လိုချင်တာ ဘာလဲ

ဆရာတော် ဦးဇောတိက၏ စာအုပ်တွေများသည် ဘ၀ကို တန်ဘိုးရှိရှိ၊ အဓိပ္ပါယ်ရှိရှိ ဘ၀ရဲ့အရည်အသွေးမြင့်မားစေဖို့ အဆင့်အတန်းမြင့်မားသောဘ၀ကို ရရှိနိုင်ဖို့အတွက် ရေးသားပါတယ်လို့ ဆရာတော်ကိုယ်တိုင်ပြောပါတယ်။ ကျမတို့ဘ၀ကိုရုန်းကန်ရတဲ့အခါမှာ လောကဓံတရားတွေက မဖြစ်မနေတွေ့ကြုံလာတဲ့အခါ စိတ်ဓါတ်ကျ၊ စိတ်ညစ်၊ အဆင်မပြေမှု စသဖြင့် ဖြစ်လာပါတယ်။ တခါတရံ အဆိုးတွေက တချိန်တည်းမှာ ရောက်လာနိုင်တဲ့အခါမှာဆို ပိုပြီးဆိုးတတ်ပါတယ်။ ဒါ့ကြောင့် အဲ့ဒီလို ပြဿနာတွေ အဆင်မပြေမှုတွေနဲ့ ရင်ဆိုင်လာရရင်တော့ မိမိရဲ့စိတ်ကို အရင်ဆုံးအေးချမ်းအောင် ငြိမ်းချမ်းအောင်လုပ်နိုင်ဖို့က အရေးအကြီးဆုံးဖြစ်ပါလိမ့်မယ်။ ခေါင်းအေးသွားတဲ့အချိန်ကျမှ ငါ ဘာလုပ်သင့်သလဲ။ ငါရွေးချယ်လိုက်တဲ့လမ်းဟာ ငါ့အတွက်ရော သူတစ်ပါးအတွက်ပါ တရားမျှတရဲ့လား။ စသဖြင့်ပေါ့ အကောင်းဆုံးနှင့် တရားအမျှတဆုံးနည်းလမ်းကို ပိုမို ရွေးချယ် စဉ်းစား ဆုံးဖြတ်နိုင်ပြီး အမှားလည်းနည်းလာပါလိမ့်မယ်။

လောကီရေးရာမှာ အဆင်ပြေချင်တော့ ဆရာတော်ရေးတဲ့ စာအုပ်တွေက မိတ်ဆွေတို့ကို စိတ်ဓါတ်အားဆေးတစ်ခု အနေနဲ့ အထောက်အကူပြုလိမ့်မယ်လို့ ထင်မိပါတယ်။ ယခုခေတ်မှာ ကိုယ်လိုချင်တဲ့နေရာတစ်ခုရဖို့အတွက် ရုန်းရ ကန်ရမှာ မိမိဘ၀အတွက် အရေးကြီးတဲ့အစိတ်အပိုင်းတွေ မေ့တတ်ပါတယ်။ ဒါ့ကြောင့် စုဆောင်းမိသလောက် တင်ပေးလိုက်ပါတယ်နော်။

 

 

“လေးစားပါတယ် -မြင့်မြတ်တဲ့ဘက်ကို ဦးတည်ပြီး သွားနေရတာဟာ ပျော်စရာအကောင်းဆုံး၊ ကျေနပ်စရာ အကောင်းဆုံးပါ”

 

“တကယ်လိုချင်တာ ဘာလဲ”

အမေး – တကယ်လိုချင်တာဘာလဲ။

အဖြေ – စိတ်ချမ်းသာမှုပါ။ 

 

  • တကယ်စိတ်ချမ်းသာမှုကို လိုချင်ရင် ကိုယ့်ကိုယ်ကို လေးစားတဲ့သူဖြစ်အောင် နေဖို့လိုတယ်။

  • ကိုယ့်ကိုယ်ကို လေးစားမှုရှိချင်ရင် အကျင့်သီလ စင်ကြယ်မှု၊ တကိုယ်ရေ သန့်ရှင်းမှု၊ လောကကို အကျိုးပြုနိုင်သူ၊ စိတ်ဓါတ်ရင့်ကျက်မှု၊ မြင့်မြတ်မှု၊ အရည်အချင်းမြင့်မားမှု၊ ကိုယ်ရည်ကိုယ်သွေး မြင့်မားမှု ရှိဖို့ လိုအပ်တယ်။

  • ဒီလိုဖြစ်ဖို့ “သတိ” ရှိဖို့လိုအပ်တယ်။

 

  • စိတ်ချမ်းသာစေချင်ရင် စိတ်မှာ “စည်းကမ်း” ရှိရမယ်။

  • မတွေးသင့်တာ မတွေးဖို့၊ တွေးသင့်တာ တွေးဖို့ အရေးကြီးတယ်။ 

 

 

       “နောင်တ”

  

  • မလုပ်သင့်တာ လုပ်မိလို့ ရှက်နေတယ်။

  •  နောင်တဖြစ်နေရင် စိတ်မှာ ကြည်လင်အေးချမ်းမှု မရှိဘူး။

  • ကိုယ့်အမှားကို ထပ်ခါတလဲလဲ တွေးနေတယ်။

  • ဒါမှမဟုတ် မေ့ဖို့ကြိုးစားရင်းနှင့်  တခြားကို စိတ်လွှဲနေရင် သူ့စိတ်မှာ လွပ်လပ်မှုဆိုတာ မရှိဘူး။

  

“ငဲ့ညှာစိတ်သည် မြင့်မြတ်သောစိတ်” ဖြစ်သည်။

“ပေးနိုင်သော စိတ်သည် အင်အားကြီးသောစိတ်” ဖြစ်သည်။

  

 

 

 

Advertisements
This entry was posted in ကောက်နှုတ်မှုများ and tagged . Bookmark the permalink.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s