသယနဲ့ ပဋိဃာနုသယ အကြမ်းစားတွေကို ပယ်သတ်တယ်။
  • အနာဂါမိမဂ်  က အဲ့ဒီနှစ်ပါးကို အမြစ်ပြတ်ပယ်သတ်တယ်။
  • အရဟတ္တမဂ်  က ကျန်တဲ့ အနုသယ အကုန်ပယ်သတ်တယ်
  • သောတပန်  တည်ပြီးရင် ကာမဘုံမှာ အများဆုံး ၇ ဘ၀ပဲ နေရတော့တယ်။
  • သကဒါဂါမိမဂ်က ကာမဘုံမှာ နှစ်ဘ၀ကနေ ခြောက်ဘ၀အထိ နေချင်တဲ့ တဏှာကိုပါ ဖြစ်ပစ်လိုက်တယ်။
  • သကဒါဂါမ်  ဖြစ်သွားရင် ကာမဘုံ တစ်ကြိမ်ပဲလာတော့တယ်
  • အနာဂါမိမဂ်က ကာမဘုံ တစ်ကြိမ်ပြန်လာချင်သေးတဲ့ တဏှာကိုပါ ဖြတ်ပစ်လိုက်တယ်။
  • အနာဂမ်  ရပြီးရင် ကာမဂုဏ်မှန်သမျှကိုလည်း လုံးဝမခံစားတော့ဘူး။ ဒါပေမယ့် အနာဂါမ်မှာ ဗြဟ္မဘုံမှာ ဖြစ်ချင်သေးတဲ့ တဏှာ ကျန်နေသေးတယ်
  • အဲ့ဒီ တဏှာကို အရဟတ္တမဂ်က ပယ်သတ်လိုက်တယ်။ ဒါကြောင့် ရဟန္တာများဟာ ၃၁ဘုံက လွတ်ရာ နိဗ္ဗာန်ကို ရောက်ကြတာပေါ့။
  • တဏှာဟာ နယ်လည်းကျယ်တယ်၊ ဆိုးကျိုးလည်းများတယ်၊
  • တစ်စုံတစ်ခုကို စွဲလမ်းတဲ့ တဏှာနဲ့သေရင် ပြိတ္တာဘုံရောက်တယ်။
  • ၀ိသမ လောဘစိတ်တွေ အားကြီးလာရင် ကမ္ဘာလောကကြီးဟာ အငတ်ဘေး ဆိုက်တယ်။
  • ဒီထက် အားဆက်ကြီးလာမယ်ဆိုရင် ကမ္ဘာလောကကြီးဟာ မီးလောင်ပြီး ပျက်စီးရတယ်။
 “လောဘဓါတ်ကြီး ကုန်နည်း ၃ နည်း”
၁) ဒါန ပြုပြီး လောဘကို ပယ်သတ်ရမယ်။
၂) စွမ်းနိုင်သမျှ ဓုတင် ( ကိလေသာ ခါတွက်ခြင်း) ကို ဆောက်တည်ပါ။
   (သာဓကအားဖြင့် – ထမင်းတစ်ဝိုင်းဆိုရင် အနည်းဆုံး ဟင်းသုံးမျိုး၊ ထမင်းတစ်မျိုး။ စုစုပေါင်း ခွက်လေးခွက်ရှိမယ်။
    ဒီတော့ စားတဲ့သူမှာ ပတ္တပိုဏ်ဓုတင်ကို ဆောင်လိုက်ပြီဆိုရင် ခွက်ကလည်း တစ်ခွက်တည်းဖို့ လောဘဟာလည်း တစ်မျိုးပဲ ဖြစ်တော့တယ်။ ကျန်တဲ့ လောဘသုံးမျိုးလျော့သွားတာပေါ့)
၃) အရဟတ္တမဂ်ရပြီး ရဟန္တာဖြစ်တဲ့အထိ ၀ိပဿနာတရားကို နာကြားအားထုတ်ဖို့ပဲ။
This entry was posted in ၀ိပဿနာ. Bookmark the permalink.
Leave a Reply
Fill in your details below or click an icon to log in:
WordPress.com Logo
You are commenting using your WordPress.com account. Log Out / Change )
Twitter picture
You are commenting using your Twitter account. Log Out / Change )
Facebook photo
You are commenting using your Facebook account. Log Out / Change )
Google+ photo
You are commenting using your Google+ account. Log Out / Change )
Connecting to %s