ဗုဒ္ဓ၏ အဆုံးအမ
"ဟန္ဒဒါနိဘိက္ခဝေ အာမန္တယာမိဝေါ
ဝယဓမ္မာသင်္ခါရာ အပ္ပမာ ဒေနသမ္ပာဒေထ။
ရုပ်နာမ်ခန္ဓာ သင်္ခါရတရားတို့သည်
ပျက်စီးခြင်းသဘောရှိကြကုန်၏။
မမေ့ မလျော့ မပေါ့ မဆသော
ဝိပဿနာသတိတရားဖြင့် ပြည့်စုံစွာနေရစ်ကြလော့။""အတ္တာဟိ အတ္တနော နာထော မိမိကိုယ်သာလျှင် မိမိကိုးကွယ်အားထားရာ။"
"ယောခေါ ၀က္ကလိဓမ္မံ နပဿတိ သောမံနပဿတိ။
ဝက္ကလခန္ဓာ နာမ်ရုပ်တရားကို မမြင်သောသူသည် ငါဘုရားကို မမြင်။""ယော စ ၀ဿသတံ ဇီဝေ၊ အပဿံ ဥဒယဗ္ဗယံ။
ဧကာဟံ ဇီဝိတံ သေယျော၊ ပဿန္တော ဥဒယဗ္ဗယံ။
လူတစ်ယောက်ဟာ အသက်တစ်ရာနေရပေမယ့် ရုပ်နာမ်တို့ရဲ့အဖြစ်အပျက်ကို မမြင်ဘူး (မသိဘူး) ဆိုရင် မမြတ်ဘူး။
လူတစ်ယောက်ဟာ တစ်ရက်တည်းနေရပေမယ့် ရုပ်နာမ်တို့ရဲ့အဖြစ်အပျက်ကို မြင်ရတယ် (သိတယ်) ဆိုရင် မြင့်မြတ်ပါတယ်။""သေခြင်းတရားသည် ကွေးသောလက် မဆန့်ခင်၊ ဆန့်သောလက် မကွေးခင်မှာ ရောက်လာနိုင်တယ်လို့ ဗုဒ္ဓ ဟောကြားတော်မူခဲ့ပါတယ်။"
နေ့စဉ်ပွားပါ ဤငါးဖြာ
၁) ငါသည် အိုခြင်းသဘော ရှိ၏။
အိုခြင်းသဘောတရားကို မလွန်ဆန်နိုင်။၂) ငါသည် နာခြင်းသဘော ရှိ၏။
နာခြင်းသဘောတရားကို မလွန်ဆန်နိုင်။၃) ငါသည် သေခြင်းသဘော ရှိ၏။
သေခြင်းသဘောတရားကို မလွန်ဆန်နိုင်။၎) ငါ့အား ခပ်သိမ်းသော နှလုံးကိုပွားစေတတ်သော အဆွေအမျိုး၊
အဆွေခင်ပွန်း၊ ချစ်ကျွမ်းဝင်သူတို့နှင့် အရပ်တစ်ပါးသို့ ပြောင်းသွားသဖြင့်
ရှင်ကွဲ ကွဲရခြင်းသည် လည်းကောင်း၊ ဘ၀တစ်ပါးသို့ ပြောင်းသွားသဖြင့်
သေကွဲ ကွဲရခြင်းသည်လည်းကောင်း ဖြစ်တတ်ချေ၏။၅) ငါသည် ကံသာလျင် မိမိဥစ္စာ ရှိသည်။
ကံသာလျင် အကြောင်းရင်း ရှိသည်။
ကံသာလျင် အမွေခံ ရှိသည်။
ကံသာလျင် အဆွေအမျိုး ရှိသည်။
ကံသာလျင် ကိုးကွယ်လဲလျောင်းရာ ရှိသည်ဖြစ်၏။
ကောင်းသည် ဖြစ်စေ၊ မကောင်းသည်လည်း ဖြစ်သော အကြင်ကံကိုပြုအံ့။-
Recent Posts
Categories
- ဆုံးမသြ၀ါဒများ (38)
- တရားတော်များ (6)
- ဓမ္မ စာအုပ်များ (15)
- ပါဠိ ဘာသာပြန် (5)
- ဗုဒ္ဓ သြ၀ါဒများ (2)
- ဗုဒ္ဓ၀င် (1)
- လကာၤမ်ား (4)
- အေတြးအၿမင္မ်ား (2)
- အေမးအေၿဖ (4)
- ကောက်နှုတ်မှုများ (25)
- ထေရ၀ါဒ ဗုဒ္ဓဘာသာ (65)
- ထေရ၀ါဒ မှတ်ကျောက် (11)
- မေတ္တာရိပ်မှ နှုတ်ခွန်းစကား (3)
- လောကနိတိ (9)
- ၀ိပဿနာ (2)
- မြတ်ဗုဒ္ဓ သာသနာ (13)
- မြတ်ဗုဒ္ဓ ဂေါတမ (5)
- Links (2)
Archives
- April 2013 (22)
- March 2013 (13)
- June 2011 (1)
- April 2011 (20)
- September 2010 (1)
- May 2010 (9)
- January 2010 (6)
- November 2009 (10)
- October 2009 (40)
- September 2009 (15)
- August 2009 (40)
- July 2009 (10)
- June 2009 (20)
May 2013 M T W T F S S « Apr 1 2 3 4 5 6 7 8 9 10 11 12 13 14 15 16 17 18 19 20 21 22 23 24 25 26 27 28 29 30 31 Recent Comments
mettayate on ပဋ္ဌာန်း၊ ဓမ္မစကြာနှင့် ပရိတ်ကြီး… Myo Zaw on ပဋ္ဌာန်း၊ ဓမ္မစကြာနှင့် ပရိတ်ကြီး… Myo Zaw on အရှင်ဇ၀န (မေတ္တာရှင်) ရွှေပြည်သာ… mettayate on လယ်တီဆရာတော်ဘုရားကြီး စာအ… ချမ်း on လယ်တီဆရာတော်ဘုရားကြီး စာအ… Meta
Top Posts & Pages
Category Archives: ပါဠိ ဘာသာပြန်
သမ္ဗုဒ္ဓေ ပါဠိ ဘာသာပြန်
သမ္ဗုဒ္ဓေ သမ္ဗုဒ္ဓေ အဋ္ဌ၀ီသဉ္စ၊ ဒွါဒသဉ္စ သဟဿကေ။ ပဉ္စသတ သဟဿာနိ၊ နမာမိ သိရသာမဟံ။ နှစ်ကျိပ်ရှစ် (၂၈) ဆူကုန်သော ဘုရားရှင်တို့ကို လည်းကောင်း၊ တစ်သောင်းနှစ်ထောင်ကုန်သော ဘုရားရှင်တို့ကို လည်းကောင်း၊ ငါးသိန်းကုန်သော ဘုရားရှင်တို့ကို လည်းကောင်း၊ အကျွန်ုပ်သည် ဦးခေါင်းရတနာဖြင့် ရှိခိုးပါ၏။ အပ္ပကာ ၀ါဠုကာ ဂင်္ဂါ၊ အနန္တာ နိဗ္ဗုတာ ဇိနာ။ တေသံ ဓမ္မဉ္စ သံဃဉ္စ၊ အာဒရေနံ နမာမဟံ။ ဂင်္ဂါမြစ်အတွင်းမှာရှိကြသော သဲလုံးတို့က နည်းကြပါသေး၏။ ပရိနိဗ္ဗာန်ပြုသွားကြသော ဘုရားရှင်တို့ကား … Continue reading
သက်ရှည်ကျန်းမာ လေးဂါထာ
သက်တော်ရှည်စံကင်းဆရာတော်၏ သက်ရှည်ကျန်းမာ လေးဂါထာ ပထမ – အဋ္ဌာန မေတံ ဘိက္ခဝေ အန၀ကာသော ယံ ပရူပက္ကမေန တထာဂတံ ဇီဝိတာ ဝေါရောပေယျ။ အနုပက္ကမေန ဘိက္ခဝေ တထာဂတာ ပရိနိဗ္ဗာယန္တိ ဧတေန သစ္စ၀ဇ္ဇေန သောတ္ထိ မေ ဟောတု သဗ္ဗဒါ။ ရဟန်းတို့ သူတစ်ပါး၏ လုံ့လပယောဂဖြင့် ဘုရားရှင်တို့အား ဇီဝိတိနြေ္ဒမှ ချခြင်းမည်သည် မဖြစ်နိုင်။ (လုပ်ကြံသတ်ဖြတ်၍ ရခြင်းဟူသည် မဖြစ်နိုင်ဟု ဆိုလို) ရဟန်းတို့ ဘုရားရှင်တို့သည် သက်တမ်းအစဉ် အတိုင်းနေ၍ … Continue reading
သြကာသရှိခိုးခြင်း၏ အနက်အဓိပ္ပါယ်
သြကာသ၏ အဓိပ္ပါယ် သြကာသ သည် ကန်တော့ခွင့်ပြုဖို့ တောင်းပန်တာ။ အပါယ်လေးပါး သည် ငရဲ၊ = ဆင်းရဲခြင်းကင်းတယ်။ တိရစ္ဆာန်၊ = ကောင်းကင်ကိုကျောပေးသွားလာတတ်သော သတ္တ၀ါ ပြိတ္တာ၊ = အမြဲငတ်ပြတ်နေခြင်း။ အသူရကာယ် = ရဲရင့်ခြင်းကင်းတယ်။ ကပ်သုံးပါး ဒုဗ္ခိက္ခန္တရကပ် = ငတ်မွတ်ခေါင်းပါးခြင်းဘေး။ သတ္ထန္တရကပ် = လက်နက်ဘေး။ ရောဂန္တရကပ် = အနာရောဂါဘေး။ ရပ်ပြစ်ရှစ်ပါး ၁) ငရဲ၊ … Continue reading
ဗုဒ္ဓေါ နုဿတိဘာဝနာ
ဗုဒ္ဓေါ နုဿတိဘာဝနာ အရဟံ = လူနတ်ဗြဟ္မာ သတ္တ၀ါအားလုံးတို့၏ ပူဇော်အထူးကို ခံယူတော် မူထိုက်ပါပေ၏။ အရဟံ = ထောင့်ငါ့းရာ ကိလေသာ အကန့်အကွက်တို့ကို ပယ်ဖျက် သုတ်သင်တော်မူပါပေ၏။ အရဟံ = ဆိတ်ကွယ်ရာအရပ်၌သော်လည်း မကောင်းမှုကို ပြုတော်မမှုသော မြတ်စွာဘုရား။ ဖုဋ္ဌဿ လောကဓမ္မေဟိ၊ စိတ္တံ ယဿနကမ္ပတိ၊ အသောကံ ၀ိရဇံ ခေမံ။ (မင်္ဂလသုတ်ပရိတ် သုံးပုဒ်) လောကဓံတရားနှင့် ကြုံတွေ့ရတဲ့အခါ ရဟန္တာတို့ရဲ့စိတ်ဟာ တုန်လှုပ်ခြင်း မရှိဘူး။ သောကကင်းတယ်။ ကိလေသာဆိုတဲ့ … Continue reading
ဘုရားဂုဏ်တော် ဆယ်ပါး
ဘုရားဂုဏ်တော်ကိုးပါကို ဆယ်ပါး (ပါရာဇိကဏ်အဋ္ဌကထာ နှင့် ၀ိသုဒ္ဓိမဂ်အဋ္ဌကထာများတွင် ဘုရားဂုဏ်တော်ကို ဆယ်ပါးဖွင့်ပြသည်။ အရဟံ = လူနတ် ဗြဟ္မာသတ္တ၀ါအားလုံးတို့၏ ပူဇော်အထူးကို ခံယူတော်မူထိုက်ပါပေ၏။ သမ္မာသမ္ဗုဒ္ဓေါ = အလုံးတော်တရားတို့ကို ကိုယ်တိုင်မှန်စွာ သိမြင်တော်မူပါပေ၏။ ၀ိဇ္ဇာစရဏသမ္ပန္နော = အသိဉာဏ်ဝိဇ္ဇာ၊ အကျင့်စရဏ နှင့် ပြည့်စုံတော်မူပါပေ၏။ သုဂတော = ကောင်းသောစကားကို ဆိုတော်မူ တတ်ပါပေ၏။ လောက၀ိဒူ = သတ္တလောက၊ သြကာသလောက၊ သင်္ခါရလေက ဟု ဆိုအပ်သော လောကသုံးပါးကို သိမြင်တော်မူပါပေ၏။ အနုတ္တရော = … Continue reading