ဆရာတော်များ၏ ဆုံးမသြ၀ါဒများ

ခုကောင်းမှ နောင်ကောင်း

ဘာ့ကြောင့် ညာ့ကြောင့် အနှောင့်မတွယ်။

ကိုယ့်တွက် ကိုယ်ရေး ကြံတွေးပါကွယ်။

ခုဘ၀ကောင်းမှ နောင်ကောင်းကြမယ်။

နောင်ခါမှ နောင်တရတတ်တယ်။

(၀န်းသို၊ ခန္တီးဆရာတော် ဘုရားကြီး)

လူဖြစ်ကျိုး မနပ်

လူ့ဘ၀ရောက်လာပြီး သေကြသူများတွင် ဘုရား၊ တရား၊ သံဃာ ရတနာသုံးပါးတို့ကို ကိုးကွယ်ခွင့် မရဘဲ သေသူများသည် လူဖြစ်ကျိုး မနပ်ပေ။

ဒါန၊ သီလ၊ ဘာသနာတရားကို ပြုလုပ်ခွင့် မရသောသူများသည်လည်း လူဖြစ်ကျိုး မနပ်ပေ။

(မဟာစည် ဆရာတော် ဘုရားကြီး)

တုန်းလေးတုန်း

ကျင့်ပုံ ကျင့်နည်း ဘုရားဟော တရားတွေကလည်း အဆင်သင့်၊ နည်းပေးလမ်းပြလုပ်မယ့် သံဃာတော်တွေကလည်း အဆင့်သင့်၊ ဒီထက် ပြည့်စုံစရာ မရှိတော့ဘူး။

တို့ထဲက ဒကာ၊ ဒကာမတွေက ဘယ်တော့ ကျင့်ကြံမှာတုန်းဗျာ။

လူ့ဘ၀ရောက်တုန်း၊

သာသနာလည်း ပွင့်တုန်း၊

တရားပြပေးမယ့်သူ ရှိတုန်း၊

ကျန်းမာရေးလည်း ကောင်းတုန်း၊

ဒီတုန်းလေးတုန်းကို တိုင်ထောင်ပြီး အိမ်တစ်ဆောင်လောက် မဆောက်နိုင်ရင် ဘယ်လိုနေပြီး ဘယ်လိုသေကြမှာပါလိမ့်ဗျာ။

( မဟာဗောဓိမြိုင် ဆရာတော် ဘုရားကြီး)

တိုးတက်တယ်ဆိုတာ

တိုးတွက်ကြီးပွားနေကြတယ်ဆိုတဲ့ ပုဂ္ဂိုလ်တွေ၊ နိုင်ငံတွေကို ကြည့်လိုက်။ အားလုံးဟာ အင်မတန်စည်းကမ်းရှိကြလို့ချည်းပဲ။

ဒီတော့ တိုးတက်ကြီးပွားပြီး အထက်တန်းရောက်ချင်တယ်ဆိုရင် စည်းကမ်းကြပ်ကြပ် ရှိကြပါ။

(စစ်ကိုင်းတောင်ရိုး ရွှေဟင်္သာဆရာတော် ဘုရားကြီး)

ပုထုဇဉ်နှင့် ပြဿနာ

ပုထုဇဉ်တွေဆိုတော့ ဘာလိုသောမှ မပယ်ရသေးတဲ့အတွက် ပြဿနာ ဖြစ်နေတတ်တယ်။

(တိုက်အုပ်ဆရာတော်)

 

အထက်အောက် ကွာခြားချက်

ပြဿနာကို ဖန်တီးတဲ့သူဟာ သည်းခံစိတ်ပြည့်ဝသူတွေရဲ့ အောက်မှာပဲ ရှိတယ်။

(အညတြဘိက္ခု)

တရားကိန်းတယ်ဆိုတာ

စစ်မှန်တဲ့တရာဆိုတာ ရင်ထဲ နှလုံးသားထဲမှာသာ ကိန်းအောင်းရိုး ထုံးစံ ရှိတယ်။ နှုတ်ခမ်းဖျားပေါ်မှာ အမြဲတမ်း ရှိမနေပါဘူး။

(တောင်ဥက္ကလာပ ဆရာတော်)

ပါရမီ

ပါရမီဟူသည် မိမိအကျိုးအတွက် ငဲ့ကွက်လိုလားခြင်းမရှိဘဲ အများကောင်းကျိုးအတွက်လည်းကောင်း၊ သံသရာမှ လွတ်မြောက်ရေးအတွက်လည်းကောင်း ပြုအပ်သော ဒါနစသော ကောင်းမှုများပင် ဖြစ်သည်။

(သပြေကန်ဆရာတော် အရှင်ဝါသေဋ္ဌာဘိဝံသ)

မေတ္တာသုံးမျိုး

ငွေငတ်လျက် မေတ္တာငတ်သူ တစ်မျိုး၊

ငွေရှိလျက် မေတ္တာငတ်သူ တစ်မျိုး၊

မေတ္တာရလျက် ငွေငတ်သူ တစ်မျိုး။

(ရေပြာစမ်း ဆရာတော်)

 

This entry was posted in ဆုံးမသြ၀ါဒများ. Bookmark the permalink.

1 Response to ဆရာတော်များ၏ ဆုံးမသြ၀ါဒများ

  1. Ko Thant says:

    I like to public this blog.

Leave a comment